fbpx

This is digital planet.

AsusTech News

‘Laptop of Tomorrow’ ဟု သတမှ်တ်ထာြး ခာ်း ရံသေထ ZenBook Pro Duo နှခှင့် Zenbook Duo တ့ကို ASUS မှ်တုေ်ဖထ်မတိတက်

“အနာဂါတ်ရဲ့ Laptop တစ်လုံး (The Laptop of Tomorrow)” ဟု အမည်ပေးထားသော ZenBook Pro Duo နှင့် ZenBook Duo တို့ကို ဖန်တီးသူများ နှင့် Creative Professional များအတွက် ရည်ရွယ်ထုတ်လုပ်ထားသည်။ ဤထူးခြားသော Laptop များတွင် Secondary Display များပါဝင်ပြီး Multitasking နှင့် creative production တို့ လုပ်ရာတွင် အထောက်အပံ့ဖြစ်စေရန် ဖြစ်သည်။ Event theme ကို ရရှိအောင် ကူညီပေးသည့်သူများမှာ နာမည်ကြီး influencer များဖြစ်ပြီး နည်းပညာ Reviewer TBH Labs – Aung Cham Myae ၊ Youtuber/Educator Blogger ဖြစ်သူ Dee Dee နှင့် Pencell Studio ၏ ဒါရိုက်တာဖြစ်သူ Nobel Aung တို့ ဖြစ်သည်။ အဆိုပါ ထင်ရှားသူများမှ ASUS Laptop အသစ်များကို အသုံးပြုခြင်းအားဖြင့် ၎င်းတို့၏ သက်ဆိုင်ရာနယ်ပယ်များ၌ မည်ကဲ့သို့ Productivity တက်ခဲ့ပုံများနှင့် ကိုယ်ပိုင် user experience များကို မျှဝေခဲ့သည်။

ZenBook Pro Duo and ZenBook Duo

ASUS ZenBook Pro Duo (UX581) တွင် 15.6-inch Touch Display ပါဝင်ပြီး ZenBook Duo (UX481) တွင်မူ14-inch Display ပါဝင်သည်။ Laptop နှစ်လုံးစလုံးသည် Ultraportable Laptop များဖြစ်ကြပြီး ASUS ScreenPad Plus လည်းပါဝင်သည်။ ScreenPad Plus သည် secondary Touchscreen တစ်ခုဖြစ်ကာ မူလ ScreenPad စွမ်းဆောင်ရည်ထက် ပိုမိုစွမ်းဆောင်နိုင်သည်။ ထို့အပြင် Content Creator များအတွက် Multitasking နှင့် Productivity တို့ကို တိုးတက်စေသည်။

Laptop Model နှစ်ခုလုံးတွင် ASUS NumberPad Dual-Function Touchpad ပါဝင်ပြီး Wi-Fi 6 (802.11ax) Technology ပါဝင်သည့် ကမ္ဘာ့ပထမဦးဆုံးသော Laptop များ ဖြစ်လာခဲ့သည်။

ZenBook Pro Duo (UX581) Features: Creator များ နှင့် designer များအတွက် အကောင်းဆုံး Laptop ဖြစ်စေရန် ရည်ရွယ်ထုတ်လုပ်ထားသော ZenBook Pro Duo (UX581) တွင် 15.6-inch 4K (3840 x 2160)၊ Pantone validated၊ VESA DisplayHDR True Black 500 Certified OLED Touch screen ပါဝင်ပြီး အဆုံးစွန်အထိ ကောင်းမွန်သော စွမ်းဆောင်ရည်ကို ရရှိစေရန် up to 9th Generation Intel Core Processors၊ up to 32GB RAM နှင့် NVidia GeForce RTX 2060 Graphics engine တို့ကို တပ်ဆင်ပေးထားသည်။ Business Multitasking နှင့် ပိုသင့်တော်သော ZenBook Duo တွင် 10th Gen Intel Core i7 ပါဝင်ပြီး 14-inch FHD (1980 x 1080) Pantone Validated IPS LCD (non-Touch) Display လည်း ပါဝင်သေးသည်။ ZenBook Duo သည် 10th Generation Intel Core i7 CPU နှင့် Nvidia MX250 Graphics engine တို့ကို တွဲဖက်တပ်ဆင်ပေးထားသည့် ကမ္ဘာ့ပထမဆုံး Laptop များထဲ တစ်ခုအပါအဝင် ဖြစ်ခဲ့သည်။

ZenBook Duo with 10th Gen Intel Core i7: ပိုမိုပေါ့ပါးသော ZenBook Duo (UX481) သည် business Multitasking နှင့် သင့်တော်ပြီး 14-inch FHD (1980 x 1080) Pantone Validated IPS LCD (non-Touch) Display ပါဝင်သည်။ ZenBook Duo သည် 10th Generation Intel Core i7 CPU နှင့် Nvidia MX250 Graphics Engine တို့ကို တွဲဖက်တပ်ဆင်ပေးထားသည့် ကမ္ဘာ့ပထမဆုံး Laptop များထဲ တစ်ခုအပါအဝင် ဖြစ်ခဲ့သည်။

