fbpx

This is digital planet.

Tech NewsXiaomi

Mi 9 ကို Feb တတိယအပတ္ေလာက္မွာျမင္ေတြ႕ရဖြယ္ရွိေန

Zawgyi

Xiaomi အႀကီးအကဲ Lin Bin နဲ႕ CEO Lei Jun တို႕ဟာ 9120 ဆိုတဲ့ နံပါတ္တစ္ခုက္ို Weibo မွာတင္တဲ့ပိုစ့္ေတြမွာ အဆက္မျပတ္သံုးစြဲေနတာကိုျမင္ေတြ႕ေနရပါတယ္။ ခန္႕မွန္းခ်က္ေတြအရ 9102 ကိုဘာသာျပန္ၾကည့္မယ္ဆိုရင္ ၂ လပိုင္း ၁၉ ရက္ေန႕ ဆိုၿပီး အဓိပၸာယ္သက္ေရာက္ေနႏိုင္တာျဖစ္တဲ့အတြက္ Mi 9 က္ို Feb 19 မွာ စတင္မိတ္ဆက္မယ္လို႕ ေကာလဟလ ေတြထြက္ေပၚေနပါတယ္။

Xiaomi CEO Lei Jun ရဲ႕မၾကာခင္က Weibo မွာတင္ခဲ့တဲ့ Post ဟာ Unknown Mi Device နဲ႕တင္ထားတယ္လို႕ျမင္ေတြ႕ခဲ့ရၿပီး ဒါဟာစမ္းသပ္ဆဲ Mi 9 ျဖစ္တယ္လို႕လည္းယူဆေနၾကပါတယ္။ တခ်္ိန္ထဲမွာပဲ Mi 9 teasers ေတြလည္း Weibo မွာ Leak ျဖစ္လာခဲ့ကာ February ေလာက္မွာ Xiaomi Mi 9 ကိုျမင္ေတြ႕ရဖြယ္ရွိေနပါတယ္။

Xiaomi Mi 9 renders by Benjamin Geskin

Leak ျဖစ္လာတဲ့ Poster ေတြ မွာေတာ့ Xiaomi Mi 9 အေနနဲ႕ ေက်ာဘက္ ကင္မရာ ၃ လံုးပါဝင္လာမယ္လို႕ေဖာ္ျပခဲ့ၿပီး In-screen Fingerprint Sensor လည္းပါဝင္လာဖြယ္ရွိေနပါတယ္။ အခု လ အေစာပိုင္းကလည္း Lei Jun အေနနဲ႕ Mi 9 မွာတပ္ဆင္လာႏိုင္တဲ့ Fast Charging Technology တစ္ခုကိုလည္း စမ္းသပ္ျပခဲ့ပါေသးတယ္။

အရင္သတင္းေတြအရေတာ့ Xiaomi Mi 9 အေနနဲ႕ 6.4-inch AMOLED Display နဲ႕ထြက္ရွိလာမယ္လို႕သိရၿပီး Snapdragon 855 chipset သံုးလာမွာျဖစ္ကာ RAM 6GB ပါဝင္လာမွာျဖစ္ပါတယ္။ ဘက္ထရီ 3500 mAh ပါဝင္လာဖြယ္ရွိၿပီး ကင္မရာပိုင္းအေနနဲ႕ Sony ရဲ႕ IMX 48MP + 12MP + 3D ToF lens တို႕ကိုေက်ာဘက္မွာတပ္ဆင္လာမွာျဖစ္ကာ ေရွ႕ကင္မရာကိုေတာ့ 24MP frontal shooter တပ္ဆင္လာမွာျဖစ္ပါတယ္။

Xiaomi Mi 9 teasers

Samsung အေနနဲ႕လည္း Feb 20 မွာ Galaxy S10 series ကိုမိတ္ဆက္ေပးဖို႕ရွိေနၿပီး အခ်ဳိ႕ေကာလဟလေတြအရ အဆိုပါမိတ္ဆက္ပြဲမွာ Samsung အေနနဲ႕ ကမာၻပထမဆံုး foldable ဖုန္းကိုမိတ္ဆက္မယ္လို႕လည္းဆိုေနၾကပါတယ္။ Xiaomi အေနနဲ႕လည္း Samsung ပြဲမတိုင္ခင္ Feb 19 မွာ Samsung ထက္အရင္ Foldable ဖုန္းကိုမိတ္ဆက္ေပးႏိုင္ဖြယ္လည္းရွိေနပါတယ္။ Xiaomi ရဲ႕ Foldable device ရဲ႕နာမည္ကိုေတာ့ Xiaomi Mi Dual Flex ( ဒါမွမဟုတ္ ) Xiaomi Mi MIX Flex ဆိုၿပီး ထြက္ရွိလာဖြယ္ရွိပါတယ္။ Xiaomi အေနနဲ႕လည္း မၾကာခင္မွာ Mi 9 နဲ႕ Mi doable device အတြက္ ပိုစတာတစ္ခုကိုမၾကာခင္မွာထုတ္ျပန္ေပးမွာလည္းျဖစ္ပါတယ္။

