fbpx

This is digital planet.

MeizuTech News

Meizu Note 9 ရဲ့ဈေးနှုန်းများထွက်ရှိလာခဲ့

မတ်လ ၆ ရက်နေ့မနက်ဖြန်မှာမိတ်ဆက်ပေးတော့မဲ့ Meizu Note 9 ရဲ့ဈေးနှုန်းများထွက်ရှိလာခဲ့ပါတယ်။ Meizu အနေနဲ့ Note 9 ရဲ့မိတ်ဆက်ပွဲကို တရုတ်နိုင်ငံ Beijing မှာပြုလုပ်မှာဖြစ်ပါတယ်။ ဒီဈေးနှုန်းတွေကိုတော့ Retailer store ကနေမြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

Meizu Note 9 မှာတော့ RAM 4GB + 64 GB storage နဲ့ RAM 6GB + 64GB storage ဆိုပြီး ၂ မျိုးထွက်ရှိမှာဖြစ်တယ်လို့သိရပါတယ်။ ဈေးနှုန်းတွေအနေနဲ့ RAM 4GB version ကိုတော့ ယွမ် ၁၆၉၉ (ဒေါ်လာ ၂၅၃ / မြန်မာငွေ ၃ သိန်း ၉ သောင်းဝန်ကျင်) နဲ့ RAM 6GB version ကိုတော့ ယွမ် ၁၈၉၉ (ဒေါ်လာ ၂၈၃ / မြန်မာငွေ ၄ သိန်း ၄ သောင်းဝန်းကျင်) ခန့်ကျသင့်မယ်လို့သိရပါတယ်။

Meizu Note 9

Meizu အနေနဲ့ Note 9 နဲ့အတူ Note 9 Lite ကိုလည်း မိတ်ဆက်ပေးဖွယ်ရှိနေတယ်လို့သိရပါတယ်။ ခန့်မှန်းချက်တွေအရ Meizu Note 9 မှာ SD 675 ကိုသုံးထားတဲ့အတွက် Note 9 Lite မှာတော့ SD 660 ကိုသုံးလာဖွယ်ရှိတယ်လို့သိရပါတယ်။ ဒါအပြင် Note 9 Lite မှာ Full HD+ water-drop notch လည်းပါဝင်လာနိုင်တယ်လို့သိရပါတယ်။

Meizu Note 9 ရဲ့ Spec တွေကတော့ အားလုံးသိကြတဲ့အတိုင်းပဲ 6.2-inch display , 4000 mAh ဘက်ထရီ 18W fast charging support နဲ့ ကျောဘက်မှာတော့ 48MP (Samsung ISOCELL bright GM1) + 5MP ကင်မရာတို့ပါဝင်နဲ့ Fingerprint scanner တို့ပါဝင်မှာဖြစ်ကာ ရှေ့ကင်မရာကိုတော့ 20MP sensor ကိုသုံးထားပေးမှာဖြစ်ပါတယ်။ SD 675 SoC ကိုသုံးလာမှာဖြစ်ပြီး Flyme 7 OS ကို Andriod 9 Pie အပေါ်အခြေခံပြီး မောင်းနှင်ပေးထားမှာဖြစ်ပါတယ်။ Dark Ochre, Silver Ochre နဲ့ Starry Blue စတဲ့ကာလာတွေနဲ့ ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ Meizu ရဲ့ Meizu Note 9 အနေနဲ့ ဈေးကွက်ထဲမှာလတ်တလော ထွက်ရှိထားတဲ့ Redmi Note 7 Pro နဲ့ အဓိကယှဉ်ပြိုင်ရဖွယ်ရှိနေပါတယ်။

Ref: Gizmochina