fbpx

This is digital planet.

MeizuTech News

Meizu 16s မှာ SD855 နဲ့ 48MP Sony IMX586 sensor ပါဝင်လာမည်

Meizu အနေနဲ့ မကြာခင်မိတ်ဆက်တော့မဲ့ flagship စမတ်ဖုန်းတစ်လုံးဖြစ်တဲ့ Meizu 16s မှာတော့များစွာသော တိုးတက်မှုတွေကိုမြင်တွေ့ရဖွယ်ရှိနေပါတယ်။ Meizu 16s နဲ့ပက်သက်တဲ့ အကြောင်းနဲ့ Spec တော်တော်များများကိုတော့ ကောလဟာလတွေ Leak တွေကနေတဆင့်သိရှိလာခဲ့ရပါတယ်။ အရင်ကထဲက Meizu သတင်းတွေကိုထုတ်ပြန်ပေးလေ့ရှိတဲ့ founder ဖြစ်သူ Jack Wong မှ Meizu 16s မှာ OIS (Optical Image Stabilization) နဲ့အတူ 48MP Sony IMX 586 sensor လည်းပါဝင်မယ်လို့ထုတ်ပြန်ပေးသွားခဲ့ပါတယ်။

Meizu Community အတွင်းမှာရှိတဲ့ user တွေရဲ့ မေခွန်းတွေကိုဖြေကြားရမှာတော့ Jack Wong အနေနဲ့ Meizu 16s ရဲ့ကင်မရာအကြောင်းကိုရှင်းလင်းဖြေကြားခဲ့ပါတယ်။ အရင်ကထွက်ပေါ်ခဲ့တဲ့ ကောလဟာလတွေအရ Meizu 16s မှာ 20MP Sony IMX350 နဲ့ 12MP Sony IMX380 sensors တွေကိုသုံးလာမယ်လို့သတင်းတွေထွက်ပေါ်ခဲ့ဖူးပါတယ်။ ဆက်လက်ပြီး Jack Wong အနေနဲ့ ကင်မရာ Sensors တွေအများကြီးပါဝင်တာဟာ အခြား ကင်မရာလုပ်ဆောင်ချက်တွေအတွက်ကောင်းမွန်ပေးမဲ့ များသောအားဖြင့် ဓာတ်ပုံရိုက်ကူးတဲ့နေရာမှာတော့ အဓိက primary sensors ကိုအသုံးပြုရတာများတယ်လို့ပြန်လည်ဖြေကြားခဲ့ပါတယ်။ ထုတ်လုပ်မှုပိုင်းကရရှိတဲ့ သတင်းအသစ်တွေမှာတော့ ဒီ Meizu 16s မှာကျောဘက် ကင်မရာ ၁လုံးသာ ပါဝင်လာဖွယ်ရှိတယ်လို့လည်းထွက်ပေါ်လျက်ရှိနေပါတယ်။

Meizu 16s camera

အရင်ထွက်ပေါ်ခဲ့တဲ့ Leak တွေအရ Meizu 16s မှာတော့ Qualcomm ရဲ့ Snapdragon 855 7nm SoC ကိုသုံးလာမယ်လို့သိရပြီး Adreno 640 GPU လည်းပါဝင်မှာဖြစ်ပါတယ်။ 6GB RAM နဲ့ 128GB တို့ထည့်သွင်းပေးမယ်လို့သိရပြီး Display ပိုင်းကိုတော့ 6.2-inch AMOLED Full HD+ display ကိုသုံးလာမှာဖြစ်ကာ Corning Gorilla Glass 6 နဲ့ကာကွယ်ပေးထားမယ်လို့လည်းသိရပါတယ်။ Meizu 16s အနေနဲ့လည်း Meizu 16 ထက်ပိုမိုပြားလွှားမယ်လို့လည်းသိရပါတယ်။

ဒီ Meizu 16s မှာတော့ အရင် version ထက် Snapdragon 855 နဲ့ 48MP Sony IMX586 တို့ကတော့နဲ့အဓိကတိုးတက်မှုအနေနဲ့ပါဝင်လာမှာဖြစ်ပါတယ်။ အလွန်ပါးလွှာတဲ့ 3600 mAh ဘက်ထရီကိုလည်းထည့်သွင်းပေးထားဖို့ရှိနေပြီး Fast charging နဲ့ wireless charging တို့ကိုလည်းထောက်ပံ့ပေးဖို့ရှိနေပါတယ်။ CEO ရဲ့ပြောကြားချက်အရ Meizu 16s အနေနဲ့ April လောက်မှာထွက်ရှိဖို့လည်းရှိနေပါတယ်။ ဈေးနှုန်းအနေနဲ့ ယွမ် ၃၃၀၀ (ဒေါ်လာ ၄၉၀/မြန်မာငွေ ၇ သိန်းခွဲဝန်းကျင်) လောက်နဲ့ပွဲထွက်လာဖွယ်ရှိပါတယ်။ Meizu ရဲ့အဓိက ပြိုင်ဘက်က Xiaomi ဖြစ်တဲ့အတွက် အခုထွက်ရှိလာမဲ့ Meizu 16s အနေနဲ့လည်း Xiaomi Mi 9 ကိုအဓိကယှဉ်ပြိုင်ရဖွယ်ရှိနေပါတယ်။

Ref: gizmochina

Photo from ktelegram