fbpx

This is digital planet.

MeizuTech News

March ၆ ရက်နေ့မှာထွက်ရှိတော့မယ့် Meizu Note 9

Redmi Note 7 ကိုအဓိကထားယှဉ်ပြိုင်မယ့် Meizu Note 9 ကိုမကြာခင်မှာထွက်ရှိတော့မှာဖြစ်ပါတယ်။ 3C နဲ့ TENAA ရဲ့ထောက်ခံချက်တွေရရှိခဲ့ပြီးဖြစ်တဲ့ Meizu Note 9 ကို ယနေ့မှာ Meizu ရဲ့ တရားဝင် Weibo အကောင့်ကနေတဆင့် March 6 ရက်နေ့မှာမိတ်ဆက်ပေးတောမယ်လို့ အတည်ပြုပေးလိုက်ပါတယ်။

Meizu Note 9 ကိုမိတ်ဆက်ပေးမယ်ပိုစတာမှာတော့ မိတ်ဆက်ရက်ကိုပဲ ဖော်ပြပေးသွားဖြစ်ပြီး အခြား အကြောင်းအရာတွေနဲ့ Spec တွေကိုမဖော်ပြသွားခဲ့ပါဘူး။ ဒီဖုန်းရဲ့ ဒီဇိုင်းကိုတော့ TENAA မှာ အရင်ကတည်းက မြင်တွေ့နေရတာဖြစ်ပြီး water-drop notch နဲ့အတူကြီးမားတဲ့ screen space လည်းပါဝင်လာမယ်လို့သိရပါတယ်။

Meizu Note 9 ရဲ့ Spec တွေအနေနဲ့ကတော့ သိပြီးကြတဲ့အတိုင်းပဲ FHD+ 6.2-inch water-drop notch display နဲ့ Snapdragon 675 SoC နဲ့ RAM 6GB + 64GB storage တို့ပါဝင်လာမှာဖြစ်ပြီး 4000 mAh ဘက်ထရီကို 18W mCharge နဲ့ထောက်ပံ့ပေးလာမှာဖြစ်ပါတယ်။

OS ကိုတော့ကိုယ်ပိုင် Flyme UI ကိုမှ Andriod 9 Pie OS နဲ့ပေါင်းစပ်ထည့်သွင်းထားတာဖြစ်ပါတယ်။ ရှေ့ဘက် Water-drop notch အတွင်းထဲမှာတော့ 20MP selfie snapper ကိုထည့်သွင်းထားပြီး ကျောဘက်မှာတော့ Redmi Note 7 မှာပါဝင်တဲ့ 48MP Samsung ISOCELL Bright GM 1 sensor ကို အဓိကသုံးထားပြီး 5MP secondary sensor တစ်လုံးလည်းပါဝင်ပါတယ်။

ကောလဟာလတွေအရတော့ ဒီဖုန်းရဲ့ ဈေးနှုန်းဟာ ယွမ် ၉၉၉ ( ဒေါ်လာ ၁၄၉ / မြန်မာငွေ ၂ သိန်း ၄ သောင်း ) ဝန်းကျင်ခန့်သာရှိတယ်လို့သိရပါတယ်။ သို့သော်လည်း ဒီ Meizu Note 9 မတိုင်ခင်မှာပဲ Redmi အနေနဲ့ In-display fingerprint reader , Snapdragon 675 , 48MP Sony IMX 586 sensor နဲ့ 6GB RAM + 128 GB storage ပါဝင်တဲ့ Redmi Note 7 Pro ကိုအရင်မိတ်ဆက်ပေးလာဖွယ်ရှိနေပါတယ်။

Source