This is digital planet.

ArticlesHuawei

Productivity Powerhouse Laptop ဖြစ်လာတဲ့ 14 လက်မအရွယ် MateBook D 14

HUAWEI MateBook တွေဟာ ကုမ္ပဏီရဲ့ အနုပညာမြောက် ဖန်တီးမှုလက်ရာတစ်ခုဖြစ်သလို ခေတ်မီတဲ့ နည်းပညာ ၊ ဆန်းသစ်တဲ့ တီထွင်မှုတွေ ပေါင်းစပ်ထားတဲ့ ထုတ်ကုန်တွေပါ။

Iconic ဖြစ်တဲ့ Ultra-slim ဒီဇိုင်းအပြင် MateBook တွေဟာ FullView Display အပြင် စွမ်းဆောင်ရည် ကောင်းကောင်း အသုံးပြုနိုင်အောင် ပါးလွှာတဲ့ ကိုယ်ထည်နဲ့ ဖွဲ့စည်းထားတဲ့ Laptop လို့လည်း ပြောနိုင်ပါသေးတယ်။

အခုလို HUAWEI ရဲ့ Craftsmanship Feature တွေအပြင် အသစ်အသစ်သော လုပ်ဆောင်ချက်တွေဖြစ်တဲ့ Smart Connectivity Function ကို ထည့်သွင်းလာပြီး အဆိုပါ အချက်က ပြိုင်ဖက်တွေနဲ့ လုံးဝကွဲထွက်နေစေတာပါ။

အဲ့ဒါကြောင့် User Experience အပိုင်းမှာပါ ထူးခြားလာသလို Digital Lifestyle အတွက် ပြည့်စုံတဲ့ ပေါင်းစပ်မှုမျိုး ပေးစွမ်းထားတယ်လို့ ဆိုရဦးမှာပါ။

MateBook Series

Laptop တစ်လုံးရဲ့ Raw Performance ကိုပဲ ကျွန်ုပ်တို့ အဓိကထားတာ မဟုတ်ပေမယ့် စစ်မှန်တဲ့ User Experience ပေးစွမ်းဖို့ရာ ဆန်းသစ်တဲ့ Connectivity လုပ်ဆောင်ချက်တွေက အရေးပါတာပါ။

ဥပမာ Fingerprint Reader နဲ့တွဲထားတဲ့ Power Button ၊ အတွင်းမှာ မြုပ်ထားတဲ့ ကင်မရာကစလို့ စမတ်ဖုန်းနဲ့ ကွန်ပျူတာ လွယ်လင့်တကူ ချိတ်ဆက်ပေးနိုင်တဲ့ HUAWEI Share လို Innovation မျိုးက သုံးစွဲသူတွေအတွက် ပိုအကျိုး ရှိစေတာပါ။

HUAWEI Share on MateBook D 14 and Smartphone

Image: HUAWEI

HUAWEI အနေနဲ့ ယုံကြည်တာကလည်း Experience အပိုင်းကဖြစ်စေ PC Industry ကျယ်ပြန့်လာလို့ဖြစ်စေ အဆိုပါ ၂ ချက်က ကုမ္ပဏီရဲ့ လုပ်ကိုင်နိုင်စွမ်းကို ပြိုင်ဖက်တွေကို ကိုင်လှုပ်နိုင်မယ်၊ ခေတ်မီတဲ့ အနာဂတ် ဖန်တီးဖို့ရာ သောချက်ဖြစ်တယ်ဆိုတဲ့ အကြောင်းပါ။

Connected Ecosystem

MateBook D Series တွေဟာ လူငယ်တွေအတွက် ဖန်တီးထားတယ် ဆိုတဲ့အချက်ကလည်း အဆိုပါ Laptop တွေမှာ မြင်တွေ့နေရတဲ့ Ultra-slim Design နဲ့ စုံလင်တဲ့ Features တွေကြောင့်ပါ။

ဒီ Features တွေဟာ နောက်တနည်း ပြောရရင် နေ့တဓူဝ အသုံးပြုဖို့ လိုအပ်တဲ့ Tools တွေလို့ ပြောနိုင်သလို MateBook D ရဲ့ ပြောင်မြောက်တဲ့ Industrial Design ၊ ကောင်းမွန်တဲ့ Performance နဲ့ Smart Features တွေ ထွေးပိုက်ထားလို့ သုံးစွဲသူ အလိုကျ ဖန်တီးထားတာဖြစ်တယ်လို့လည်း မှတ်ယူနိုင်ပါသေးတယ်။

