fbpx

This is digital planet.

HuaweiTech News

Mate 30 Series အတွက် Kirin 990 Chipset ကို September 9 မှာ မိတ်ဆက်မည်

Berlin မှာကျင်းပမယ့် IFA (Electronic Devices တွေကို မိတ်ဆက်ရောင်းချသော Event) မတိုင်ခင်မှာ Huawei အနေနဲ့ သူတို့ရဲ့ Kirin 990 chipset ကို September 6 မှာ မိတ်ဆက်မယ်လို့ အတည်ပြုသွားခဲ့ပါတယ်။ အဲ့အကြောင်းကို Short Video နဲ့တင်ခဲ့ပြီး အဲ့ SoC မှာ 5G Moderm ပါဝင်လာမယ်လို့ ဆိုထားပါတယ်။ Kirin 990 Chipset ဟာ TSMC ရဲ့ 7nm EUV နဲ့ ထုတ်လုပ်ထားပြီး Transistor density နဲ့ Power efficiency မှာ 20% ထိတိုးလာမှာပါ။

အဲ့ Chipset ဟာ Kirin Chipsets တွေထဲမှာ ပထမဆုံး 60fps 4K Video recording ကိုရလာမယ့် Chipset ပဲဖြစ်ပါတယ်။ Huawei ရဲ့ Da Vinci architecture နဲ့ ARM ရဲ့နောက်ဆုံးပေါ်တည်ဆောက်ထားတဲ့ CPU နဲ့ GPU ပစ္စည်းကို အခြေခံပြီးထုတ်လုပ်ထားတဲ့ NPU (Neural Processing Unit) ပါ၀င်သော Chipset လို့ မျှော်လင့်လို့ရပါတယ်။

Image result for kirin 990

အဲ့လို Huawei အနေနဲ့ Kirin 990 Chipset ကို September 6 မှာထွက်မယ်လို့ Tease လိုက်တဲ့အတွက် အရင်နှစ်တွေက Mate Series တွေမှာ Kirin Chipset အသစ်တွေကိုသုံးထားသလို Mate 30 Series မှာ Kirin 990 chipset ကိုသုံးလာနိုင်ပါတယ်။

Ref: GSMArena