fbpx

This is digital planet.

MediaTekTech News

MediaTek ဟာ Mid-range ဖုန်းတွေအတွက် 5G chipset ကိုပြုလုပ်နေပြီး နောက်နှစ်မှာ ပို့ဆောင်လာနိုင်

ထိုင်၀မ် Chipmaker တစ်ခုဖြစ်တဲ့ MediaTek ကတော့ သူတို့ရဲ့ Flagship chip အပိုင်းမှာ အကြာကြီး ပျောက်နေပါခဲ့ပါတယ်။ အကြောင်းက Qualcomm ဟာ Flagship Chip မှာ ကြီးစိုးနေလို့ပါ။ အဲ့အတွက် ကုမ္ပဏီဟာ အရင်တုန်းကအောင်မြင်ခဲ့တဲ့ သူ့တို့ရဲ့ Mid range နဲ့ budget chip အပိုင်းကို အာရုံစိုက်ရမယ့် အစား Flagship ပိုင်းကို ပြောင်းလဲလာပါတော့တယ်။ MediaTek ဟာ 5G Connectivity ပါ၀င်လာမယ့် Flagship တန်း Chip ကိုထုတ်ဖို့ ရှိနေပါတယ်။

ကုမ္ပဏီအနေနဲ့ သူတို့ရဲ့ 5G chipset ကို Q4 2019 မှာ စတင်ပို့ဆောင်ဖို့ စီစဉ်ပြီးဖြစ်ပါတယ်။ MediaTek ရဲ့ ပထမဆုံး 5G chipset modem ဖြစ်တဲ့ Helio M70 ကို အရင်နှစ်တုန်းက စတင် ကြေညာခဲ့ပါတယ်။ Flagship ပိုင်းကို အထူးအာရုံစိုက်နေချိန်မှာ Media Tek ဟာ သူတို့ရဲ့ ခိုင်မြဲတဲ့ Mid-range ပိုင်းမှာ အားရုံလျော့လာမှာ မဟုတ်ပါဘူး။

တရုတ်က တင်ပို့ချက်တစ်ခုအရ ကုမ္ပဏီအနေနဲ့ midrange 5G chipsets တွေမှာ အသုံးပြုလာမယ့် 7nm chipset ကိုထုတ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ‌အဲ့အပြင် Chipset ဟာ ပိုပြီးဈေးသက်သာလာမှာပါ။ တရုတ် Blog တစ်ခုဖြစ်တဲ့ MyDrivers တင်ထားတဲ့သတင်းအရ Chipset architecture ဟာ Helio M70 modem နဲ့တူလာမှာပါ။ အခု Chip ဟာ codename “MT6873” နဲ့လာဖို့ရှိနေပြီး အရွယ်အစားပိုသေးလာကာ ဈေးလည်းပိုသက်သာလာမှာပါ။ ကုမ္ပဏီအနေနဲ့ ထို Chipset ကို Q2 2020 မှာ အများအပြား စတင်ထုတ်ဖို့ရှိနေပါတယ်။ ဆိုလိုတာက ထို Chipset ကိုသုံးလာမယ့်ဖုန်းဟာ Q3 ဒါမှမဟုတ် Q4 2020 မှာ တွေ့လာရနိုင်ပါတယ်။ ကုမ္ပဏီဟာ MT6885 နဲ့ MT6873 5G SoCs တို့နဲ့အတူ 10million ‌Chipsets ခန့် တင်ပို့ရောင်းချနိုင်လိမ့်မယ်လို့ မျှော်မှန်းထားပါတယ်။

အဲ့အပြင် MediaTek ဟာ သူ့တို့ရဲ့ အပေါ်က Chipsets နှစ်ခုကို ထုတ်ပြီးသွားခဲ့ရင် TSMC ရဲ့ 6nm EUV process ကိုပြောင်းလဲလာနိုင်ပါတယ်။ 6nm SoC ဟာ ထိုင်၀မ် ကုမ္ပဏီ MediaTek အတွက်ပထမဆုံး EUV product ဖြစ်လာမှာပါ။ အခုလက်ရှိ 6nm SoC မှာ စုစုပေါင်း Design လေးခုရှိပြီး CPU နဲ့ GPU အကုန်လုံး အဆင့်မြှင့်လာမှာပါ။

Ref: Gizmochina