This is digital planet.

LenovoTech News

Lenovo Legion Duel ဂိမ်းမင်းဖုန်းမှာ ပါဝင်လာတဲ့ အားသာချက်များ

ထွက်မယ် တကဲကဲ ဖြစ်နေတဲ့ Legion Duel စမတ်ဖုန်းကို Competitor ကြီး Black Shark 3 အစား ROG Phone 3 နဲ့အတူ ကျွန်တော်တို့ မြင်တွေ့ခဲ့ရပါပြီ။

မေးစရာ အဖြစ်ကျန်ရစ်နေခဲ့တာ ROG ဖုန်းဟာ ပိုပြီးတော့ Premium နွယ်တဲ့ဖက် ဦးစားပေးထားပေမယ့် 2020 ဂိမ်းမင်းဖုန်းတွေထဲမှာ Competing Price ဖြစ်မနေခဲ့တာ အားနည်းချက် ဆိုရမှာပါ။

ROG Phone 2 ရောင်းစျေးနဲ့ မကွာသလို Price-to-performance ခေါင်းစဥ်အောက်မှာ ဝေခွဲမရ ဖြစ်နေစေပမယ့် တန်ဖိုးကြီးတာလည်း မကိုင်ချင် ၊ ဂိမ်းကလည်း ဆော့ချင် အဲ့လိုဂိမ်းဆော့တာကိုမှ Refresh Rate မြင့်မြင့်နဲ့ဆွဲဖို့ ကြံရွယ်နေသူတွေ ရွေးချယ်စရာ Legion Duel အပြင် မော်ဒယ် ၂ မျိုး ရှိနေမှာပါ။

Era of Gaming Smartphone

ချွင်းချက်အနေနဲ့ ဖော်ပြလိုတာ ROG Phone 3 မှာ ပိုမိုစျေးသက်သာတဲ့ Strix Edtion မိတ်ဆက်ထားပေမယ့် ဒိပြင်ဂိမ်းမင်းဖုန်းတွေနဲ့ ယှဥ်ရင် ခနိုးခနှောင့် ဖြစ်နေပါတယ်။ တကယ်လို့ Tescent Edition ထွက်မယ်ဆိုရင် တမျိုးပေါ့။

Legion Duel ဟာ ပထမဆုံး Snapdragon 865+ Processor အသုံးပြုလာမယ့် စမတ်ဖုန်းအဖြစ် တာဆူခဲ့ပေမယ့် ROG Phone 3 နဲ့ မရှေ့မနှောင်း မိတ်ဆက်ပေးခဲ့တာကြောင့် Draw ဖြစ်ခဲ့သွားတယ်လို့ အရင်ပြောရမှာပါ။

Lenovo Legion Duel

Image: GSMArena

တရုတ်မှာတော့ Legion Pro လို့ ခေါ်ဝေါ်သလို Specification Highlight တွေအရ Legion ဂိမ်းမင်းဖုန်းမှာ 144Hz Refresh Rate ၊ Pop-up Selfie Camera တို့ Innovative Feature အနေနဲ့ ပါဝင်လာမှာပါ။

Lenovo အဆိုရ Legion ဖုန်းရဲ့ Selfie Camera ဟာ Landscape Mode ထောက်ပံ့တဲ့အတွက် Live Commentary Capture အတွက် အသုံးပြုနိုင်မှာပါ။ အဆိုပါ Selfie Cam ကို Side-mounted အနေနဲ့ စမတ်ဖုန်းမှာ တပ်ဆင်ထားမှာဖြစ်ပြီး 20MP Lens ပါဝင်မှာ ဖြစ်ပါတယ်။

Lenovo Legion Duel

Image: GSMArena

Side-mounted Pop-up Cam

144Hz Refresh Rate နဲ့ ပတ်သက်လို့ Legion မှာ 6.65” AMOLED Display သုံးထားမှာဖြစ်ပြီး 240Hz Touch Sampling ထောက်ပံ့ထားတယ်လို့ သိရပါတယ်။ ဒီနေရာမှာ Black Shark 3 နဲ့ ROG Phone 3 တို့နဲ့ သွေဖီသွားတဲ့ အချက်က 270Hz Sampling Rate ပါ။

သို့ပေမယ့် Black Shark မှာ နှစ်မျိုးကွဲနေသလို Pro မှာ 7.1” QHD+ (1,400 x 3,120p) ၊ 3 မှာ 6.67” (1,080 x 2,400p) Resolution တို့နဲ့ Run ထားပြီး 90Hz သာ အမြင့်ဆုံး Refresh Rate နဲ့ သွားပါတယ်။

ပြောချင်တာ Full HD+ Category (1,080 x 2,400) မှာ Legion ၊ Black Shark 3 နဲ့ ROG Phone 3 တို့ သုံးထားတာချင်းအတူတူ ROG ဖုန်းက Panel ပိုင်း ပိုကောင်းတယ်လို့ ဆိုနိုင်ပါတယ်။

