fbpx

This is digital planet.

MediaTekTech News

MediaTek ရဲ့Gaming SoC အသစ် Helio G90 ဟာ July 30 မှာထွက်ရှိဖို့ရှိနေ

ဒီလအစောပိုင်းလောက်က Snapdragon 855 Plus Chipset ကိုယှဉ်ဖို့ MediaTek ဟာ Gaming Phones တွေအတွက် Helio G90 ကိုထုတ်ဖို့ သတင်းတွေထွက်ရှိခဲ့ပါတယ်။ Snapdragon 855 Plus က High End Chipset ဖြစ်တဲ့အတွက် MediaTek အနေနဲ့ ယှဉ်ဖို့ကြိုးစားတာက စိတ်ဝင်စားဖို့တော့ကောင်းနေပါတယ်။ Gaming Smartphones ဈေးကွက်ကလည်း အရမ်းကြီး မကျယ်ပြန့်သေးတာကြောင့် MediaTek အနေနဲ့ ဘယ်လိုလုပ်ဆောင်နိုင်မလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။

ကြည့်ရတာ MediaTek မှာလည်း Gaming Smartphones တွေအတွက် Idea တွေရှိနေပြီး လုပ်ဆောင်မှုတွေကမြန်နေတာ၊ ခြေလှမ်းသွက်နေတာကို တွေ့ရမှာပါ။ Company ဟာ Helio G-Series SoCs ကို July 30 မှ ာစတင်မိတ်ဆက်ဖို့ စီစဉ်ထားပါတယ်။ G90 ကိုတော့ Shanghai Event မှာ မိတ်ဆက်ဖို့ရှိနေပြီး အဲ့ SoC ကိုအသုံးပြုလာမယ့် Phones တွေကို မကြာခင်မှာတွေ့မြင်ရလာနိုင်ပါတယ်။ Budget SoC တွေကို ထုတ်လုပ်တဲ့ MediaTek အနေနဲ့ Gaming Phone တစ်လုံးကို ဘယ်လောက်ထိစွမ်းဆောင်ပေးနိုင်မလဲ ဆိုတာကိုစောင့်ကြည့်ဖို့တော့ လိုလာပါပြီ။

အခုလက်ရှိမှာတော့ Helio G90 SoC နဲ့ပတ်သတ်ပြီး ဘာ Specification မှထွက်ထားခြင်းမရှိသေးပါဘူး။ Leaked Poster တော့ထွက်ထားပေးမယ့် တစ်ခြားအချက်အလက်တွေမပါဘဲ Mobile Gaming တွေအတွက် Target ထားတယ်လို့ထင်ရပါတယ်။

MediaTek SoCs တွေအနေနဲ့ SoC လောကပိုင်းမှာ နာမည်ရခဲ့ခြင်းသိပ်မရှိပေမဲ့ Gaming အတွက် Target ထားလာသလို ထုတ်လုပ်နေတာက Company အတွက် ပိုစိတ်ဝင်စားဖို့ကောင်းပါတယ်။ အရင်က အခြား ပြိုင်ဘက် SoC တွေနဲ့ယှဉ်ရင် GPU ဘက်မှာ အသာရခဲ့ခြင်းမျိုးမရှိခဲ့ပါဘူး။ ဒါပေမယ့် အခုထွက်ရှိမဲ့ Mobile Gaming ပိုင်းကို ဦးစားပေးထားတဲ့ SoC ကြောင့် အဲ့အခြေအနေကနေ လွတ်မြောက်လာနိုင်မလားဆိုတာ စောင့်ကြည့်ရမဲ့ အြခေအနေပါ။

Ref: GIZMOCHINA