fbpx

This is digital planet.

AppleTech News

iPhone X/XS တို့ကိုအိန္ဒိယ မှာ စတင်ထုတ်လုပ် ထုတ်လုပ်တော့မဲ့ Apple

Apple အနေနဲ့ iPhone ထုတ်လုပ်မှုတွေကို တရုတ်ကနေ အိန္ဒိယ ကို ထုတ်လုပ်ဖို့ကြိုးစားနေတာပဲဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ အရင်မော်ဒယ်တွေဖြစ်တဲ့ iPhone 6s၊ SE နဲ့ 7 တို့ကိုထုတ်လုပ်လျက်ရှိနေပြီး မကြာခင်မှာလဲ အခုနောက်ပိုင်းထွက်ရှိထားတဲ့ Flagship iPhone တွေကို ပြောင်းရွေ့ထုတ်လုပ်တော့မှာဖြစ်ပါတယ်။ အသစ်ထွက်ရှိတဲ့သတင်းတွေအရ Apple ရဲ့ iPhone ထုတ်လုပ်မှု တာဝန်ခံ Foxconn အနေနဲ့ အိန္ဒိယနိုင်ငံ Chennai မြို့မှာ model အသစ်တွေကို စမ်းသပ်ထုတ်လုပ်နေဖို့ စီစဉ်နေတယ်လို့သိရပါတယ်။

Image result for iphone x and xs
iPhone တွေကိုပြည်တွင်းမှာထုတ်လုပ်လာခဲ့မယ်ဆိုရင်တော့ Apple အနေနဲ့ အိန္ဒိယ ကိုတင်သွင်းခွင် အခွန်ပိုင်းကိုလျော့ချလာနိုင်ပြီး အိန္ဒိယ အစိုးရ အနေနဲ့ ပြည်တွင်းမှာ ရောင်းချမဲ့သူတွေအတွက် ၃၀% အမြတ်ရရှိဖို့တောင်းဆိုထားပါတယ်။ ဒါအပြင် Apple အနေနဲ့ကိုယ်ပိုင် အရောင်းစတိုးတွေကိုလည်း ဖွင့်လှစ်ခွင့်ရရှိမှာဖြစ်ပါတယ်။

Bloomberg ရဲ့အဆိုအရ Apple အနေနဲ့ မနှစ်က အိန္ဒိယမှာ Device အရေအတွက် ၁.၇ သန်းရောင်းချခဲ့ရပြီး ဈေးကွက်ပိုင်ဆိုင်မှု ၁ ရာခိုင်နှုန်း ရရှိခဲ့ပါတယ်။ ဒါဟာ Apple အတွက် ကမ္ဘာဒုတိယအကြီးဆုံးဈေးကွက်မှာ ရုန်းကန်နေရတာဖြစ်ပါတယ်။ လက်ရှိမှာတော့ အိန္ဒိယ ဈေးကွက်ကို ဦးဆောင်ထားတာကတော့ Xiaomi ဖြစ်ပြီး Apple အနေနဲ့ ပြည်တွင်းမှာပဲထုတ်လုပ်လာနိုင်မယ်ဆိုရင်တော့ ဈေးနှုန်းပိုင်းအနေနဲ့ပိုမိုဈေးသက်သာလာနိုင်ပြီး Lower-priced iPhone တွေအနေနဲ့ တရုတ်ဖုန်းတွေကိုကောင်းကောင်းကြီး ယှဉ်နိုင်တဲ့အနေအထားတစ်ခုဖြစ်လာမှာဖြစ်ပါတယ်။

တရုတ် – အမေရိကန် ကုန်သွယ်ရေးတိုက်ပွဲကြောင့် ထရပ်စ့်ရဲ့ ဖိအားပေးမှုတွေကို အတော်နားညည်းလာပုံရတဲ့ တင်ကွက်အနေနဲ့ iDevies တွေကို လုပ်အားခ သက်သာတဲ့ အိန္ဒိယဘက်ကိုရွေ့ပြောင်းမှာဖြစ်ပြီး Foxconn အနေနဲ့ အဆိုပါပြောင်းရွေ့ထုတ်လုပ်မှုအတွက် ဒေါ်လာ သန်း ၃၀၀ ရင်းနှီးမြုံနှံမယ်လို့သိရပါတယ်။

Ref: GSMArena