fbpx

This is digital planet.

AppleTech News

ဒေါ်လာ ၃၉၉ တန် iPhone SE2 ကို မိတ်ဆက်လာဖွယ်ရှိတဲ့ Apple

ဒီဇင်ဘာလ ၆ ရက် နေ့တုန်းက Port-less iPhone ထုတ်မယ်လို့ သတင်းထွက်လာသလို ၂၀၂၀ အတွက် ရေရေလည်လည် Hot နေတဲ့ iPhone SE2 က အခုချိန်မှာ တော်တော်လေး Information စုံနေပြီလို့ ပြောနိုင်ပါတယ်။

Apple အနေနဲ့လည်း ၂၀၁၆ တုန်းကလို Affordable iPhone ထုတ်ဦးမယ်လို့ ယူဆရပြီး အခု ပေါက်ကြားလာတာကတော့ ဒေါ်လာ ၃၉၉ တန် iPhone ပဲ ဖြစ်ပါတယ်။

ဒါကို ဂျပန် Blogger “Mac Otakara” က ထုတ်ပြောလိုက်တာဖြစ်ပြီး 4.7” အရွယ် Display နဲ့ ထွက်လာနိုင်ပါတယ်။ TouchID ခလုတ် ပါလာဦးမှာဖြစ်ပြီး Generation Upgrade အရ A13 Bionic Chip ၊ 3GB RAM နဲ့ 64GB Storage သုံးထားမှာ ဖြစ်ပါတယ်။

Otakara ကတော့ iPhone SE လို 3D Touch မပါလာနိုင်ဘူးလို့ သုံးသပ်ထားသလို iPhone (9 လို့) နာမည် ပေးထားပါတယ်။ ဒီနာမည်က ယုတ်တိမတန်သလို ဖြစ်နေပြီး ဘာဖုန်းကို မြင်ရမလဲလို့ Confuse ဖြစ်သွားစေပါတယ်။

iPhone SE

Image Credit: Arstechnica

Ming-Chi Kuo အဆိုရ Affordable iPhone SE မော်ဒယ်မှာတောင် OLED Panel နဲ့ ထွက်ရှိလာနိုင်ပြီး 5G နဲ့ Dual Camera သုံးလာနိုင်ပါတယ်။ Kuo အနေနဲ့လည်း 4.7” အရွယ် iPhone ထုတ်မယ်လို့ ပြောထားသလို အရောင်အနေနဲ့ Space Gray ၊ Silver နဲ့ အနီရောင် ၃ မျိုး ရှိမှာဖြစ်ပါတယ်။

iPhone SE ကို ၂၀၁၆ မတ်လမှာ မိတ်ဆက်သွားခဲ့တဲ့အတွက် iPhone SE2 ကို ၂၀၂၀ ပထမသုံးလပတ် (ဇန္နဝါရီ၊ ဖေဖော်ဝါရီနဲ့ မတ်) မှာ မြင်ရလာနိုင်ပါတယ်။

ဒီအချက်တွေထက် ဒေါ်လာ ၃၉၉ တန်ဖိုးက စိတ်ဝင်စားစရာ အကောင်းဆုံးဖြစ်နေပြီး A13 Bionic ၊ 4.7” Display ဆိုတာက သေးသေးကျစ်ကျစ်နဲ့ Powerful ဖြစ်လွန်းပါတယ်။ အနီးစပ်ဆုံး ပြောနိုင်တာကတော့ Google လို Affordable Pixel 3A လို တန်ဖိုးသင့် ဖုန်းအနေနဲ့ Apple ထုတ်လာဦးမယ်ဆိုတဲ့ မျှော်လင့်ချက်လေးက ပိုအရောင်သန်းလာပြီဆိုတာပဲ ဖြစ်ပါတယ်။

Source: MacRumours