This is digital planet.

ArticlesHuawei

Multi-layered Eye Protection နည်းပညာနဲ့ Kids Corner ပါဝင်လာတဲ့ HUAWEI MatePad T8 ထူးခြားချက်များ

ဒီဆောင်းပါးလေးမှာ Eye Protection အကြောင်း သိကောင်းစရာနဲ့ MatePad T8 ရဲ့ Kids Corner အကြောင်း အသေးစိတ် တင်ဆက်ထားပါတယ်။

Kids Corner ဆိုတာက လူကြီး ၊ မိဘတွေ မိမိတို့ရဲ့ ကလေးသူငယ်တွေ နည်းပညာ အကြောင်း လေ့လာဖို့ အကောင်းဆုံး ခြေလှမ်းဖြစ်သလို ယုံကြည်စိတ်ချမှု အပြည့်ဝ ထောက်ပံ့ထားတဲ့ Feature App တစ်ခုပါ

Display နဲ့ပတ်သက်လို့ ဘာလို့ အမြင်အာရုံ ထိခိုက်စေနိုင်သလဲ အချက်တွေကို ဒီ ဆောင်းပါး Link မှာ လေ့လာနိုင်ပါတယ်

စာဖတ်သူတွေကို ဗဟုသုတ အဖြစ် ဖော်ပြလိုပြီး HUAWEI Myanmar ရဲ့ ဆောင်းပါးကို ဆီလျော်သလို ဘာသာပြန်ပြီး တင်ဆက်ပေးလိုက်ပါတယ်။

Eye Protection က ဘာလို့ အရေးပါလဲ နိဒါန်းအစ

နည်းပညာ ခေတ်မီလာတဲ့နောက်ပိုင်း သုံးစွဲသူတွေဟာ Laptop တစ်လုံးရတဲ့ ခံစားချက်မျိုး ပေးစွမ်းနိုင်မယ့် Flexible Device (သို့) စမတ်ဖုန်းတစ်လုံးလိုလည်း စွမ်းဆောင်နိုင်မယ့် Solution ကို ရှာဖွေလာကြပါတယ်။

ဒိအတွက် Tablet ဆိုတဲ့ သင်ပုန်းကွန်ပျူတာဟာ ဖြေရှင်းချက်တစ်ခုဖြစ်လာသလို HUAWEI အနေနဲ့ အရေးပါတဲ့ ကဏ္ဍတစ်ခုအဖြစ် ပါဝင်လာတာပါ။

နည်းပညာ ရေလှိုင်း ဒီရေအလား တိုးတက်လာတဲ့ အခါမှာတော့ Tablet တစ်လုံးနဲ့ PC တစ်လုံး ကွာခြားချက် ကျဥ်းမြောင်းလာသလို လုပ်ဆောင်နိုင်စွမ်းနဲ့ စျေးကွက်ကလည်း တဖြည်းဖြည်း ကြီးထွားလာနေတာပါ။

အခုဆိုရင် အသက်ရွယ်မရွေး ၊ လူတန်းစေ့ သုံးနိုင်နေပြီ ဖြစ်သလို Productivity ၊ Education နဲ့ Entertainment ပိုင်းဆိုင်ရာမှာ စွယ်စုံရ နည်းပညာနဲ့ Hardware တွေ ပါဝင်တဲ့အတွက် သုံးစွဲသူတွေ အနေနဲ့လည်း စိတ်ကျေနပ်မှု ရရှိနေတာပါ။

Display တစ်ခုကို ရေရှည်ကြည့်ရင် ဘာဖြစ်လာနိုင်မလဲ?

စမတ်ဖုန်း (သို့) Laptop ၊ Tablet တို့ရဲ့ Screen ကို အချိန်အတိုင်းတာတစ်ခုအထိ ရေရှည်ကြည့်ပြီး အသုံးပြုနေမယ်ဆိုရင် ကြာလာတာနဲ့အမျှ အမြင်အာရုံ ထိခိုက်ပျက်စီး စေနိုင်မယ့် ဆိုးကျိုး ရှိပါတယ်။

ဥပမာ မျက်စိ ညောင်းညာတာနဲ ယားယံတာမျိုး ၊ အာရုံ စူးစိုက်မှု ကျဆင်းပြီး အမြင်အာရုံ ဝေဝါးတာမျိုး ဖြစ်ပွားနိုင်တဲ့အပြင် အခြားသော မလိုလားအပ်တဲ့ ဒုက္ခဝေဒနာတွေ ခံစားရနိုင်ပါတယ်။

