fbpx

This is digital planet.

Tech NewsXiaomi

Mi 8 အတွက် Android 9 ထွက်ရှိ

Zawgyi




Unicode

Xiaomi အနေနဲ့ ဒီနေ့မှာတော့ Andriod 9 Pie ကိုအခြေခံထားတဲ့ MIUI 10 Stable Version Update ကို Mi 8 နဲ့ Mi 8 Explorer Edition တို့အတွက်ထွက်ရှိခဲ့ပါတယ်။

အဆိုပါ Update မှာတော့ ကင်မရာ ကိုပိုမိုကောင်းမွန်းအောင်ပြုလုပ်ထားပြီး Night Mode နဲ့ 960fps Slow-motion video recording စတာတွေလည်းပါဝင်လာခဲ့ပါတယ်။ 960fps Slow-motion အနေနဲ့ Short Video လေးတွေဖန်တီးပြီး WeChat မှာတိုက်ရိုက်မျှဝေနိုင်ပါတယ်။ ဒီ MIUI 10 မှာပါဝင်လာတဲ့ Night Mode အနေနဲ့ ည နဲ့ အလင်းရောင်နည်းပါးတဲ့ နေရာတွေ ထဲမှာ ပုံရိပ်တွေကိုကောင်းမွန်အောင်ရိုက်ကူးနိုင်ဖို့ အတွက်ထည့်သွင်းပေးထားတာဖြစ်ပါတယ်။

Xiaomi Mi 8 နဲ့ Mi 8 Explorer Edition ကိုတော့ ယခုနှစ် မေလ မှာထွက်ရှိခဲ့တာဖြစ်ပြီး Andriod 8.1 Oreo အခြေခံထားတဲ့ MIUI 9.6 နဲ့ပွဲထွက်လာတာဖြစ်ပြီး နောက်ပိုင်း Andriod 8.1 Oreo အခြေခံ MIUI 10 ထွက်ရှိပေးခဲ့တာဖြစ်ပြီး အခုယနေ့မှာတော့ Andriod 9 Pie အခြေခံ MIUI 10 ထပ်မံထွက်ရှိလာခဲ့တာဖြစ်ပါတယ်။ အခြား Xiaomi MI 8 Series တွေ အနေနဲ့မကြာခင်မှာရရှိလိမ့်မယ်လို့လည်းသိရပါတယ်။

Source