This is digital planet.

Tech News

တန်ဖိုးသင့် ဖုန်းတွေမှာ မြင်ရဦးမယ့် MediaTek ရဲ့ Dimensity 720 5G Processor

ခုချိန်က စမတ်ဖုန်းတွေလည်း မှိုလိုပေါက် ၊ ဆက်တိုက်ဆိုသလို တမျိုးပြီးတမျိုး မရိုးရအောင် ထွက်ရှိနေချိန် Chip Manufacturer ကြီးတွေလည်း အကြိတ်နယ် စျေးကွက်ယူနေရဆဲပါ။

ဒီလို စကားချီးစလိုက်ရပေမယ့် သုံးစွဲသူအများစု စိတ်ဝင်တစား ဖြစ်ကျတာ သင့်တင့်တဲ့ တန်ဖိုးတစ်ခုနဲ့ ထိုက်တန်တဲ့ စွမ်းဆောင်ရည်မျိုး ပေးစွမ်းတဲ့ စမတ်ဖုန်းမျိုးပါ။

Price-to-performance ခေါင်းစဥ်အောက် သွားနေသည် ဆိုသော်ငြား Brand တွေရဲ့ ချဥ်းကပ်မှုက ဖုန်းတစ်မျိုးနဲ့တစ်မျိုး တူညီလုနီးပါးဖြစ်သွားစေလို့ အသစ် ၊ အသစ်သော နည်းပညာ စောင့်မျှော်နေသူတွေအတွက် လေ့လာစရာ မရှိသလို ဖြစ်နေတာပါ။

Dimensity 720

ဒီသဘောတရားက Budget နဲ့ High-end တန်းမှာလည်း အတူတူပဲ ဖြစ်သလို နည်းပညာသစ် ၊ Hardware အသစ်သုံးလာရင် ဘာထူးမလဲ စိတ်ဝင်စားသူအတွက် MediaTek ရဲ့ Budget SoC အကြောင်း နည်းနည်းလေး ပြောချင်ပါတယ်။

2020 မှတ်ကျောက်တစ်ခုက 5G ပါဝင်ခြင်း ၊ မပါဝင်ခြင်း ဖြစ်သလို မိုဘိုင်း Chipset တစ်ခုအတွက် 5G နည်းပညာ အသုံးပြုထားတာ အားသာချက်တစ်ခုလို့ ဆိုရမှာပါ။

Dimenstiy 5G

Image: The Phone Talks

ဒီလိုပြောရင် Snapdragon ရဲ့ 765G ၊ 730G အစရှိတဲ့ 5G Chip တွေကို Mid-range တန်း ဆွဲသွင်းရမှာဖြစ်ပြီး MediaTek အနေနဲ့ ဘယ်လို Approach လုပ်ထားလဲ? Comparison ပုံစံမျိုးထက် အခုဖော်ပြသွားမယ့် အကြောင်းအရာက Specification Highlight ဖက်ပဲ သွားမှာပါ။

Dimensity 720 ဟာ 7nm Process မှာ ထုတ်လုပ်ထားတာ ဖြစ်ပြီး ထုံးစံအတိုင်း Power Efficient Cores နဲ့ Performance Cores ရယ်လို့ ပါဝင်မှာပါ။

Built-on 7nm Process

ဒိအတွက် Cortex-A76 (Performance) ၂ လုံးနဲ့ Cortex-A55 (Efficient) ၆ လုံး အသုံးပြုထားမှာဖြစ်ပြီး Mali-G57 MC3 GPU နဲ့ တွဲဖက်ပေးထားမှာပါ။

အဆိုပါ Chipset ဟာ LPDDR4x RAM ကို ထောက်ပံ့ထားပြီး UFS 2.1 Storage Solution တွေ အသုံးပြုပေးနိုင်မယ်။ 5G Tier ဖြစ်တဲ့အတွက် sub-6GHz Standard ပါရှိမှာဖြစ်ပြီး MediaTek အဆိုရ ပါဝါသုံးစွဲမှုကို Dimensity 1000 စီးရီးအတိုင်း လျှော့ချပေးနိုင်မယ်။

ဒါကြောင့် 5G UltraSave Technology လို့ ခေါင်းစဥ်တပ်ပေးထားသလို 90Hz Refresh Rate ထောက်ပံ့ထားတယ်လို့ သိရပါတယ်။ အလားတူ HDR10+ အထိ Support လုပ်ထားပေးပြီးတော့ A.I ပိုင်းအတွက် Advanced APU နဲ့ Bluetooth 5.1 ချိတ်ဆက်မှုတို့ ပါဝင်လာမှာပါ။

Dimensity 720

Image: GSMArena

ကင်မရာပိုင်းမှာ 64MP ဒါမှမဟုတ် 20MP+16MP Dual Setup ကို Support လုပ်ထားပြီး 4K ဗီဒီယို ရိုက်ကူးနိုင်မယ်လို့ ကြေညာထားပါတယ်။

ဒါကြောင့် Dimensity 720 ဟာလည်း Snapdragon နည်းတူ Keep-up လုပ်နိုင်မယ်လို့ သုံးသပ်ရပြီး လာမယ့်လ အနည်းငယ်အတွင်း မြင်ရမယ်လို့ MediaTek ဆိုထားပါတယ်။

အဆိုပါ Chipset အသုံးပြုထားမယ့် စမတ်ဖုန်းတန်ဖိုးနဲ့ ပတ်သက်လို့ ကျွမ်းကျင်သူတွေ သုံးသပ်ထားတာက Dimensity 820 ဖုန်းရဲ့ $250 တန်ဖိုးထက် ပိုနည်းမယ်ဆိုတဲ့အချက်ပဲ ဖြစ်ပါတယ်။

တကယ်လို့ Competing Price နဲ့ ထွက်ရှိလာမယ်ဆိုရင် MediaTek Chip တွေဟာ တန်ဖိုးသင့်ဖုန်း ရွေးချယ်လိုသူအတွက် စဥ်းစားစရာ ဖြစ်လာဦးမှာပါ။

Source: GSMArenaMediaTek 720 Homepage