Blue Light Effect

Image: All About Vision

သို့ပေမယ့်လည်း အမြင်အာရုံ ထိခိုက်စေနိုင်တဲ့ နောက်ကွယ် အကြောင်းပြချက်ကို သိပ္ပံနည်းကျ လေ့လာသိရှိထားရင် ကိစ္စမရှိပါဘူး။ သို့အတွက်ကြောင့် Multi-layered Eye Protection နည်းပညာ ဖန်တီးထားပြီး အမြင်အာရုံ ထိခိုက်စေမယ့် ဒဏ်ကို အထိုက်လျောက် ကာကွယ်ပေးနိုင်မှာပါ။

တစ်ခုရှိတာက အဆိုပါ နည်းပညာမျိုးကို High-end Device တွေနဲ့ Top-end စျေးကွက်တွေမှာသာ မြင်ရလေ့ရှိတယ် ဆိုပေမယ့် တန်ဖိုးသင့် Tablet မှာလည်း ရရှိနိုင်ပြီပဲ ဖြစ်ပါတယ်။ အထူးသဖြင့် သုံးစွဲသူ လူငယ်တွေကို ရည်ရွယ်ပြီး စံနမူနာ အနေနဲ့ ဖော်ပြလိုတဲ့ Device က High Level Eye Protection နည်းပညာ ပါဝင်လာတဲ့ MatePad T8 ပါ။

Powerful Tablet ဖြစ်သည့် အားလျော်စွာ Premium Device လို အမြင်ပိုင်းဆိုင်ရာနဲ့ ဒီဇိုင်းပိုင်းမှာ ဖွဲ့နွဲ့ထားတဲ့ T8 မှာ Multi-layered Eye Protection နည်းပညာ ပါဝင်ပါတယ်။

Eye Protection Features များ

ဒီထဲမှာ Eye Comfort Mode ၊ eBook Mode နဲ့ Kids Corner Feature တွေ ပါဝင်ပြီး ကလေးတွေ အတွက်ဆိုရင် Posture Alerts ၊ Bumpy Road Alerts အစရှိတဲ့ Essential Tools တွေနဲ့ အမြင် အာရုံကို ကာကွယ်ပေးမှာပါ။

Eye Comfort Mode မှာ လုပ်ဆောင်ချက် ၂ မျိုးပါဝင်မှာ ဖြစ်ပြီး ပထမ တမျိုးက မျက်လုံးနဲ့ ထိတွေ့နေရတဲ့ Screen Time ကို လျှော့ချ ပေးမှာပါ။ ဒီလုပ်ဆောင်ချက် ပီပြင်လာအောင် Screen ကနေ ထွက်ရှိလာမယ့် Blue Light Level ကို အထိုက်လျောက် လျှော့ပေးလိုက်မှာပါ။

HUAWEI MatePad T8 Eye Comfort Mode

Image: Twitter

ဒါကြောင့် Eye Comfort Mode က အမြင်ပိုင်းဆိုင်ရာ ကာကွယ်ပေးတဲ့ နေရာမှာ အရေးပါတယ်လို့ ဆိုနိုင်ပေမယ့် သူ့တစ်ခုထနဲ့ မပြည့်စုံသေးပါဘူး။ Screen ကိုပဲ တောက်လျှောက် ကြည့်နေပြီး ဂိမ်းကစားတတ်သူ လူငယ်တွေအတွက်ကျ မလုံလောက်သေးတဲ့အတွက် Kids Corner ပါဝင်လာရပါတယ်။

Posture Alert

Kids Corner မှာ အချိန်ကို စီမံခန့်ခွဲဖို့ Posture Alert ၊ Bumpy Road Alerts တို့ ပါဝင်ထားပြီး Posture ကို နားလည်လွယ်အောင် ပြောရရင် Orthopaedic လို့ ခေါ်တဲ့ ကြွက်သား ၊ Connective Tissue နဲ့ အစစ်မြစ် ဝေဒနာကို ထောက်လှမ်းနိုင်တာကို ဆိုလိုတာပါ။

ဒါမယ့် Kids Corner မှာတော့ သုံးစွဲသူရဲ့ အမြင်အာရုံဆိုင်ရာ Posture ၊ Screen နဲ့ မျက်လုံးထိတွေ့နေတဲ့ Proximity အစရှိတဲ့ Tools တွေ အသုံးပြုပြီး ကာကွယ်ပေးမှာပါ။

