fbpx

This is digital planet.

LenovoTech News

Lenovo တော့ ခေါင်းပေါက်ပြီ

Zawgyi





Source

Unicode

Display ရဲ့အပေါ်ပိုင်းတည့်တည့် မှာ on-screen ကင်မရာကိုတပ်ဆင်ထားတဲ့ Lenovo Z5S ရဲ့ Leak image နဲ့ official poster များထွက်ရှိလာ

မနေ့က အစောပိုင်းမှာတော့ Lenovo ရဲ့နောက်ထွက်ရှိလာမဲ့ Z5s ရဲ့ Leak image နဲ့ တရားဝင်ပိုစတာတို့ထွက်ရှိလာခဲ့ပါတယ်။ အဆိုပါ Lenovo Z5s မှာတော့ Samsung Galaxy A8s နဲ့ Huawei Nova 4/Nova 3s တို့ရဲ့ Display နဲ့ဆင်တူတဲ့ Display ကိုမြင်တွေ့ခဲ့ရပါတယ်။

ပုံမှာတော့ Lenovo Z5s ရဲ့ Display အပေါ်ပိုင်းတည့်တည့်နားလောက်မှာသေးငယ်တဲ့ အပေါက်လေး တစ်ခုပါဝင်ကာ ရှေ့ကင်မရာကိုထည့်သွင်းပေးထားပါတယ်။ ဖုန်းရဲ့အောက်ဖက်မှာတော့ ဘောင်အနည်းငယ်ထူပြီး အပေါ်ဘက် ဘောင်ကတော့ တော်တော်ပါးလွှာပါတယ်။

နောက်တစ်ခုအနေနဲ့ Lenovo မှနောက်ထပ် တရားဝင်ပိုစတာတစ်ခုကိုလည်း ဒီဖုန်းအတွက် ထုတ်ဖော်ပြသပေးခဲ့ပြီး နောက်လ လောက်မှာမိတ်ဆက်ပေးဖွယ်ရှိပါတယ်။ အဆိုပါ Lenovo Z5s ဟာဆိုရင် Lenovo ရဲ့ပထမဆုံး ကျောဘက် ကင်မရာ ၃ လုံး ပါဝင်တဲ့ ဖုန်းဖြစ်လာဖွယ်ရှိပြီး Snapdragon 8153 ဒါမှမဟုတ် Snapdragon 675 ကိုအသုံးပြုလာဖွယ်ရှိကာ ဘက်ထရီ 3210 mAh နဲ့ fingerprint scanner ကိုကျောဘက်မှာပဲတပ်ဆင်ထားမယ်လို့လည်းသိရပါတယ်။ နာက်ထပ်အသေးစိတ်အချက်အလက်တွေကိုတော့ TENAA မှာမကြာခင်ထွက်ရှိလာမယ်လို့လည်း မျှော်လင့်ရပါတယ်။

Source