fbpx

This is digital planet.

AppleTech News

iPhone XR 2019 ရဲ့ပုံရိပ်များထွက်ရှိလာ

ပြီးခဲ့တဲ့ ၂၀၁၈ ခုနစ်က ထွက်ရှိခဲ့တဲ့ iPhone XR ရဲ့မျိုးဆက်သစ် iPhone XR 2019 ရဲ့ ပထမဆုံး 3D ပုံရိပ်များထွက်ပေါ်လာခဲ့ပါတယ်။ အခုထွက်ရှိလာတဲ့ ပုံတွေကိုမြင်ရသလောက် iPhone XR 2019 မှာ Model အသစ် နဲ့ အဟောင်း ကို 50:50 လောက် ပေါင်းစပ်ထားတာကိုမြင်တွေ့ရပါတယ်။

ပထမဆုံးပြောင်းလဲသွားတဲ့ အချက်အနေနဲ့ ကျောဘက် ကင်မရာ ဖြစ်ပြီး ၂ လုံးပါဝင်လာမှာဖြစ်ကာ ပုံမှ ပြထားတဲ့ အတိုင်း လေးထောင့်ပုံ ကင်မရာဖွဲ့စည်းပုံကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ကြည့်ရသလောက်ကတော့ မကြာသေးခင်က ထွက်ရှိလာခဲ့တဲ့ iPhone XI ရဲ့ Concept ပုံရိပ်တွေနဲ့ အတော်ဆင်တူနေပါတယ်။

ဒီဖုန်းမှာ ပါဝင်လာမဲ့ ကင်မရာပိုင်းနဲ့ ပက်သက်ပြီးတော့ အသေးစိတ်မသိရသေးပေးမဲ့ လက်ရှိ iPhone XS မှာ ပါဝင်တဲ့ Dual Camera တွေဖြစ်တဲ့ 12MP ကင်မရာ ၂ လုံးပါဝင်လာဖွယ်ရှိနေပါတယ်။

ရှေ့ဘက်မှာတော့ Notch ပါဝင်ပြီး Face ID ကိုလည်းထောက်ပံ့ပေးလာမှာဖြစ်ပါတယ်။ ဒါအပြင် သိပ်မသေချာတဲ့ သတင်းရင်းမြစ်တွေက သတင်းတွေ အရ iPhone XR 2019 မှာ Apple အနေနဲ့ USB-C port ကိုထည့်သွင်းပေးလာနိုင်ဖွယ်ရှိတယ်လို့သိရပြီး 18W charger လည်းပါဝင်မယ်လို့သိရပါတယ်။

Ref: GSMArena