This is digital planet.

Tech NewsXiaomi

January 3 ရက်နေ့မှာ မိတ်ဆက်မည့် Xiaomi Watch Color

Mi Brand နာမည်အနေနဲ့ ပထမဦး Mi Watch ကို November လမှာ မိတ်ဆက်ပေးပြီးတဲ့နောက် Xiaomi က Core Specs တွေ၊ စျေးနှုန်းတွေ မပါပဲ Mi Watch Color ကို တိတ်တဆိတ်ထုတ်ပြခဲ့ပါတယ်။ ဒီ Mi Watch Color ကို January 3 ရက်နေ့မှာ တရုတ်မှာရောင်းချမယ်လို့ မျှော်လင့်ရပါတယ်။

Xiaomi Watch Color quietly announced, coming January 3

Teaser ပုံတွေအရ Xiaomi Watch Color က Mi Watch Design နဲ့မတူတော့ပဲ အဝိုင်းပုံ Display ကို သုံးပေးထားပါတယ်။ 1.39-inch ကျယ်ဝန်းပြီး 454 x 454 pixel resolution ကို သုံထားတယ်လို့ ထင်ရပါတယ်။ အဆိုပါနာရီမှာ Heart rate sensor, accelerometer နဲ့  barometer တို့လို့ Fitness Tracking Features တွေတော်တော်များများပါဝင်နိုင်ပါတယ်။ နောက်ထပ် Teased ပုံအရတော့ Swim-proof (ရေဆိုခံ)လိမ့်မယ်လို့လဲ မျှော်လင့်ရပါတယ်။

ဒီ Mi Watch Color ရဲ့ အဓိက ရောင်းအား Point ကတော့ ရောင်စုံလက်ပတ်ပုံစံ တွေပဲဖြစ်ပါတယ်။ User တွေအနေနဲ့ ကိုယ့်နဲ့ လိုက်ဖက်တဲ့ Watch အရောင်ကို ရွေးချယ်ဝယ်ယူရမှာပဲဖြစ်ပါတယ်။ နာရီရဲ့အရောင်တွေအနေနဲ့ အများအပြား ထုတ်လုပ်ထားတယ်ဆိုတာကို Video ထဲမှာမြင်တွေ့ရပါတယ်။

Ref: GSMArena