နောက်တချက်က Entry-level ဖြစ်တာနဲ့အညီ သင့်တင့်တဲ့ တန်ဖိုးတစ်ခုနဲ့ ဝယ်ယူနိုင်သလို 14 လက်မ Price Range ထဲမှာ MateBook D 14 ဟာ FullView Display ၊ Powerful Performance ပေးစွမ်းထားပါတယ်။

MateBook D 14

ဒါကိုမှ သေသပ်လှပတဲ့ Stylish ဒီဇိုင်း ၊ Fingerprint Power Button နဲ့ ချိတ်ဆက်မှု အားကောင်းတဲ့ Connectivity အစရှိတဲ့ Hardware Level ထူးခြားချက်တွေ ပိုင်ဆိုင်ထားတာပါ။

ဒါကိုမှ User Experience အပိုင်း ပြည့်စုံနေစေဖို့ HUAWEI Share နဲ့ Smart Connectivity လို Feature မျိုး ထည့်သွင်းပေးထားလို့ Raw Performance အပြင် Productivity အပိုင်းမှာပါ ပြည့်စုံမှုရှိတယ်။

HUAWEI MateBook D 14 AMD | HUAWEI Global

Image: Huawei

ရုံးသုံး ၊ ကျောင်းသုံးနဲ့ လုပ်ငန်းဆောင်တာ အဝဝ ကိစ္စတွေကစလို့ ရုပ်ရှင်ကြည့် ၊ တေးသီချင်းနားဆင် ၊ ဂိမ်းကစားတာမျိုးအတွက် ကောင်းမွန်တဲ့ Intelligent Assistant လို့လည်း ပြောနိုင်ပါတယ်။

HUAWEI MateBook D 14 ရဲ့ ထူးခြားချက်တွေကို အောက်ပါအတိုင်း လေ့လာနိုင်ပါတယ်။

Aesthetic Design > Minimal Bezels

ဒီဇိုင်းပိုင်းမှာတော့ HUAWEI MateBook တွေက အမွေဆက်ခံထားတာ ဖြစ်ပြီး MateBook D 14 မှာ ဘေးဘောင်တွေ မပါသလောက် သေးသွယ်တဲ့ Three-side Thin Bezels အသုံးပြုထားပါတယ်။

ဒါကြောင့် Viewing Experience ပိုမိုကောင်းမွန်သလို Laptop တစ်ခုလုံးရဲ့ အထူက 15.9 မီလီမီတာနဲ့ အလေးချိန် 1.38 ကီလိုဂရမ်ပဲ ဝိတ်ရှိပါတယ်။ ဒီအချက်က 14 လက်မတန်းမှာ တန်ဖိုးချင်း တူနေရင်တောင် ပါးလွှာမှု အရှိဆုံးနဲ့ အပေါ့ပါးဆုံး ဖြစ်နေစေတာပါ။

Innovative Technology > High Performance & Long Battery

Innovative လို့ ဆိုတဲ့နေရာမှာ Powerful System ဒီဇိုင်းနဲ့ Optimization Capabilities ကို ဘယ်လို အချိုးချလဲ အရေးပါတာဖြစ်ပြီး CPU နဲ့ GPU တို့ရဲ့ ပါဝါကို Full Potential အသုံးချဖို့ စီမံထားတာကို ဆိုလိုချင်တာပါ။

MateBook D 14 မှာ AMD Ryzen 7 3700U Processor နဲ့ Radeon Vega 10 Graphics တို့ ပါဝင်ပြီး Low-to-medium Load လို မတူညီတဲ့ ပါဝါသုံးစွဲမှုမျိုးအတွက် AMD Platform တစ်ခုလုံးကို သီးသန့် Optimize လုပ်ထားပါသေးတယ်။

HUAWEI MateBook D Series

Image: HUAWEI

ဒါ့အပြင် 56Wh (Watt-hour) Battery ထည့်သွင်း ပေးထားတဲ့အချက်က User တွေကို Plug-in မသုံးနေလည်း အားအကုန်မြန်မှာ စိတ်ပူနေစရာ မလိုပါဘူး။