ဒီနေရာမှာ စဥ်းစားဖို့ လိုတဲ့အချက်က Display မျက်နှာပြင်နဲ့ မျက်လုံး တိုက်ရိုက်ထိတွေ့နေတဲ့ Screen Time ဖြစ်ပြီး မနားတမ်း တရစပ် ဘယ်လောက် အသုံးပြုနေလဲ အတိုင်းတာက စကားပြောသွားမှာပါ။

Time Management

ဆောင်းပါး အစမှာ ဖော်ပြထားသလို အမြင်အာရုံထိခိုက်စေမှုရဲ့ အကြောင်းပြချက်က အချိန်အတိုင်းတာတစ်ခုထိ ကြည့်ရှု အသုံးပြုမှု ဆိုထားသလို Time Management လုပ်ထားရင် နည်းလမ်းတသွယ် သက်သာစေမှာပါ။

ဒါကြောင့် Kids Corner မှာ အသုံးပြုမှု Duration ကို ကန့်သတ်ပေးနိုင်ပြီး အမြင်အာရုံကိုလည်း ကာကွယ် ပြီးသား ဖြစ်စေမှာပါ။

MatePad T8 မှာ eBook Mode လည်း ပါဝင်ထားပြီး သူ့ရဲ့ Functionality တွေက Contrast ၊ Brightness ၊ Clarity ၊ Colour Saturation နဲ့တခြားသော Display Parameters ကို လိုအပ်သလို Adjust လုပ်ပေးနိုင်တာပါ။

eBook Mode Enhances Reading Experience

နောက်တနည်း ပြောရရင် တကယ့်စာအုပ်ဖတ်ရသလို Viewing Experience ပေးနိုင်မယ့်အပြင် အာရုံစူးစိုက်မှု မပျက်စေဘဲ အမြင်အာရုံကိုလည်း ကာကွယ်ပေးမယ့် Feature လို့ ပြောနိုင်ပါတယ်။

ဒါကြောင့်မလို့ စျေးကွက်ထဲမှာ တန်ဖိုးမြင့် Tablet ၊ စွမ်းဆောင်ရည် ကောင်းတဲ့ အမျိုးစားတွေ ရှိနေပေမယ့် ရေရှည် အသုံးပြုတဲ့ အခါမျိုးနဲ့ အခုလို အမြင်အာရုံပိုင်းဆိုင်ရာ ကာကွယ်ရမယ့် အချက်တွေ ထည့်သွင်းစဥ်းစားဖို့ ပိုပြီး ပဓာနကျတယ် ဆိုရမှာပါ။

MatePad T8 ကတော့ စွမ်းဆောင်ရည် ကောင်းမွန်ပြီး စျေးနှုန်းလည်း သင့်တင့်တဲ့အပြင် အမြင်အာရုံ ထိခိုက်မှုကို အထိုက်လျောက် ကာကွယ်ပေးနိုင်မယ့် Multi-layered Eye Protection နည်းပညာ ပါဝင်ခြင်း အစရှိတဲ့ အချက်တွေက ပြိုင်ဖက်တွေနဲ့ အသွင်မတူ ကွဲထွက်လာစေတယ် ပြောရမှာပါ။

HUAWEI MatePad T8

HUAWEI အနေနဲ့ MatePad T8 Tablet ကို မိတ်ဆက်ပြီးတဲ့ အားလျော်စွာ အဆိုပါ Tablet ဟာ သေးသွယ်ပြီး ပေါ့ပါးတဲ့ ဒီဇိုင်း ၊ စွမ်းဆောင်ရည် ကောင်းမွန်တဲ့ Octa-core Chipset နဲ့အတူ 5,100 mAh Battery ပါဝင်တဲ့ စွယ်စုံရ Tablet အဖြစ် ရေပန်းစားနေတာပါ။

T8 ဟာ နေ့တဓူဝ လုပ်ငန်းဆောင်တာတွေ လျှင်မြန်စွာ ဆောင်ရွက်ပေးနိုင်မယ့်အပြင် Entertainment ၊ Education ဘာပဲသုံးသုံး မြန်မာငွေ ၁၉၉,၀၀၀ ကျပ်ထဲနဲ့ ဝယ်ယူနိုင်မှာပါ။

ကလေးသူငယ်တွေ သင်ကြားရေးမှာ အထောက်ကူ ဖြစ်စေဖို့ Kids Corner ပါဝင်ထားပြီး အမျိုးမျိုး အထွေထွေ လေ့လာနိုင်မယ့် Virtual Playground တဖြစ်လည်း Kids Corner ကို Recorder ၊ Camera ၊ Multimedia နဲ့ Kids Panting ဆိုတဲ့ Basic Module ၄ မျိုးနဲ့ ဖွဲ့စည်းထားပါတယ်။

