fbpx

This is digital planet.

MeizuTech News

Meizu Zero အကြောင်း တစ်စေ့တစ်စောင်း (Silencer)

Non-porous Design ဆိုတဲ့ Terms ကို Smartphone User အတော်များများ နားစိမ်းကောင်းစိမ်းနေပါလိမ့်မယ်။ သာမန် Smartphone တစ်လုံးမှာ ယေဘုယျအားဖြင့် လိုအပ်၊ ပါဝင်နေသေးတဲ့ Micro USB ပေါက်၊ Physical Button (Power and Volume) ၊ Sim Card Slot တွေကို ဖျောက်ပြီး အပေါက်ရယ်လို့ မပါအောင် ဖန်တီးထားတဲ့ Design ကို Non-porous Design လို့ အမည်ပေးထားပါတယ်။ ဒီ Design နဲ့ပတ်သက်ပြီး ရှေ့ရက်ပိုင်းတွေက Vivo ကနေ Waterdrop ဆိုတဲ့ Code Name နဲ့ Non-porous Smartphone ကို MWC မှာပထမဆုံးမိတ်ဆက်သွားမယ်လို့ သတင်းတွေထွက်ပေါ်နေချိန်မှာ Meizu ကနေပြီး သူတို့ရဲ့ Meizu Zero Smartphone ကို ဒီနေ့မှာပဲ မိတ်ဆက်သွားခဲ့ပါတယ်။

Meizu Zero ရဲ့ Main Selling Point ကိုပြောပါဆိုရင် အပေါက်မပါတဲ့ သူ့ရဲ့ Design လို့ အလွယ်ပြောရမှာပါ။ Ceramic Unibody ကို နောက်ကျောဘက်မှာသုံးပေးထားပြီး 5.99” ရှိတဲ့ AMOLED Curved Display နဲ့မို့ ရုတ်တရက်ကိုင်ကြည့်ရင် အချောကိုင်ထားတဲ့ ကြွေပြားတစ်ချပ်ကို ကိုင်ရတဲ့ Feeling မျိုးနဲ့ တူကောင်းတူနေပါလိမ့်မယ်။ (Meizu ကတော့ One Piece Design လို့ သုံးနှုန်းထားပါတယ်)

အလုံပိတ်ဆန်တဲ့ Design နဲ့ အတူ Meizu Zero ဟာ ရေစိုခံဖုန်းတစ်လုံးဖြစ်လာခဲ့ပါပြီ။ IP68 Water & Dust Resistance ပါဝင်တဲ့ ပထမဆုံး Meizu Smartphone ဆိုလည်းမမှားပါဘူး။ ဒါပေမယ့် ဖျောက်ပစ်လိုက်တဲ့အပေါက်တွေအတွက် အစားထိုးရတဲ့နည်းပညာတွေကတော့ အတော်များပါတယ်။

– Phyiscal Power နဲ့ Home Button တွေနေရာမှာ Pressure Sensitive Virtual Button တွေ ပါလာတယ်။
– Sim Card Slot မပါတာမို့ E Sim ကိုပဲ အသုံးပြုနိုင်မယ်။
– Speaker ပေါက် မပါတော့လို့ Display မျက်နှာပြင်ကို တုန်ခါမှုပေးပြီး အသံထုတ်လုပ်ပေးမယ့် Screen Sound Technology ကို သုံးလာမယ်။
– နားကြပ်ပေါက်အပြင် Micro USB ပေါက်ပါ ပျောက်ပြီမို့ သီချင်းနားထောင်ဖို့ဆိုရင် Bluetooth Earphone ကို ကျိန်းသေပေါက် သုံးရမှာပါ။
– အားသွင်းဖို့အတွက် M Charge 2.0 Wireless Charging ပါဝင်လာမှာဖြစ်ပြီး သူ့ရဲ့ 18W Charger ဟာ လက်ရှိအချိန်မှာတော့ အမြန်ဆုံး Wireless Charger လို့ပြောလို့ရပါတယ်။

တခြား Specification တွေအနေနဲ့ Meizu 16th တုန်းကလို Snapdragon 845 Processor, 12MP, IMX 380+ 20MP, IMX 350 Dual Camera, 20 MP Selfie Camera, In-Display Fingerprint Scanner နဲ့ MEngine တို့ ပါဝင်လာမှာပါ။ ပါဝင်မယ့် RAM, ROM, Battery Capacity, ရောင်းချမယ့်ဈေးနှုန်း နဲ့ ရက်စွဲတို့ကို ထုတ်ပြောသွားခြင်းမရှိသေးတာမို့ Meizu ဟာ ပထမဆုံး ဖန်တီးသူဆိုတဲ့ ဂုဏ်ပုဒ်နဲ့အတူ သူတို့ရဲ့ ဖန်တီးနိုင်စွမ်းကို ချပြလိုက်တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီအတိုင်းဆိုရင် Non-Porous Smartphone တွေဟာ 2019 ရဲ့ Trend တစ်ခု ဖြစ်လာနိုင်မလားဆိုတဲ့အတွေးကတော့ တွေးစရာမေးခွန်းတစ်ခု ဖြစ်လာခဲ့ပါပြီ။