fbpx

This is digital planet.

AppleTech News

10.8″ အရွယ် iPad နဲ့အတူ 9″ iPad Mini ထုတ်ဖို့ ပြင်ဆင်နေတဲ့ Apple

Apple အတွက် 2020 ဟာ အခွင့်သာတဲ့နှစ်လို့ ဆိုနိုင်သလို လောလောလတ်လတ် ရောင်းချနေတဲ့ iPhone SE (2020) ဟာ XR ၊ 11 တို့ထက် ပိုပြီးတော့တောင် ရေပန်းစားနေတယ်လို့ သိရပါတယ်။

အစောပိုင်း သတင်းတွေမှာ Clock Frequency လျှော့ထားတယ်လို့ သိခဲ့ရပေမယ့် ဝယ်လိုအားနဲ့ အချိုးချလိုက်တဲ့အခါ စိတ်ဝင်စားမှု နည်းသွားတယ် ထင်ပါတယ်။

2020 Apple Products

ဒီလိုပဲ ပြောစမှတ်တွင်နေတဲ့ Butterfly Keyboard ဖြုတ်ပစ်လိုက်ပြီး အရင်ဦးစွာ မိတ်ဆက်ခဲ့တဲ့ MacBook Air (2020) မှာ Heat Issue ရှိပေမယ့် ပိုမြန်တဲ့ 10th Gen Processor ၊ Magic Key တို့ကြောင့် အခြေနေ ကောင်းနေပါတယ်။

အလားတူ MacBook Pro 13 ကြေညာပြန်တော့ လိုအပ်တာ ပြည့်စုံသွားတဲ့ အနေထား ဖြစ်လာတဲ့အတွက် အများစု Recommend ပေးတာ သတိထားမိပါတယ်။

အခုလို အခက်လက် စုံနေချိန် တစ်နည်း 2020 အတွက် ပန်းသီးထုတ်ကုန်တွေ ဝေဝေဆာဆာ ဖြစ်နေတာကိုမှ စိတ်ဝင်စားစရာ သတင်းတစ်ခုကို ကျွမ်းကျင်သူ Ming-chi Kuo လုပ်ချ ပစ်လိုက်ပါတယ်။

Buy iPad Pro - Apple

iPad Pro Photo from Apple

iPad with Larger Screens

ဒါကို ဖောက်သည်ချသူက MacRumors ဖြစ်ပြီး Investor Note ကနေ နှိုက်လာတဲ့ သတင်းဖြစ်တယ်လို့ ဆိုထားပါတယ်။

Kuo အဆိုရ 10.8” အရွယ် iPad နဲ့ 9” အရွယ် iPad Mini မြင်ရဖွယ်ရှိတယ်လို့ ဆိုလိုက်ပြီး 10.8” မော်ဒယ်ကို 2020 နှစ်လယ်ပိုင်း (သို့) နှစ်မကုန်ခင် ချပြလာမယ်လို့ ခန့်မှန်းထားပါတယ်။

ဒီတစ်ခါ Speculate လုပ်ထားတဲ့ အဓိက Point က Screen Size ဖြစ်ပြီး ရှိရင်းစွဲထက် ပိုကြီးလာတယ်၊ အထူးသဖြင့် Mini မှာ 9” (သို့) 8.5” Size ရှိလာမယ်ဆိုတဲ့ အချက်က ပန်းသီးပရိသတ်အတွက် အားရစရာ ဖြစ်စေသလို Affordable Price နဲ့ 2021 မှာ မြင်ရမယ်လို့ တွက်ထားပါတယ်။

သို့ပေမယ့် ဇဝေဇဝါ ဖြစ်နေတဲ့အချက်က 10.8” ကို Replace လုပ်မလား ဒါမှမဟုတ် ဘယ်မှာ သွားထိုင်မလဲ? ဘာလို့လဲဆို တန်ဖိုးသင့် မော်ဒယ်က $329 တန်ကြေးရှိပြီး 10.2” Screen နဲ့ ရနိုင်တယ်၊ အလားတူ Air ကလည်း 10.5” Display ပိုင်ဆိုင်ထားပြီး $499 နဲ့ ရောင်းချနေတယ်။

with Affordable Price

ဒီတော့ Screen Size အရွယ်စား အကြီးဆုံး ဖြစ်လာတဲ့ 10.8” ဟာ ကိုးလိုးကန့်လန့် ဖြစ်နေမယ် အကယ်လို့ ရှိပြီးသား မော်ဒယ်တွေကို Replace မလုပ်ဘူးဆိုရင်ပေါ့။ ဒါပေမယ့် Apple တာဝန်ဖြစ်တဲ့အတွက် Affordable Price နဲ့ အဆင်ပြေအောင် လုပ်ပေးရင်သာ အိုကေမှာပါ။

Along with AR Glasses

iPad Mini ကတော့ ရှင်းပါတယ်၊ Screen Size ပိုကြီးလာရင် ပိုမိုက်သွားမှာ ဖြစ်သလို Kuo အဆိုရ iPad တွေနဲ့အတူ ချပြလာနိုင်တာ AR Glasses ပါ။ ဒီသတင်းက ဟိုးလေးတကျော်ကျော် ဖြစ်နှင့်ပြီးသားလို့ ပြောနိုင်သလို Apple လုပ်နေတာ လူတိုင်းသိပါ။

ဘယ်ချိန်မှာ မိတ်ဆက်လာမလဲကိုပဲ စောင့်နေကြသလို Kuo အဆိုရ 2022 မှာ မြင်ရနိုင်ချေရှိပါတယ်။ Kuo အနေနဲ့ ဘယ်အချက်လက်ကို ကြည့်ပြီး သုံးသပ်လည်း မသိရပေမယ့် အတည်ပြုထားချက်က NextVR ကုမ္ပဏီကို Apple ဝယ်ယူလိုက်တယ်ဆိုတဲ့ သတင်းပါ။

စာဖတ်သူတွေရော ဘယ်လိုမြင်လဲ?