fbpx

This is digital planet.

RealmeTech News

Lenovo Z6 Pro နှင့်Redmi ရဲ့ Flagship ကိုယှဉ်ပြိုင်မဲ့ Flagship ဖုန်းအသစ် မိတ်ဆက်လာဖွယ်ရှိတဲ့ Realme

Snapdragon 710 သုံးထားတဲ့ Realme 3 Pro ထွက်ရှိပြီး မကြာခင်မှာပဲ Realme အနေနဲ့ Redmi ရဲ့ Flagship ဖုန်းကို ယှဉ်ပြိုင်မဲ့ စမတ်ဖုန်းကိုထုတ်လုပ်နေတယ်လို့ သတင်းတွေထွက်ပေါ်လာပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွက်ကပဲ Redmi အနေနဲ့ Pop-up Camera ပါဝင်လာဖို့ရှိတဲ့နေတဲ့ Flagship ဖုန်းကိုထုတ်ဖော်ပြသခဲ့ပြီး မကြာခင် ရက်ပိုင်းအတွင်းမှာ ဒီသတင်းထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ Leakster တစ်ဦးရဲ့အဆိုအရ တရုတ်ဈေးကွက်ကို ပြန်လည်ဝင်ရောက်လာတော့မည် Realme အနေနဲ့ Realme X Pro ဆိုတဲ့နာမည်နဲ့ Flagship ဖုန်းတစ်လုံးကို တရုတ်မှာပဲ မိတ်ဆက်ပေးတော့မည်လို့ဖော်ပြခဲ့ပြီး အဆိုပါ ဖုန်းရဲ့ ဈေးနှုန်းကိုလည်း တစ်ပါးတည်း ဖော်ပြပေးသွားခဲ့ပါတယ်။

ဒီ Leak အရ Realme X Pro မှာ 6GB/8GB RAM ဆိုပြီးထွက်ရှိမယ်လို့ဖော်ပြထားပြီး Storage ပိုင်းကိုတော့ 128GB ပါဝင်မယ်လို့ သိရပါတယ်။ ဈေးနှုန်းတွေ အနေနဲ့ 6GB/128GB ကို ယွမ် ၂၂၉၉ (ဒေါ်လာ ၃၄၀ / မြန်မာငွေ ၅ သိန်း ၂ သောင်းခန့်) ၊ 8GB/128GB ကိုတော့ ယွမ် ၂၅၉၉ (ဒေါ်လာ ၃၈၆ / မြန်မာငွေ ၅ သိန်း ၉ သောင်းခန့်) ကျသင့်မယ်လို့ဆိုပါတယ်။ ဒါအပြင့် ဒီ Realme X Pro မှာသုံးလာမဲ့ Chipset ဟာ Snapdragon 855 ဖြစ်တယ်လို့လည်းသိရပါတယ်။

Photo Credit: 91mobiles

Redmi အနေနဲ့ Snapdragon 855 ပါဝင်တဲ့ Flagship ကိုထုတ်လုပ်နေတယ်ဆိုတာ အခုနှစ် အစပိုင်းလောက်ကတည်းက သတင်းတွေ ထွက်ရှိနေတာဖြစ်ပြီး ဒီဖုန်းရဲ့ နာမည်ကို Redmi X လို့သတ်မှတ်ထားတယ်လို့သတင်းတွေလည်းထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။ မကြာသေးခင်ကပဲ Redmi အနေနဲ့ဒီဖုန်းမှာ Notch-less display နဲ့ Pop-up selfie camera ပါဝင်တဲ့ Video teaser တစ်ခုမှာဖော်ပြခဲ့ပါသေးတယ်။ ဒီဖုန်းမှာတော့ 6.39-inch AMOLED Display နဲ့အတူ In-display fingerprint လည်းပါဝင်မယ်လို့သိရပြီး 8GB RAM ၊ 128GB Storage လည်းပါရှိမယ်လို့ဆိုပါတယ်။ Selfie camera အနေနဲ့ 32MP ၊ ကျောဘက်မှာတော့ 48MP + 8MP + 13MP ဆိုပြီး ကင်မရာ ၃ လုံးထည့်သွင်းပေးဖွယ်ရှိပါတယ်။

ဘက်ထရီ အနေနဲ့ 4000 mAh ပါဝင်မှာဖြစ်ပြီး ဈေးနှုန်းကတော့မသိရသေးပါဘူး။ ကောလဟလ တွေ အရ Xiaomi ဟာ ဒီ Flagship ဖုန်းကို Redmi မဟုတ်တဲ့ အခြား Sub-brand တစ်ခုဖြစ်တဲ့ POCOPHONE ရဲ့မျိူးဆက်သစ် POCOPHONE F2 အဖြစ် နိုင်ငံတကာဈေးကွက်မှာမိတ်ဆက်ပေးမှာဖြစ်တယ်လို့ဆိုပြီး တရုတ်ဈေးကွက်မှာတော့ Redmi X ဆိုတဲ့ နာမည်နဲ့ မိတ်ဆက်ပေးမယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။ ဒီ Realme ရဲ့ Realme X Pro သတင်းသာ မှန်ရင်တော့ လာမဲ့ Q2 / Q3 တွေလောက်မှာ Snapdragon 855 သုံးလာမဲ့ တရုတ်တွေရဲ့ Flagship တွေသာ ဈေးကွက်ကို အုပ်စိုးလာဖို့ရှိနေပါတယ်။

Ref: Gizmochina