fbpx

This is digital planet.

K NewsKARA

KARA အဖွဲ့ဝင်ဟောင်း Goo Hara ကွယ်လွန်သွားပြီဖြစ်

Goo Hara ဟာဆိုတော့ တောင်ကိုးရီးယား မိန်ကလေး အဖွဲ့ KARA မှ အဖွဲ့ဝင်ဟောင်း တဦးဖြစ်ပါတယ်။ လူကောင်သေးသေးလေးနဲ့ ချစ်စရာအမူရာလေးတွေ လုပ်တက်ပေမယ့်လည်း ရင့်ကျက်သူ အမျိုးသမီးတဦးပါ။

Seoulမြို့ Gangnamရဲဌာနမှ ပြောကြားချက်များအရ Goo Hara ကို ယနေ့ နိုဝင်ဘာလ ၂၄ရက်နေ့၊ တောင်ကိုးရီးယားစံတော်ချိန် ညနေ ၆နာရီလောက်က သူမရဲ့နေအိမ်မှာ သေဆုံးနေတာကို တွေ့ရှိခဲ့တာဖြစ်ကြောင်း သိရပါတယ်။

ရဲစုံစမ်းစစ်ဆေးမှုများလည်း စတင်နေပြီဖြစ်ပြီး ပရိတ်များကြားမှာလည်း အမျိုးမျိုး ခန့်မှန်းပြောဆိုမှုတွေရှိနေပါတယ်။

Goo Hara ဟာ KARAအဖွဲ့ နောက်ပိုင်းမှာလဲ တောင်ကိုးရီးယားမှာရော ဂျပန်မှာပါ solo artistအဖြစ် ရပ်တည်နေတဲ့သူလည်းဖြစ်ပါတယ်။

သူမမှာ relationship ပြသနာများရှိခဲ့ တယ်လို့ သတင်းရရှိပါတယ်။ နောက်ဆက်တွဲသတင်းများကိုလည်း ဆက်လက်ကြိုးစားတင်ပြပေးသွားပါမယ်။

source: soompi