Intelligence Experience > HUAWEI Share

ကျွန်ုပ်တို့ စကားချည်လာတဲ့ HUAWEI Share ဆိုတာကတော့ စမတ်ဖုန်းနဲ့ Laptop လို မတူညီတဲ့ Platform နှစ်ခုကို အလွယ်တကူ ချိတ်ဆက်ပေးနိုင်တဲ့ Intelligence Feature ဖြစ်သလို ဒီကတဆင့် Productivity ပိုင်း ပိုကောင်းစေနိုင်တာပါ။

HUAWEI Share မှာ စမတ်ဖုန်း Display ကို PC Screen အဖြစ် အသုံးပြုနိုင်သလို တချိန်ထဲမှာ ဖုန်းနဲ့ ကွန်ပျူတာ နှစ်ခုလုံးကို ထိန်းချုပ်နိုင်လို့ ပိုအကျိုးရှိမှာပါ။

ချိတ်ဆက်လိုက်ပြီ ဆိုတာနဲ့ File တွေကို အလွယ်တကူ Drag & Drop လုပ်နိုင်မယ် ၊ စမတ်ဖုန်းထဲက Documents တွေကို Edit လုပ်နိုင်မယ့်အပြင် မိုဘိုင်း Apps တွေပါ Run လို့ရတဲ့အထိ Productivity ကို ချဲ့ထွင်နိုင်ပါတယ်။

Expression of Family DNA

Stylish HUAWEI FullView Display

MateBook D 14 ရဲ့ Unique Feature ထဲမှာ FullView Display အပါဝင် ဖြစ်သလို အပေါ်ဖက်နဲ့ ဘေးနှစ်ဖက် Bezels တွေက 4.8 မီလီမီတာလောက် သေးသွယ်သွားတဲ့အတွက် သုံးစွဲသူတွေကို 84% Screen-to-body Ratio မြင်ကွင်းကျယ် မျက်နှာပြင် ပေးစွမ်းထားပါတယ်။

အတိုင်းအတာ အားဖြင့် အတိအကျ ပြောရရင် 322.5 mm x 214.8 mm x 15.9 mm အသီးသီး ရှိပါတယ်။

သေးသွယ်တဲ့ Bezels တွေဆိုတာ ပါးလွှာတဲ့ Laptop တစ်လုံးမှာ အသုံးပြုဖို့ စိန်ခေါ်မှုတရပ် ဖြစ်သလို ခေတ်မီတဲ့ ဒီဇိုင်း အသွင်ပြင် ဖြစ်နေစေဖို့ MateBook စီးရီးတွေမှာ တန်ဆာဆင်ထားတာပါ။

Huawei MateBook D 14 review: excellent value for money | AndroidPIT

Image: Huawei

ဒါကြောင့်လည်း HUAWEI User တွေအနေနဲ့လည်း သုံးစွဲတဲ့အခါ အကျိုးဖြစ်ထွန်းသလို ကျွန်ုပ်တို့ရဲ့ ရည်မှန်းချက်လည်း ဖြစ်တယ်၊ နောက်တချက်က PC Industry ထဲ ဝင်လာတဲ့အချိန်ကစလို့ Laptop အများစုဟာ Slim-bezel ဒီဇိုင်း သုံးနေကျပြီ။

ဒီတော့ ပြည့်စုံမှုရှိတဲ့ Perfection Design နဲ့ ဖန်တီးဖို့ရာ စမတ်ဖုန်း ဒီဇိုင်း Philosophy ကို အခြေခံလိုက်ပြီး ဘေးဘောင်တွေ မရှိသလောက် သေးသွယ်သွားတဲ့ FullView Display အဖြစ် ဖန်တီးခဲ့တာပါ။

စျေးကွက်ထဲ မိတ်ဆက်တဲ့အခါကျပြန်တော့လည်း အရိုးရှင်းဆုံးနဲ့ ဆွဲဆောင်မှုရှိနေခဲ့ပြီး သုံးစွဲသူတွေရဲ့ ခံစားချက်မှာလည်း ကောင်းမွန်တဲ့ Experience မျိုး ကျန်ရစ်နေစေခဲ့ပါတယ်။

Thin-bezel နဲ့ ပတ်သက်လို့ Screen အရွယ်စား ပိုကြီးလာတာ ကောင်းတယ်ဆိုပေမယ်လို့ နေရာ အကန့်သတ်နဲ့ ကျန်ရစ်နေမယ့် Laptop ကိုယ်ထည်ထဲ Hardware တွေကို Full Potential အသုံးချလို့ ရနိုင်မလဲ ဒီဇိုင်းက HUAWEI အင်ဂျင်နီယာတွေရဲ့ အဓိက တာဝန်ပါ။

