fbpx

This is digital planet.

MeizuTech News

Meizu ရဲ႕ Mid Range မ်ိဳးဆက္သစ္ Note 9 အခ်က္ထြက္ေပၚ

Zawgyi

Meizu ရဲ႕ Mid-range မ်ိဳးဆက္သစ္ Meizu Note 9 ရဲ႕ အခ်က္အလက္တစ္ခ်ိဳ႕ ထြက္႐ွိလာခဲ့ပါတယ္။ ထူးဆန္းတာက အဲဒီ Information အေတာ္မ်ားမ်ားကို Official Forum Site မွာ Spoil ေနတဲ့သူက Meizu CEO ႀကီး Jack Wong ကိုယ္တိုင္ပါ။

လတ္တေလာမွာ Forum Member တစ္ေယာက္တင္ခဲ့တဲ့ Leaked Photo အရ Note 9 ရဲ႕ ေ႐ွ႕ဘက္ Design ကို ျမင္ေတြ႔ခဲ့ရၿပီး Meizu ရဲ႕ ပထမဆံုး Waterdrop Notch သံုးတဲ့ဖုန္း ျဖစ္လာေတာ့မွာပါ။

Specification ေတြအေနနဲ႔ 6.3″ Display ကို သံုးလာႏိုင္ၿပီး အေပၚဘက္မွာ Headphone Jack လည္း ပါဝင္လာဦးမွာပါ။ Camera အေနနဲ႔ကေတာ့ လက္႐ွိမွာ Hot ေနတဲ့ 48MP Samsung Bright GM1 Sensor ကို သံုးလာႏိုင္ေျခ႐ွိပါတယ္။ ဓာတ္ပံုမွာ ေက်ာဘက္ Design ကို မေဖာ္ျပထားေပမယ့္ Fingerprint Scanner ကေတာ့ ေက်ာဘက္မွာပဲ ႐ွိေနဖို႔မ်ားပါတယ္။

 

Meizu Note 9 render

 

Xiaomi ရဲ႕ Redmi Note 7 ကို ယွဥ္ဖိုက္ဖို႔ ရည္ရြယ္လာႏိုင္တဲ့ Meizu Note 9 မွာ Snapdragon SOC အသစ္ျဖစ္တဲ့ SD 675 (6150) နဲ႔ ပြဲထြက္လာႏိုင္ၿပီး 4000 mAh Battery ကို သံုးလာႏိုင္ပါတယ္။ System ပိုင္းမွာေတာ့ Android Pie ကို အေျခခံတဲ့ Flyme UI ကို သံုးလာႏိုင္ပါတယ္။

Redmi ကို စိန္ေခၚဖို႔ျပင္ဆင္လာႏိုင္တဲ့ Meizu Note 9 ရဲ႕ေစ်းဟာလည္း Note 7 နဲ႔ မတိမ္းမယိမ္းမွာ ႐ွိလာႏိုင္ၿပီး တ႐ုတ္ျပည္ရဲ႕ ေႏြဦးပြဲေတာ္အၿပီး၊ ၂၀၁၉ ေဖေဖာ္ဝါရီေလာက္မွာ တရားဝင္ မိတ္ဆက္လာႏိုင္မယ္လို္႔ ခန္႔မွန္းေနၾကပါတယ္။ ဒီအတိုင္းသာဆိုရင္ Redmi အတြက္ ၿပိဳင္ဘက္ေကာင္းတစ္ေယာက္ ထပ္တို္းလာႏိုင္ေျခ႐ွိေနပါတယ္။

Unicode

Meizu ရဲ့ Mid-range မျိုးဆက်သစ် Meizu Note 9 ရဲ့ အချက်အလက်တစ်ချို့ ထွက်ရှိလာခဲ့ပါတယ်။ ထူးဆန်းတာက အဲဒီ Information အတော်များများကို Official Forum Site မှာ Spoil နေတဲ့သူက Meizu CEO ကြီး Jack Wong ကိုယ်တိုင်ပါ။

လတ်တလောမှာ Forum Member တစ်ယောက်တင်ခဲ့တဲ့ Leaked Photo အရ Note 9 ရဲ့ ရှေ့ဘက် Design ကို မြင်တွေ့ခဲ့ရပြီး Meizu ရဲ့ ပထမဆုံး Waterdrop Notch သုံးတဲ့ဖုန်း ဖြစ်လာတော့မှာပါ။

Specification တွေအနေနဲ့ 6.3″ Display ကို သုံးလာနိုင်ပြီး အပေါ်ဘက်မှာ Headphone Jack လည်း ပါဝင်လာဦးမှာပါ။ Camera အနေနဲ့ကတော့ လက်ရှိမှာ Hot နေတဲ့ 48MP Samsung Bright GM1 Sensor ကို သုံးလာနိုင်ခြေရှိပါတယ်။ ဓာတ်ပုံမှာ ကျောဘက် Design ကို မဖော်ပြထားပေမယ့် Fingerprint Scanner ကတော့ ကျောဘက်မှာပဲ ရှိနေဖို့များပါတယ်။

 

Meizu Note 9 render

 

Xiaomi ရဲ့ Redmi Note 7 ကို ယှဉ်ဖိုက်ဖို့ ရည်ရွယ်လာနိုင်တဲ့ Meizu Note 9 မှာ Snapdragon SOC အသစ်ဖြစ်တဲ့ SD 675 (6150) နဲ့ ပွဲထွက်လာနိုင်ပြီး 4000 mAh Battery ကို သုံးလာနိုင်ပါတယ်။ System ပိုင်းမှာတော့ Android Pie ကို အခြေခံတဲ့ Flyme UI ကို သုံးလာနိုင်ပါတယ်။

Redmi ကို စိန်ခေါ်ဖို့ပြင်ဆင်လာနိုင်တဲ့ Meizu Note 9 ရဲ့ဈေးဟာလည်း Note 7 နဲ့ မတိမ်းမယိမ်းမှာ ရှိလာနိုင်ပြီး တရုတ်ပြည်ရဲ့ နွေဦးပွဲတော်အပြီး၊ ၂၀၁၉ ဖေဖော်ဝါရီလောက်မှာ တရားဝင် မိတ်ဆက်လာနိုင်မယ်လို့် ခန့်မှန်းနေကြပါတယ်။ ဒီအတိုင်းသာဆိုရင် Redmi အတွက် ပြိုင်ဘက်ကောင်းတစ်ယောက် ထပ်တိုးလာနိုင်ခြေရှိနေပါတယ်။

Soure