Samsung နဲ့ LG တို့လို company ကြီးတွေရဲ့ ဦးဆောင်မှုနှင့် ကိုရီးယားစမတ်ဖုန်း ဈေးကွက်ဟာ စမတ်ဖုန်းလောကရဲ့ ဦးဆောင်သူတွေဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ယခုအချိန်မှာ စမတ်ဖုန်းထုတ်လုပ်မှုတွင်ကိုရီးယားအခြေိစိုက် ကိုရီးယားစမတ်ဖုန်းစက်ရုံ တွေက ကံမကောင်းအကြောင်းမလှတဲ့ အနေအထားကို ရောက်ရှိနေပြီလို့ပြောရမှာပါ။
တောင်ကိုရီးယား စမတ်ဖုန်း company တွေဖြစ်တဲ့ Samsung နဲ့ LG တို့ဟာ သူတို့ရဲ့ နိုင်ငံတွင်း ထုတ်လုပ်မှု ကဏ္ဍတွေကို ရပ်တန့်လိုက်ပြီဖြစ်တယ်လို့ လုပ်ငန်း လေ့လာဆန်းစစ်သူတွေရဲ့ ထုတ်ပြန်ချက် တွေ အရ သိရတယ်။
Photo Credit: Gizmochina
အခုချိန်မှာအဆိုပါ company တွေဟာ သူတို့ရဲ့ ထုတ်လုပ်မှု ပိုင်း ဆိုင်ရာကိစ္စနဲ့ ပတ်သတ်ပြီး နိုင်ငံတွင်းမှာ ထက် တခြားသော အလုပ်သမား ငှားရမ်းခ သက်သာမယ့် နိုင်ငံတွေမှာပဲ ပြုလုပ်ဖို့အတွက် စတင် ခြေလှမ်းနေပြီဖြစ်ပါတယ်။
ကိုရီးယား company တွေအနေနှင့် စမတ်ဖုန်း ဈေးကွက်တွေထဲမှာ လျင်လျင်မြန်မြန်တိုးတက်လာတဲ့ Huawei နှင့် Xiaomi တရုတ်စမတ်ဖုန်း company တွေနဲ့ ပြိုင်ဆိုင်နိုင်ဖို့လည်း အရေးကြီိးနေပါတယ်။
မကြာမီ အချိန်အတွင်းမှာ ကိုရီးယား နိုင်ငံတွင်း စမတ်ဖုန်း ထုတ်လုပ်မှုဟာ သုည အထိ ရောက်သွားနိုင်ချေ ကိုရှိနေပါတယ်။ ဝေဖန် ပိုင်းခြားသူတွေ ရဲ့ ထုတ်ပြန် ချက်တွေအရတော့ ကိုရီးယားနိုင်ငံတွင်း ထုတ်လုပ်ခဲ့တဲ့ စမတ်ဖုန်း အလုံးရေဟာ ၂၀၀၈ ခုနှစ်မှာ တစ်ကမ္ဘာလုံး စုစုပေါင်းအလုံးရေရဲ့ ၁၁.၄ % ရှိခဲ့ပေမယ့် ၂၀၁၈ ခုနှစ်မှာတော့ ၁.၃% ပဲ ရှိပါတော့တယ်။ LG ရဲ့ Gyeonggi မှာ ရှိတဲ့ စက်ရုံက ထုတ်လုပ်မှုတွေကို ၂၀၁၄ ခုနှစ်ကတည်းက Vietnam နိုင်ငံ Hai Phong မှာ ရှိတဲ့ စက်ရုံဆီကို လွှဲပြောင်းပေးနေပြီဖြစ်ပါတယ်.။
Image Source: LG
တဖက်မှာလည်း Samsung ရဲ့ ကိုးရီးယားနိုင်ငံတွင်းက စက်ရုံဟာ နှစ်စဉ် အလုံးပေါင်းသန်း ၆၀ အထိ ထုတ်လုပ်ခဲ့ရာအခုနှစ်မှာတော့ သန်း ၂၀ သာ ထုတ်လုပ်နိုင်ခဲ့ပါတယ်။ Samsung ရဲ့ ဗီယက်နမ်၊ ဘရာဇီး၊ အိန္ဒိယ နဲ့ အင်ဒိုနီးရှားမှာ ရှိတဲ့စက်ရုံတွေကတော့ နှစ်စဉ် စမတ်ဖုန်း အလုံးရေ သန်း ၃၀၀ အထိ ထုတ်လုပ် ပေးနေတာပဲဖြစ်ပါတယ်။ အခုလက်ရှိ စာရင်းဇယားတွေအရတော့ Samsung ရဲ့ စမတ်ဖုန်း အားလုံးရဲ့ တဝက်ကို ဗီယက်နမ်မှာ ထုတ်လုပ်တာဖြစ်ပြီး နောက်ထပ် ထုတ်လုပ်မှု နှုန်း တိုးတက်စေဖို့အတွက် အိန္ဒိယ နိုင်ငံမှာ စက်ရုံ ထပ်တည်ဆောက်ဦးမှာဖြစ်တယ်လို့သိရပါတယ်။
Ref: Gizmochina