fbpx

This is digital planet.

HuaweiTech News

Kirin 710 Chipset နဲ့ 32MP Front-facing camera ပါဝင်လာမည် Nova 4e

ပြီးခဲ့တဲ့နှစ်က Huawei အနေနဲ့ P20 series ကိုမိတ်ဆက်ရာမှာ P20, P20 Pro flagship ဖုန်းအပြင် P20 Lite ဖုန်းကိုပါမိတ်ဆက်ပေးခဲ့ပါတယ်။ P20 Lite ကတော့ Mid-range ဖြစ်ပြီး တရုတ်ဈေးကွက်မှာတော့ Nova 3e ဆိုပြီး မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် Huawei အနေနဲ့ ဒီနှစ်မှာလဲ P30 series မှာပါဝင်တဲ့ P30 Lite ကို Nova 4e ဆိုတဲ့နာမည်နဲ့မိတ်ဆက်ပေးလာမှာဖြစ်ပါတယ်။

မကြာသေးခင်ကထွက်ပေါ်လာခဲ့တဲ့ Huawei Nova 4e ရဲ့ Video teaser ပုံရိပ်တွေမှာတော့ 32MP Stereo beauty front-facing camera ပါဝင်လာတာကိုမြင်တွေ့ခံရပြီး Water-drop notch display လည်းပါဝင်လာမှာဖြစ်ပါတယ်။ ဒီ Teaser တွေမှာတော့ ဖုန်းရဲ့ဒီဇိုင်းကိုအပြည့်အစုံတော့မြင်တွေ့ရခြင်းမရှိခဲ့ပါတယ်။ သို့သော်လည်း ယခုထွက်ရှိလာမဲ့ Nova 4e အနေနဲ့အရင် Nova series စမတ်ဖုန်းတွေထက် ဒီဇိုင်းပိုင်းအရ ပိုမိုဆွဲဆောင်မှုရှိလာလိမ့်မယ်လို့လည်းမျှော်လင့်ရပါတယ်။

Related image

Nova 4e (www.tenaa.com.cn)

TENAA မှာမြင်တွေ့ခဲ့ရတဲ့ Nova 4e ရဲ့ Model number ကတော့ MAR-AL00 နဲ့ MAR-TL00 တို့ဖြစ်ကြပါတယ်။ ဒါအပြင် ဖုန်းရဲ့ဒီဇိုင်းကိုပါမြင်တွေ့ခဲ့ရပြီး Water-drop notch screen အပြင် ဖုန်းရဲ့ Spec တချို့ကိုပါမြင်တွေ့ခဲ့ရပါတယ်။

Nova 4e မှာတော့ 6.15-inch display ကို Full HD+ resolution နဲ့ထောက်ပံ့ပေးထားမှာဖြစ်ပြီး ကျောဘက်မှာတော့ ကင်မရာ ၃ လုံးနဲ့ Fingerprint scanner လည်းထည့်သွင်းပေးထားမှာဖြစ်ပါတယ်။ ဘက်ထရီ 3240 mAh ပါဝင်မှာဖြစ်ကာ Kirin 710 chipset ကိုအသုံးပြုလာဖွယ်ရှိနေပြီး ဈေးနှုန်းအနေနဲ့ ယွမ် ၂၀၀၀ (ဒေါ်လာ ၂၉၈/မြန်မာငွေ ၄ သိန်းခွဲဝန်းကျင်) လောက်နဲ့ထွက်ရှိလာနိုင်ဖွယ်ရှိပါတယ်။

Huawei Nova 4e ကိုတော့ မတ်လကုန်လောက်မှာဝယ်ယူရရှိနိုင်ဖွယ်ရှိနေပါတယ်။ Huawei အနေနဲ့ P30 နဲ့ P30 Pro flagship ဖုန်းတွေကိုတော့ မတ်လ ၂၆ ရက်နေ့ ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ တရားဝင်မိတ်ဆက်ပေးတော့မှာဖြစ်ပါတယ်။

Ref: Gizmochina