MatePad T8

Image: HUAWEI

Recorder

Recorder Module မှာ Voice Notes ကို မှတ်သားပေးနိုင်ခြင်း ၊ ဒီလုပ်ဆောင်ချက်ကို Education တွက်ဖြစ်စေ ၊ အသံကို အသုံးပြုပြီး Exploring Game ကစားတဲ့အခါ ကလေးသူငယ်တွေ တေးသီချင်း သီဆိုခြင်း (သို့) ပျော်ရွှင်စရာ အသံများ ဖန်တီးခြင်းဖြင့် အသုံးချနိုင်မှာပါ။

Camera Module

Camera Module မှာတော့ စိတ်ချရတဲ့ ပတ်ဝန်းကျင်မှာ သူငယ်တွေ နှစ်သက် သဘောကျလေ့ရှိတဲ့ အရာဝတ္ထု ပစ္စည်းတွေကို ဓာတ်ပုံရိုက်ကူးခွင့် ပေးမှာပါ။

Multimedia Section

Multimedia Section မှာတော့ Entertainment Features တွေ စုံလင်စွာ ပါရှိမှာဖြစ်ပြီး ကလေးသူငယ်တွေ သဘောကျမယ့် အရာမဆို Control နဲ့ Access လုပ်ခွင့်ရှိစေမှာပါ။

Kids Painting

Kids Painting ကတော့ Digital Art နဲ့ Drawing အနုပညာ တစိတ်တဒေသကို လေ့လာခွင့် ပေးမှာဖြစ်ပြီး ကိုယ်တိုင်လည်း Creative ကျကျ ရေးဆွဲ ဖန်တီးစေနိုင်မှာပါ။

အဆိုပါ Module ၄ မျိုးရဲ့ Function အားလုံးကို MatePad T8 နဲ့ ပြီးပြည့်စုံစေမှာ ဖြစ်တဲ့အတွက် မိဘတွေအနေနဲ့လည်း ကလေးသူငယ်တွေ ပျော်ရွှင်နေတာ ကြည့်ရင်း ပီတိခံစားရစေဦးမှာပါ။

ဒါပေမယ့် သတိချပ်စရာက Electronic Device အသုံးပြုပြီး Digital အကြောင်း လေ့လာတဲ့အခါ ကလေးသူငယ်တွေ ပျက်စီးစေနိုင်သလားဆိုတဲ့ နည်းပညာနဲ့ တိုက်ရိုက် မသက်ဆိုင်တဲ့ ပြင်ပ Influence တွေပါ။

Full Parental Control

ဒီအချက်ကို သုတေသန ကျကျ လေ့လာထားပြီး Full Parent Control လုပ်ခွင့် ပေးထားမှာ ဖြစ်တဲ့အတွက် ကိုယ့်ရဲ့ ကလေးငယ်တွေကို ဘယ် ဗီဒီယို ၊ ဓာတ်ပုံနဲ့ Apps တွေကိုပဲ အသုံးပြုလေ့လာစေဖို့ ကန့်သတ်ထားနိုင်မှာပါ။

ဒါကြောင့် မိဘတွေနဲ့ စိတ်ပူစရာ မလိုတော့သလို ကလေးသူတွေနဲ့ မအပ်စပ်တဲ့ Content အကြောင်းရာတွေ လေ့လာမိမှာကိုလည်း တွေးပူစရာ မလိုပါဘူး။

MatePad T8

Image: HUAWEI

ဒါ့အပြင် Message Application ကိုလည်း Safe Guard လုပ်ထားနိုင်ပြီး ကလေး အချင်းချင်း သိထားတာကိုမှ ကိုယ်နဲ့ ရင်းနှီးတဲ့ သူငယ်ချင်း မိဘတွေရဲ့ ကလေးတွေနဲ့ပဲ ပြောဆိုခွင့်ပေးထားနိုင်တဲ့အတွက် ကိုယ်မသိ ၊ မရင်းနှီးတဲ့ သူစိမ်းတွေနဲ့ စကားပြောနေမလား စိုးရိမ်စရာလည်း မရှိပါဘူး။