ကမ္ဘာ့အသေးသွယ်ဆုံးသော Laptop များ: ZenBook 14/ ZenBook 15

ပွဲ၌ အမျိုးမျိုးသော ZenBook series အသစ်များကို Display size များအလိုက် အောက်ပါအတိုင်း မိတ်ဆက်ပေးခဲ့သည်။
• The 14-inch Display ZenBook UX434
• The 15-inch ZenBook UX534

လွန်စွာပေါ့းပါး၍ သယ်ရပြုရလွယ်ကူသော ZenBook Model များတွင် NanoEdge များပါဝင်သဖြင့် screen-to-body ratio မှာ ၉၅% ရှိလာကာ ကိုယ်ထည်နေရာအနည်းဆုံးတွင် အကြီးမားဆုံးသော screen area ကို ဖြစ်စေခဲ့သည်။

ScreenPad 2.0 – ASUS သည် ScreenPad 2.0 Display Touchpad ကို မိတ်ဆက်ပေးခဲ့ပြီး အဆိုပါ 5.65-inch Touchscreen တွင် feature အသစ်များ များစွာ ပါဝင်ခဲ့ပြီး လုပ်ငန်းလုပ်ကိုင်ရာတွင် ချောမွေ့စေရန် နှင့် Productivity တိုးတက်စေရန် ရည်ရွယ်သည်။ Quick Key feature သည် keyboard sequences များကို တစ်ချက်ထိရုံဖြင့် အလိုအလျောက် ဖြစ်စေခဲ့သည်။ Handwriting feature မှာ သဘာဝအတိုင်း Text Input ပြုလုပ်ရန် နှင့် Number Key မှာ မူ data entry အတွက် ဖြစ်သည်။ စမတ်ဖုန်းနှင့်ဆင်တူသော မျက်နှာပြင်သည် ပိုမိုအသုံးပြုရလွယ်ကူလာခဲ့ပြီး Third Party developer များသည်လည်း ASUS API ကိုအသုံးပြုကာ ScreenPad 2.0 အတွက် Software များကို ပြုလုပ်နိုင်မည်။ hardware သည်လည်း ၎င်း၏ ရှေ့ က ScreenPad ထက် စွမ်းအားအသုံးပြုမှုလျော့နည်းလာပြီး ScreenPad 2.0 ကို အသုံးပြုနေစဉ်တွင် ဘက်ထရီသက်တမ်းကို နှစ်ဆခွဲပိုခံနိုင်ရည်ရှိသည်အထိ တိုးတက်လာခဲ့သည်။

The Brand New VivoBook: S14 and S15 တို့၏ ထင်ရှားသော အရောင်များ

အသစ်ထွက်ရှိလာသော ASUS VivoBook များဖြစ်ကြည့်သည့် S14 နှင့် S15 ကိုလည်း ပွဲ၌ မိတ်ဆက်ပေးခဲ့သည်။ VivoBook S series အသစ်သည် ငယ်ရွယ်သူများ အသုံးပြုစေရန်အတွက် အဓိကရည်ရွယ်ပြီး မဂ္ဂနီဆီယမ်အလွိုင်း ကျောဖုံးတွင် logo အသစ်နှင့်အတူ အသွင်သစ်ကို ဖြစ်စေခဲ့သည်။ ဤ VivoBook series သည် အသုံးပြုသူများအနေဖြင့် မိမိတို့၏ ကိုယ်ရည်ကိုယ်သွေးကို ဖော်ထုတ်ပြရန် ရည်ရွယ်၍ တောက်ပသော အရောင်သစ်များဖြင့် ထွက်ပေါ်လာသည်။ Moss Green၊ Punk Pink၊ Cobalt Blue၊ Transparent Silver နှင့် Gun Metal ဟူ၍ အသီးသီး ရှိကြကုန်သည်။

ထို့အပြင် ဤ Laptop အသစ်များတွင် ဘောင်မဲ့ four-sided “NanoEdge” ပါဝင်ပြီး ပိုမိုကျယ်ပြန့်သော မြင်ကွင်းအတွက် 88% screen to body ratio ကို ရရှိစေခဲ့သည်။ ထို့အပြင် 178° viewing angles နှင့် ASUS Tru2Life Technology တို့ကြောင့်လည်း လက်တွေ့ကျသော မြင်ကွင်းများကို မြင်ရခဲ့သည်။

New AMD Ryzen-Powered ZenBook (UM431) and VivoBook (A412/512 & M409/509)

