fbpx

This is digital planet.

MeizuTech News

Meizu Note 9 Preview (Formidable Rival)

Xiaomi နဲ့ပတ်သက်ရင် Allergic ရှိသူတွေအတွက် Redmi Note 7 အစား ရွေးချယ်စရာဖုန်းတစ်လုံးကိုတော့ Meizu ကနေ မိတ်ဆက်လိုက်ပါပြီ။ ဟုတ်ပါတယ်၊ အဲဒါကတော့ Meizu ရဲ့ Note 9 ပါ။ ဆိုတော့ကာ သူ့မှာ Note 7 ကိုယှဉ်ဖို့ ဘယ်လို Feature တွေ ပါလာမလဲ?

Image result for meizu note 9

Design & Built Quality

Note 8 နဲ့ ယှဉ်ရင်တော့ Note 9 ရဲ့ Design က သိပ်ပြီး Original မဆန်ပေမယ့် Glass Sandwich Body နဲ့မို့ ပိုပြီးဟိတ်ဟန်ရှိတယ်လို့ ခံစားရစေမှာပါ။ ရှေ့မျက်နှာပြင်မှာတော့ DewDrop Notch နဲ့ Display ပါဝင်ပြီး Meizu ကတော့ Note 9 ရဲ့ Chin ဟာ 5.35mm နဲ့ ဘေးဘောင်တွေကတော့ 3.1mm ပဲထူမယ်လို့ ဆိုထားပါတယ်။ Fingerprint က ဖုန်းရဲ့ကျောဘက်မှာပါရှိပြီး အောက်ဘက်မှာတော့ 3.5mm Headphone Jack နဲ့အတူ USB Type C တို့ကိုလည်း မြင်တွေ့ရမှာပါ။

Display & Battery

Meizu Note 9 မှာ 6.2” Full HD+ LCD Display ကို သုံးထားပြီး Screen-to-body Ratio အနေနဲ့ 89% အထိ ရှိပါသတဲ့။ Battery အနေနဲ့ 4,000 mAh ကိုမှ Quick Charge 3.0 Support ပေးလို့ အားသွင်းမြန်ဆန်မှာပါ။ ခုလို 4,000 mAh သုံးတဲ့ဖုန်းချင်းအတူတူမှာ ဖုန်းအလေးချိန်က 169.7g ပဲရှိတာကတော့ Meizu Note 9 ကိုချီးကျူးရမှာပါ။

Image result for meizu note 9

SOC & Camera

Redmi Note 7 ထက် အသာရစေတဲ့အချက်နှစ်ချက်ကို Meizu မှာ တွေ့ရမယ့်အပိုင်းပါ။ ပထမအချက်အနေနဲ့ Snapdragon 675 Chipset ကို သုံးပေးထားတဲ့အပြင် Meizu ရဲ့ Hyper Gaming Technology ကြောင့် Performance ပိုင်းမှာ SD 660 ထက် ပိုကောင်းနိုင်ပါတယ်။ နောက်တစ်ချက်က Selfie Camera ပါ။ Meizu Note 9 မှာ 20 MP Selfie ကိုမှ Arcsoft နဲ့အတူ Meizu ရဲ့ ကိုယ်ပိုင် AI Beauty Mode နဲ့ တွဲသုံးထားတာမို့ Selfie ပိုင်းမှာ ပိုကောင်းဖို့ရှိနေပါတယ်။

စိတ်မကောင်းစွာနဲ့ပဲ သူ့ရဲ့နောက်ဘက် Camera က Samsung ISOCELL Sensor နဲ့ 48 MP, f/1.9 Camera မို့ Note 7 Pro မှာလိုတော့ True 48 MP ကို ခံစားနိုင်မှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် Meizu က Upscaling နည်းပညာနဲ့ 48 MP Photo တွေရိုက်နိုင်အောင် ဖန်တီးထားသလို Low Light အတွက် Night Mode ကိုပါ ထည့်သွင်းပေးထားပါတယ်။

Image result for meizu note 9

UI & Price

Meizu Note 9 မှာ Android 9 ကို အခြေခံထားတဲ့ Flyme 7.2 ကို သုံးထားပြီး အရောင်အနေနဲ့ အဖြူ၊ အနက်၊ အပြာ အရောင်သုံးမျိုးကို ရရှိနိုင်မှာပါ။ သူ့ရဲ့ Basic Model အနေနဲ့ 64/4 GB Version ကို Redmi Note 7 ထက် 1 ယွမ်ပိုနည်းတဲ့ 1398 Yuan (မြန်မာငွေ ၃သိန်း ၂သောင်း ဝန်းကျင်) ကနေ စပါမယ်။ ထူးဆန်းတာက ဈေးပိုများတဲ့ 1598 Yuan (မြန်မာငွေ ၃သိန်း ၆သောင်း ဝန်းကျင်) မှာ 64/6 GB နဲ့ 128/4 GB Version နှစ်မျိုးကို ရွေးချယ်နိုင်မှာပါ။

ဆိုလိုတာက Storage များတာရွေးမလား၊ RAM များတာရွေးမလားပေါ့။ တရုတ်ပြည်မှာတော့ Meizu Note 9 ကို March 11 ကနေ စတင်ရောင်းချပေးသွားမှာဖြစ်ပြီး မြန်မာပြည်ကို တရားဝင်တင်သွင်းဖြစ်ခဲ့ရင်တောင် Global Version ကို စောင့်ရနိုင်သလို ဈေးနှုန်းကိုလည်း ခုထက်ပိုပြီးတွက်ထားဖို့ လိုအပ်ပါလိမ့်မယ်။ ဆိုတော့ကာ Meizu Note 9 အနေနဲ့ Redmi Note 7 တွေကလည်း ဒီမှာဈေးကျတာနဲ့ Note 7 Pro Global အလုံးတွေဝင်တာကြားမှာ 7,8,9 (Seven ate Nine) ဖြစ်မသွားဖို့ပဲ ဆုတောင်းနေမိပါတယ်။

Ref: Gizmochina
Photos: Weibo & Gizmochina