fbpx

This is digital planet.

iQOOTech NewsVivo

June လမှာ India ကိုရောက်ရှိလာမယ့် Vivo ရဲ့ iQOO

Vivo ဟာ မကြာသေးမီကမှ Sub-brand ဖြစ်တဲ့ iQOO ကို ခွဲထုတ်ပြီး သူတို့ရဲ့ ပထမဆုံး Gaming Oriented Smartphone နဲ့အတူ Fan တွေရဲ့အသိအမှတ်ပြုမှုကို ရယူထားခဲ့တာဖြစ်ပါတယ်။ လက်ရှိချိန်မှာတော့ iQOO ကို တရုတ်ပြည်တွင်းမှာပဲ ရောင်းချနေတယ်ဆိုပေမယ့် မကြာခင်ကာလ 2019 ဒုတိယသုံးလပတ်အတွင်း India မှာ မိတ်ဆက်သွားဖို့ရှိနေပါသတဲ့။

91Mobiles ကနေ ထွက်ပေါ်လာတဲ့သတင်းအရ Vivo iQOO ဟာ ဒီနှစ် May သို့မဟုတ် June အတွင်း India မှာ တရားဝင်မိတ်ဆက်သွားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် iQOO Brand အောက်ကနေ ဒုတိယမြောက် Gaming Smartphone ကိုလည်း ဒီနှစ်အတွင်းထပ်ပြီး ထုတ်လုပ်သွားဖို့ ရှိနေပါတယ်။

အိန္ဒိယမှာရောင်းချလာနိုင်တဲ့ iQOO ရဲ့ဈေးနှုန်းတွေကတော့ Storage Model ပေါ်မူတည်ပြီး ရူပီး 30,000 (မြန်မာငွေ ၇သိန်းဝန်းကျင်) ကနေ ရူပီး 60,000 (မြန်မာငွေ ၁၃သိန်းခွဲ ဝန်းကျင်) အထိ ကျသင့်မှာပါ။ ဒီဈေးပမာဏမှာ iOQQ အနေနဲ့ India ရဲ့အချစ်တော် OnePlus ကို အဓိကယှဉ်ပြိုင်ရနိုင်ခြေ ရှိနေပါတယ်။ India ကို တရားဝင်ဖြန့်တော့မှာဆိုတော့ Global Version ဖြစ်ပြီမို့ စိတ်ဝင်စား၊ ဝယ်သုံးချင်သူတွေအနေနဲ့ မြန်မာပြည်ကို တရားဝင်ရောက်လာဖို့ ကြို ဆုတောင်းထားကြပါလေ။

Ref: GSMArena