နောက်ဆုံးအနေဖြင့် မိတ်ဆက်ပေးချင်သည့် Laptop များမှာ ZenBook(UM431) နှင့် VivoBook (A412/512 & M409/509) တို့ဖြစ်ပြီး ၎င်းတို့မှာ AMD CPU ထည့်သွင်းပေးထားသော ပထမဆုံး ZenBook နှင့် VivoBook တို့ ဖြစ်သည်။ ဤ ZenBook နှင့် VivoBook တို့တွင် NanoEdge မျက်နှာပြင် ပါဝင်ပြီး ပိုမိုကျယ်ပြန့်ကောင်းမွန်သော မြင်ကွင်းကို ကိုယ်ထည်အသေးတွင် ကြည့်ရှုနိုင်စေရန် ရည်ရွယ်သည်။ ထို့ကြောင့် AMD Ryzen Processor တပ်ဆင်ထားသော Model များသည် သင့်တင့်သောဈေးနှုန်းဖြင့် စွမ်းဆောင်ရည်အမြင့်စား Laptop များကို အသုံးပြုချင်သူများအတွက် သင့်တော်သည်။

Image result for asus rog phone 2"

ROG Phone II : ကမ္ဘာ့စွမ်းအားအထက်ဆုံး Gaming Phone တစ်လုံး

ပွဲ၌ ASUS Republic of Gamers (ROG) ROG Phone II ကို မိတ်ဆက်ပေးခဲ့သေးသည်။ ROG Phone II သည် ပထမမျိုးဆက် ROG Phone ပေါ်တွင် အခြေခံထားပြီး Qualcomm Snapdragon 855 Plus Mobile Platform (clocked at up tp 2.96 GHz) ပထမဦးဆုံးပါဝင်သော ဖုန်းတစ်လုံးဖြစ်လာခဲ့သည်။ Graphics အနေဖြင့် new Adreno 640 GPU running at up to 675MHz ပါဝင်ပြီး အဆင့်မြှင့်တင်ထားသော GameCool II 3D vapor-chamber cooling system ကလည်း စွမ်းဆောင်ရည်ကို ပိုမိုရရှိစေရန် ကူညီပေးသည်။ ROG Phone II တွင် ကမ္ဘာ့ပထမဆုံးသော 120Hz/1ms AMOLED 10-bit HDR 6.59-inch Display ပါဝင်ပြီး world-beating Delta-E <1 color accuracy နှင့် ပြိုင်ဘက်မရှိသော Touch Response ကို ထူးခြားသော မြင်ကွင်းခံစားမှုနှင့်အတူ ရရှိနိုင်သည်။ အဆက်မပြတ်သုံးစွဲမှုများအတွက် 6000mAh battery ကို ထည့်သွင်းပေးထားပြီး ဘေးမှာ အားသွင်းရသော side-Charging Design ဖြစ်သည်။ လုံခြုံပြီး မြန်ဆန်သော အားသွင်းမှုအတွက် 30W ROG HyperCharge Power Adapter ကိုလည်း ထည့်သွင်းပေးထားသည်။

ROG Phone II တွင် Air Trigger II Ultrasonic Sensors များလည်း ပါဝင်သည့်အပြင် Dual Surrounding Vibration Technology နှင့် စွမ်းအားမြင့် Front-facing Stereo Speakers တို့ ပါဝင်သည်။ ထို့အပြင် ROG Phone II နှင့် သက်ဆိုင်သော Brand-new Accessories များဖြစ်သည့် Dual-screen Gaming အတွက် TwinView Dock II၊ console gaming အတွေ့အကြုံအတွက် ROG Kunai Gamepad တို့ကိုလည်း ဝယ်ယူရရှိနိုင်မည်။
ဤ feature များအားလုံးသည် ROG Phone II ကို ကမ္ဘာ့စွမ်းအားအကြီးဆုံး Android gaming smartphone တစ်ခု အဖြစ်သာမက မြန်မာပြည်တွင် ပြန်လည်ရောင်းချသော ပထမဦးဆုံး ASUS smartphone လည်း ဖြစ်လာသည်။

AVAILABILITY & PRICING

သတင်းအချက်အလက်အသေးစိတ်အတွက် သက်ဆိုင်ရာ ဒေသတွင်း ASUS ကိုယ်စားလှယ်ကို ဆက်သွယ်နိုင်သည်။ PRODUCTများအားလုံးကို ASUS Partner များ၏ လက်လီအရောင်းဆိုင်များတွင် မြန်မာနိုင်ငံနေရာအနှံ့ ဝယ်ယူရရှိနိုင်သည်။

* Specifications, content နှင့် PRODUCTရရှိနိုင်မှုသည် အသိပေးအကြောင်းကြားခြင်းမရှိဘဲ ပြောင်းလဲနိုင်ပြီး တစ်နိုင်ငံနှင့် တစ်နိုင်ငံကြား ကွာခြားမှုရှိသည်။ အမှန်တကယ် စွမ်းဆောင်ရည်မှာ အသုံးပြုပုံ၊ applicationများ၊ ပတ်ဝန်းကျင်နှင့် အခြားသော အကြောင်းအရာများပေါ် မူတည်၍ ပြောင်းလဲမှု ရှိနိုင်သည်။ Full specifications ကို http://www.asus.com အတိုင်း ဝင်ရောက်ကြည့်ရှုနိုင်သည်။