ဥပမာ Webcam ကို အပေါ်ဖက် Bezel နေရာက ဖယ်ရှားလိုက်ပြီး Keyboard နဲ့ Integrate လုပ်ထားတာမျိုး ၊ အဆိုပါ Recessed Camera ကြောင့် Bezel တွေကို သေးနိုင်သမျှ သေးသွယ်လာအောင် Cut Down လုပ်နိုင်တဲ့အပြင် Privacy အပိုင်းမှာလည်း ပိုမို အားကောင်းစေတဲ့ Benefits ရရှိစေတာပါ။

ဒီလို ဆန်းသစ်မှုမျိုးအပြင် အရေးပါတဲ့ လိုအပ်ချက်တစ်ခုဖြစ်တဲ့ ကြံ့ခိုင်မှု Durability ပိုင်းအတွက် Aluminium Alloy သတ္ထုစပ်နဲ့ အားဖြည့်ထားတဲ့ Chassis ဒီဇိုင်းကို အသုံးပြုပေးထားပါတယ်။

Slim & Portable

Portability အပိုင်းမှာ လူငယ်တွေအတွက် ရည်ရွယ်ထားတဲ့အလျောက် Laptop ကိုယ်တိုင်ကလည်း လျော်ညီစွာ ပေါ့ပါးမှုရှိပြီး စတိုင်ကျ ခေတ်မီနေတဲ့အပြင် Display ကို 180 ဒီဂရီ ဖွင့်ထားလို့ရတဲ့အတွက် တမျိုးတဖုံ ဆွဲဆောင်မှု ရှိနေစေပါတယ်။

HUAWEI MateBook D 14

Image: HUAWEI

ဒိအတွက် အားဖြည့်ထားတာက အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း သေးသွယ်တဲ့ Bezels နဲ့ ဝှက်ထားတဲ့ Recessed Camera တို့ပါ။ ဒီအချက်တွေက Slim Laptop တစ်လုံးဖြစ်လာဖို့ အထောက်ကူဖြစ်စေသလို တဖက်မှာလည်း Productivity အပိုင်း ပိုကောင်းစေပါတယ်။

Clear & Vivid Display

ကျွန်တော်တိုတတွေ ဒီဇိုင်းအလှအပနဲ့ ဖွဲ့နွဲ့မှူတွေကို အသားပေး ပြောနေတဲ့ အလျောက် MateBook D 14 မှာ တပ်ဆင်ထားတဲ့ 14 လက် 1,080p IPS Display ဟာလည်း အရည်သွေးကောင်းတဲ့ Panel တစ်ခု ဖြစ်တယ်ဆိုတာပါ။

Anti-glare Protection ပါဝင်တဲ့အတွက် IPS ချင်း အတူတူဆိုရင်တောင် Dynamic Content တွေနဲ့ Animations တွေ ဖော်ပြတဲ့နေရာမှာ အားသာချက် ရှိစေမှာပါ။

178 ဒီဂရီ Viewing Angle ထောက်ပံ့ထားပြီး 16:9 Aspect Ratio ဆိုတာက Full HD နဲ့အထက် Cinematic Content တွေကို အကောင်းဆုံး ဖော်ဆောင်ပေးဦးမှာပါ။

HUAWEI MateBook D 14

Image: HUAWEI

ဒါကြောင့် 4.8 မီလီမီတာရှိ သေးသွယ်တဲ့ Bezels တွေနဲ့ ပေါင်းစပ်လိုက်ရင် Viewing Experience ကောင်းကောင်း ခံစားနိုင်သလို Matte Panel ဖြစ်တဲ့အတွက် High-resolution ရုပ်ပုံနဲ့ Blu-Ray ဗီဒီယို ကြည့်ရှုတဲ့ခါ Reproduction ကောင်းကောင်းနဲ့ ရှုစားနိုင်မှာပါ။

ဒါ့အပြင် MateBook D 14 ရဲ့ IPS Panel ဟာ TUV Rheinland Certified ဖြစ်တဲ့အလျောက် အမြင်အာရုံ ထိခိုက်စေနိုင်မယ့် Blue Light ကို အထိုက်လျောက် ကာကွယ်ပေးဦးမှာပါ။

HUAWEI MateBook D 14 (AMD) Homepage