Enhanced Protection

အဆိုပါ Feature တွေထက် ချာတိတ်တွေ တကယ်စိတ်ဝင်စားတာက ရုပ်ရှင် ၊ တေးဂီတ ၊ Social Media နဲ့ ဂိမ်းတွေ ဖြစ်တဲ့အတွက် ဒါတွေနဲ့ပဲ အချိန်ကုန်နေရင် ငယ်ငယ်ရွယ်ရွယ်နဲ့ အမြင်အာရုံ ထိခိုက် ပျက်စီးတာမျိုး ကြုံရနိုင်ပါတယ်။

ဆောင်းပါး စကားစီလာကတည်းကိုက Screen Time များလေ အမြင်အာရုံ ပိုမို ထိခိုက်လေ ဆိုတဲ့အတွက် မိဘတွေ သတိမထားမိနိုင်တဲ့ တိုင်အောင် Kids Corner နဲ့ သုံးစွဲရမယ့် အချိန်ကို ကန့်သတ် ပေးနိုင်ပါတယ်။

အခုလို Time Management လုပ်နိုင်တဲ့အပြင် သူတို့တွေ ဘယ်အချိန် Log in ဝင်ထားတယ်အစ သိနိုင်မှာဖြစ်တဲ့အတွက် အရေးပါတဲ့ လုပ်ဆောင်တွေလို့ စာဖတ်သူတွေ သိရှိနိုင်ပါတယ်။

ဒါ့အပြင် စိတ်ဝင်စားစရာတွေ ရှိပါသေးတယ် ၊ အဲ့ဒါက MatePad T8 နဲ့ ကလေးတွေ သုံးနေတဲ့အခါ သူတို့ရဲ့ Physical Health ကို စောင့်ကြည့်ပေးနိုင်မယ့် Tricks တချို့ Kids Corner မှာ ပါဝင်ထားပါသေးတယ်။

Proximity Alert

အဲ့ဒါက ဘာမျိုးလဲဆိုရင် ဆိုကြပါစို့ Tablet (သို့) Laptop ကွန်ပျူတာ သုံးတဲ့အခါမျိုးမှာတောင် အထက်မှာ ပြောသွားတဲ့ Posture ကဏ္ဍအတိုင်း မူမမှန်တဲ့ အနေထား ၊ အသုံးပြုတဲ့ Position ကို အမြင်အာရုံအပြင် အာရုံကြောနဲ့ အဆစ် ၊ မြစ်ကိုပါ နာကျင်စေမယ်ဆိုရင် အသိပေမယ့် Posture Alert ပါ။

တကယ်လို့ တနေရာထဲမှာ အကြာကြီး သုံးနေရင် ရွှေ့ဖို့ ၊ ပြောင်းဖို့ မှန်မှန်ကန်ကန် သုံးဖို့ Kids Corner က အသိပေးမှာပါ။ ဒါ့အပြင် MatePad T8 မှာ Blue Light Filter ၊ Bumpy Road Alerts ၊ eBook Mode အစရှိတဲ့ Eye Protection လုပ်ဆောင်ချက်တွေ ပါဝင်တဲ့အတွက် အကာကွယ် ရစေဦးမှာပါ။

အနှစ်ချုပ် အနေနဲ့ ဆိုရသော် MatePad T8 က Mobile Companion လည်း ဖြစ်သလို မိသားစုတစ်ခုအတွက် လိုအပ်တဲ့ အရာတစ်ခုလို့ ဆိုရမှာပါ။ စျေးနှုန်းအားဖြင့်လည်း သင့်တင့်သလို ဆောင်းပါးတစ်ခုလုံး ဖော်ပြလာတဲ့ စုံလင်တဲ့ Feature တွေကြောင့် Tablet တစ်လုံး စွမ်းဆောင်နိုင်တာက လိုတာထက် ပိုနေပါတယ်။

T8 ဟာ စွမ်းဆောင်ရည်ပိုင်း လှစ်ဟင်းမှု မရှိသလို ကလေးသူငယ်တွေ အသုံးပြုမယ် ဆိုပါက Kids Corner က Digital ခေတ် အားသာချက်ကို Physical Protection အကာကွယ်ပေးရင်း လေ့လာစေနိုင်မှာပါ။ နောက်တနည်း ပြောရင်တော့ နည်းပညာ ကမ္ဘာနဲ့ ပတ်သက်ပြီး လူငယ်တွေ သိလိုစိတ်နဲ့ စူးစမ်းလေ့လာချင်တာကို ပံ့ပိုးလိုက်တဲ့ Perfect First Step လို့ ပြောရမှာပါ။

HUAWEI MatePad T8 Homepage