fbpx

This is digital planet.

Tech News

Meizu 16s ရဲ့ Geekbench Scores များထွက်ရှိလာ

Meizu 16s ကတော့ ယခုနှစ်မှာထွက်ရှိမဲ့ Flagship ဖုန်းအသစ်ဖြစ်ပါတယ်။ Meizu ရဲ့ Founder အနေနဲ့လည်း ဒီဖုန်းကို Meizu forum တွေမှာခဏခဏထုတ်ဖော်ပြသနေတာကိုလည်းမြင်တွေ့နေရပါတယ်။ ဒီနေ့မှာတော့ Meizu 16s လို့ထင်ရတဲ့ဖုန်းတစ်ခုဟာ Geekbench မှာမြင်တွေ့ခဲ့ရပြီး Codename alps m1971 ဆိုပြီးဖော်ပြထားပါတယ်။

ဒီ ဖုန်းမှာတော့ Snapdragon 855 SoC ကိုအသုံးပြုထားတာကိုမြင်တွေ့ခဲ့ရပြီး ပုံတွေအရ Meizu 16s ဟာ Meizu 16th ထက် Bezels ပိုမိုပါးလွှားနေတာကိုမြင်တွေ့ခဲ့ရပါတယ်။ ဖုန်းရဲ့အပေါ်ဘက် ဘောင် နဲ့ နောက် chin ကတော့ အနည်းငယ်ထူပြီး အပေါ်ဘက် ဘယ်ဘက်ထောင့်နားလေးမှာ ရှေ့ကင်မရာ အပေါက်လေးကိုမြင်တွေ့ရပါတယ်။ Geekbench score အနေနဲ့ Single core scores မှာ 3778 points ရရှိခဲ့ပြီး Multi-core scores အနေနဲ့ 10493 points အသီးသီး ရရှိခဲ့ပါတယ်။

အရင်ကထွက်ရှိခဲ့တဲ့ Meizu 16s ရဲ့ Spec တွေကတော့ 6.2-inch Full HD+ notch-less display ပါဝင်မှာဖြစ်ပြီး Snapdragon 855 ကိုအသုံးပြုလာမှာဖြစ်ကာ Sony ရဲ့ 48MP IMX 586 sensor နဲ့အတူ OIS (Optical Image Stabilization) လည်းပါဝင်မယ်လို့သိရပါတယ်။ Meizu 16s အနေနဲ့လည်း 3C ထောက်ခံချက်ရရှိထားပြီးလို့ TENAA မှာအရင်ကမြင်တွေ့ခဲ့ရပြီး နောက်လ April မှာ မိတ်ဆက်ပေးနိုင်ဖို့မျှော်လင့်ရပါတယ်။

Ref: Gizchina