fbpx

This is digital planet.

HuaweiTech News

Mate 30 Series မှာ Google မပါရတဲ့ အကြောင်းအရင်း

Huawei အနေနဲ့ Mate 30 Pro ကို မကြာခင်သေးကမိတ်ဆက်ခဲ့ပါတယ်။ ဒါပေမယ့် ဖုန်းကို Europe မှာရောင်းချဖို့ ခက်ခဲတာနေတာတွေ့ရပါတယ်။ Chinese phone maker Huawei ဟာ US မှာလည်း သွေဖယ်ခံထားရတဲ့ စာရင်းထဲမှာပါနေပါတယ်။ အကြောင်းက US Companies ‌တွေ‌အ‌နေနဲ့ Huawei နဲ့အတူစီးပွားရေးလုပ်ဖို့ကို ကာကွယ်ဖို့အတွက်ပါတဲ့။ သွေဖယ်ခံထားရတဲ့ စာရင်းထဲမှာရှိနေတဲ့ အတွက် Google အနေနဲ့ Huawei ရဲ့ Mate 30 Pro မှာ Google apps တွေနဲ့ services တွေကို ကြိုတင် Install ပြုလုပ်ဖို့ ခွင့်မပြုဘူးလို့ အရင်လတုန်းက ဖော်ပြခဲ့ပြီး Huawei Devices အသစ်တွေမှာ Google Play Store လို Android က Key Parts တွေရလာဖို့ ထိထိရောက်ရောက် အပိတ်ပင်ခံရပါတယ်။

အခု အပေါ်က ကိစ္စနဲ့ပတ်သတ်ပြီး Huawei ကအတည်ပြုလိုက်ပါတယ်။ Mate 30 Series ကိုမိတ်ဆက်တဲ့ Germany က Event မှာ Huawei အနေနဲ့ Mate 30 series ‌မှာ Google ရဲ့ Mobile Services (GMS) license ကို မသုံးဖို့ ပြုလုပ်လာရတော့မယ် လို့ Huawei ရဲ့ CEO Richard Yu ကပြောကြားခဲ့ပါတယ်။

[Interview] Huawei CEO addresses Mate 30’s limitations following event
“ကျွန်တော်တို့အနေနဲ့ Google Mobile Services core ကို အသုံးမပြုနိုင်ပေမယ့် Huawei Mobile Services (HMS) core ကိုအသုံးပြုနိုင်တယ်” လို့ Richard Yu ကခပ်တိုတိုနဲ့ ရှင်းပြလိုက်ပါတယ်။ “US ban ကြောင့် ဒီနေ့ဖုန်းတွေမှာ GMS core ကို ကြိုတင် Install တင်လို့မရတဲ့အတွက် Mate 30 series phones တွေမှာ Huawei app gallery Run ထားတဲ့ HMS Core ကိုသုံးလာဖို့ တွန်းအားပေးလာပါတယ်” လို့ပြောခဲ့ပါသေးတယ်။

Google ရဲ့ Play Store ဟာ Company ရဲ့ Google Mobile Services license ရဲ့ အဓိက အစိတ်အပိုင်းပဲဖြစ်ပါတယ်။ သူ့ကြောင့်ပဲ တရုတ်အပြင်က Android ပါ၀င်တဲ့ Huawei ဖုန်းတွေမှာ Apps တွေရဲ့ Access ကိုရတာပါ။ Huawei အနေနဲ့ ကိုယ်ပိုင် App Store ပြုလုပ်ဖို့ လွယ်လွယ်ကူကူလုပ်နိုင်သေးမှာမဟုတ်ပါဘူး။ အဲ့အတွက် Google Play Store နဲ့ဆင်နဲ့ တဲ့ သူတတို့ရဲ့ ကိုယ်ပိုင် App ကို ရိုးရိုးရှင်းရှင်း ပြုလုပ်ထားပြီး Services တွေနဲ့ဆက်စပ်ထားပါတယ်။ Huawei အနေနဲ့ User တိုးပွားလာမှု နဲ့ Huawei Mobile Services ကို Marketing ပြုလုပ်ဖို့ $1 billion ထောက်ပံထားပါတယ်။


Huawei Mobile Services ရဲ့ App Gallery မှာ 45,000 apps ပါ၀င်ထားပြီးဖြစ်ပါတယ်။ ဒါပေမယ့် ထောင်ပေါင်းများစွာ‌သော Apps တွေရရှိဖို့ လိုအပ်နေပါသေးတယ်။ အကြီးမားဆုံး လုပ်ဆောင်ရမည့် အချက်တွေကတော့ Developer တွေကို ၄င်းတို့ရဲ့ ကိုယ်ပိုင် App Store မှာ Support လုပ်ဖို့ဖိတ်ခေါ်ရမှာဖြစ်ပါတယ်။ ဒါမဲ့ Company အတွက်တော့ ဒီအရာတွေက အနည်းငယ်ခက်ခဲနေပါသေးတယ်။

၂နာရီကြာတဲ့ ပွဲမှာ Android Ban နဲ့ပတ်သတ်ပြီး Huawei အနေနဲ့ မိနစ်ပိုင်သာပြောသွားခဲ့ပါတယ်။
အဲ့တာက Huawei အနေနဲ့ သူတို့ရဲ့ Android ကို‌အခြေခံမယ့် အလားအလာရှိတဲ့ Open Source Project ကို Consumers တွေနဲ့ Developers တွေလက်ခံလာစေဖို့ အလုပ်ကြီးတစ်ချို့ ရှိနေတာ သေချာစေပါတယ်။

Huawei ဟာ Users တွေအတွက် Google Apps ‌တွေ Access ရဖို့ သူတို့ရဲ့ ကိုယ်ပိုင် Interface ကို ပေးလာမှာဖြစ်ပြီး Apps ဘယ်လောက်ရမယ်ဆိုတဲ့နဲ့ Huawei ဘယ်လို အောင်မြင်အောင် ရည်ရွယ်မလဲဆိုတာက မသေချာသေးဘူးလို့ Reuters က သတင်းပို့ထားပါတယ်။

Image result for mate 30 pro without google
Europe က ဖုန်းတွေအတွက် Meizu ဟာ သူတို့ ရဲ့ ကိုယ်ပိုင် App Store မှာ Google Services နဲ့ Play Store ပါ၀င်ထားတဲ့ Google Installer app ကို အရင်က ထုတ်ပေးထားပါတယ်။ ဒါပေမယ့် Google က အဲ့လို ထုတ်ပေးတဲ့အပေါ် certification requirements အသစ်တွေနဲ့ ပိတ်ပင်ခဲ့ပါတယ်။ အကြောင်းက ၄င်းတို့ရဲ့ Apps and Services တွေကို non-certified devices တွေပေါ်မှာ အသုံးပြုလို့ မရအောင် လုပ်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။

အဲ့တာက Huawei ရဲ့ Mate 30 Pro မှာ Google Play ပါ၀င်လာဖို့ မဖြစ်နိုင်တဲ့ အခြေအနေထိဖြစ်နေပါတယ်။ Company အနေနဲ့ Google က Ban တဲ့ကိစ္စကို P30 Pro colors နဲ့ designs တွေမိတ်ဆက်နေတဲ့ အချိန်မှာ ပြန်လည်းကင်းလွတ်ခွင့်ရခဲ့ပြီး ဖုန်းအသစ်တွေမှာတော့ Google ကနေ Certified မရနိုင်တော့ပါဘူးလို့ သိထားရပါတယ်။

Ref: The Verge