fbpx

This is digital planet.

GoogleTech News

JerryRig ရဲ့ Pixel 4 XL bend test ဟာ မလှပခဲ့

JerryRigEverything Channel ရဲ့မင်းသားကြီးဖြစ်တဲ့ Zack က Camera ပိုင်းမှာ Hype ဖြစ်လွန်းတဲ့ Pixel 4 XL ကို အကြမ်းခံစမ်းသပ်ပြခဲ့ပါတယ်။ Pixel 4 XL ကို ခြစ်ရာများ အဆင့်ဆင့်နဲ့ စစ်ခဲ့ရာမှာတော့ စျေးကွက်ထဲက ဖုန်းတွေကဲ့သို့ အောင်မြင်မှုရခဲ့ပါတယ်။ Zack က အချို့သော Major Features တွေကို Durability test မှာ ကျော်ခဲ့လိုက်ပြီး Screen ကို မီးရှို့စမ်းသပ်ပြခဲ့ပါတယ်။

ကွေးညွန့်စမ်းသပ်မှုကို လုပ်တဲ့အခါမှာတော့ Pixel 4 XL က လွယ်လွယ်လေးနဲ့ ကွေးသွားခဲ့တာကိုတွေ့ရပါတယ်။ Zack က ဖုန်းကို ကျောဘက်ကနေ ဖိကွေးတုန်းက ဖုန်းက ခံနိုင်ရည်ရှိပြီး Display ဘက်မှာ ပြန်ကွေးတဲ့အခါ အပိုင်း ၂ ပိုင်းအဖြစ် Body frame ကနေ ကွေးသွားတာကိုတွေ့ရပါတယ်။ Zack ကတော့ ဒီလိုကွေးသွားစေတဲ့ အားနည်းချက်နေရာက Antenna Line ရှိတဲ့နေရာလို့ ပြောသွားပါတယ်။

ဖုန်းသုံးတဲ့သူတိုင်းက ဖုန်းတွေကို Zack စမ်းသပ်ပြသလို ဖျက်စီးနေမှာတော့မဟုတ်ပါဘူး။ ဒါပေမဲ့ Zack ကလည်း ဖုန်းတွေကို ဖျက်စီးပြတာထက် မိမိတို့ သုံးတဲ့ ဖုန်းတွေ ဘယ်လောက်အကြမ်းခံနိုင်လဲဆိုတာကို စမ်းသပ်ပြနေတာဖြစ်ပါတယ်။ ပြီးတော့ Video ထဲမှာ Google Pixel 4 XL ရဲ့ အပေါ်ဘောင် ထူတာနဲ့ ပက်သက်ပြီး ၂၀၁၇ ကို ပြန်သွားနေတယ်လို့ သူ့ရဲ့ Galaxy S8 နဲ့ ယှဥ်ပြီး လှောင်သွားခဲ့ပါသေးတယ်။

Ref: JerryRigEverything