Unicode

Xiaomi အကြီးအကဲ Lin Bin နဲ့ CEO Lei Jun တို့ဟာ 9120 ဆိုတဲ့ နံပါတ်တစ်ခုကို Weibo မှာတင်တဲ့ပိုစ့်တွေမှာ အဆက်မပြတ်သုံးစွဲနေတာကိုမြင်တွေ့နေရပါတယ်။ ခန့်မှန်းချက်တွေအရ 9102 ကိုဘာသာပြန်ကြည့်မယ်ဆိုရင် ၂ လပိုင်း ၁၉ ရက်နေ့ ဆိုပြီး အဓိပ္ပာယ်သက်ရောက်နေနိုင်တာဖြစ်တဲ့အတွက် Mi 9 ကို Feb 19 မှာ စတင်မိတ်ဆက်မယ်လို့ ကောလဟလ တွေထွက်ပေါ်နေပါတယ်။

Xiaomi CEO Lei Jun ရဲ့မကြာခင်က Weibo မှာတင်ခဲ့တဲ့ Post ဟာ Unknown Mi Device နဲ့တင်ထားတယ်လို့မြင်တွေ့ခဲ့ရပြီး ဒါဟာစမ်းသပ်ဆဲ Mi 9 ဖြစ်တယ်လို့လည်းယူဆနေကြပါတယ်။ တချိန်ထဲမှာပဲ Mi 9 teasers တွေလည်း Weibo မှာ Leak ဖြစ်လာခဲ့ကာ February လောက်မှာ Xiaomi Mi 9 ကိုမြင်တွေ့ရဖွယ်ရှိနေပါတယ်။

Xiaomi Mi 9 renders by Benjamin Geskin

Leak ဖြစ်လာတဲ့ Poster တွေ မှာတော့ Xiaomi Mi 9 အနေနဲ့ ကျောဘက် ကင်မရာ ၃ လုံးပါဝင်လာမယ်လို့ဖော်ပြခဲ့ပြီး in-screen fingerprint sensor လည်းပါဝင်လာဖွယ်ရှိနေပါတယ်။ အခု လ အစောပိုင်းကလည်း Lei Jun အနေနဲ့ Mi 9 မှာတပ်ဆင်လာနိုင်တဲ့ faster charging technology တစ်ခုကိုလည်း စမ်းသပ်ပြခဲ့ပါသေးတယ်။

အရင်သတင်းတွေအရတော့ Xiaomi Mi 9 အနေနဲ့ 6.4-inch AMOLED display နဲ့ထွက်ရှိလာမယ်လို့သိရပြီး Snapdragon 855 chipset သုံးလာမှာဖြစ်ကာ RAM 6GB ပါဝင်လာမှာဖြစ်ပါတယ်။ ဘက်ထရီ 3500 mAh ပါဝင်လာဖွယ်ရှိပြီး ကင်မရာပိုင်းအနေနဲ့ Sony ရဲ့ IMX 48MP + 12MP + 3D ToF lens တို့ကိုကျောဘက်မှာတပ်ဆင်လာမှာဖြစ်ကာ ရှေ့ကင်မရာကိုတော့ 24MP frontal shooter တပ်ဆင်လာမှာဖြစ်ပါတယ်။

Xiaomi Mi 9 teasers

Samsung အနေနဲ့လည်း Feb 20 မှာ Galaxy S10 series ကိုမိတ်ဆက်ပေးဖို့ရှိနေပြီး အချို့ကောလဟလတွေအရ အဆိုပါမိတ်ဆက်ပွဲမှာ Samsung အနေနဲ့ ကမ္ဘာပထမဆုံး foldable ဖုန်းကိုမိတ်ဆက်မယ်လို့လည်းဆိုနေကြပါတယ်။ Xiaomi အနေနဲ့လည်း Samsung ပွဲမတိုင်ခင် Feb 19 မှာ Samsung ထက်အရင် Foldable ဖုန်းကိုမိတ်ဆက်ပေးနိုင်ဖွယ်လည်းရှိနေပါတယ်။ Xiaomi ရဲ့ Foldable device ရဲ့နာမည်ကိုတော့ Xiaomi Mi Dual Flex ( ဒါမှမဟုတ် ) Xiaomi Mi MIX Flex ဆိုပြီး ထွက်ရှိလာဖွယ်ရှိပါတယ်။ Xiaomi အနေနဲ့လည်း မကြာခင်မှာ Mi 9 နဲ့ Mi doable device အတွက် ပိုစတာတစ်ခုကိုမကြာခင်မှာထုတ်ပြန်ပေးမှာလည်းဖြစ်ပါတယ်။

Source

Leave a Reply

Your email address will not be published.