Lenovo Legion Duel

Image: Lenovo

AMOLED Panel Highlight အနေနဲ့ HDR10+ Support အပြင် Optical Fingerprint Sensor သုံးပေးထားပြီး Audio ပိုင်းအတွက် Dual Front Facing Speakers နဲ့ အားဖြည့်ထားပါတယ်။

Legion Duel

ဒါ့အပြင် 144Hz ဂိမ်းမင်းဖုန်းအတွက် Developer အင်အား အလုံလောက်နဲ့ ဂိမ်းအမျိုးအစားပေါင်း ၁၃၀ ကျော်ကို အပြည့်ဝ အသုံးချစေနိုင်ဖို့ ပံ့ပိုးထားတယ်လို့လည်း ကြေညာထားပါတယ်။

Thermal Control ပိုင်းကိုတော့ နည်းပညာသစ်ဖြစ်တဲ့ အပူစုပ်ပိုက်နှစ်ချောင်း ပါဝင်တဲ့ Advanced Cooling စနစ်ကို အသုံးပြုပေးထားပြီး Legion ဖုန်းမှာ U-Engine Dual X-axis Vibration Motor ပါဝင်မယ်လို့ သိရပါတယ်။

Lenovo Legion Duel

Image: Lenovo

အဆိုပါ Cooling Solution အောက်မှာ Snapdragon 865+ SoC ၊ 16GB LPDDR5 RAM နဲ့ UFS 3.1 Storage တို့ ထည့်သွင်းထားပါတယ်။ ဒီ Specs တွေဟာ ဂိမ်းကစားဖို့ လုံလောက်တဲ့ အင်အားဖြစ်သလို Multi-tasking နိုင်နိုင်နင်းနင်း ကိုင်တွယ်ပေးမယ့် Component တွေလို့ ဆိုရမှာပါ။

Powerful Components

ကင်မရာပိုင်းအတွက်ကိုတော့ 64MP Primary Sensor နဲ့ 16MP Ultra-wide Lens တစ်လုံး အသုံးပြုပေးထားပြီး အဆိုပါ ကင်မရာတွေဟာ ဂိမ်းမင်းဖုန်းတစ်လုံးအတွက် အိုကေတယ်လို့ ပြောရမှာပါ။

ဒါပေမယ့် ROG Phone 3 ရဲ့ ကင်မရာ အနေထားကိုတော့ မမီသေးသလို Legion ဖုန်းကို ဂိမ်းကစားရုံတမယ် ရွေးချယ်ရမယ့်ပုံပါ။

Lenovo Legion Duel

Image: GSMArena

ဘက်ထရီပိုင်းအတွက် 5,000mAh Capacity သိုလှောင်အား ထည့်ပေးထားပြီး 2-cell ပုံစံ 2,500mAh Battery နှစ်ခုခွဲသုံးထားပါတယ်။

Silly but handy

အဆိုပါ Cell နှစ်လုံးအတွက် USB-C Port နှစ်ပေါက် ထည့်ပေးထားသလို 90W Fast Charging စနစ် ထောက်ပံ့တဲ့ Legion ဖုန်းဟာ မိနစ် (၃၀) အတွင်း အားအပြည့် ဖြည့်ပေးနိုင်တယ် ဆိုထားပါတယ်။

ဒီပုံစံက မိုက်မဲရာကျတယ်လို့ သုံးသပ်ရပေမယ့် အချိန်ခဏလေးအတွင်း 5,000mAh ပြည့်မယ်ဆိုတော့ မဆိုးသာဘူး။ အခုလို Primary Feature အပြင် Legion Duel ဟာ 5G အသုံးပြုနိုင်မှာဖြစ်ပြီး Wi-Fi 6 Support နဲ့အတူ အားသာချက်တွေ သုံးစွဲနိုင်မှာပါ။

Lenovo Legion Duel

Image: Lenovo

Lenovo အနေနဲ့ မော်ဒယ် နှစ်မျိုးကြေညာထားပြီး အပြာ (သို့) အနီရောင် အနေနဲ့ ရွေးချယ်နိုင်မှာပါ။

အဆိုပါ Legion Duel ကို သြဂုတ်လ (၅) ရက်နေ့မှာ ရောင်းချသွားမှာဖြစ်ပြီး 12GB RAM ၊ 128GB ကို ဒေါ်လာ 557 ၊ 12GB RAM ၊ 256GB ကို ဒေါ်လာ 600 နဲ့ အမြင့်ဆုံး 16GB/512GB Version ကိုတော့ ဒေါ်လာ 857 နဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။

ဒီလိုဆိုတော့ Lenovo Legion Duel ကို ဘယ်လိုမြင်လဲ?

Source: The VergeGSMArenaLenovo Legion Duel Homepage