fbpx

This is digital planet.

Tech NewsXiaomi

Mi 9 Pro 5G မှာ ပထမဆုံး သုံးလာမယ့် Mi Charge Turbo 30W wireless charging ကို Xiaomi မိတ်ဆက်

Xiaomi ဟာ ကမ္ဘာမှာ အမြန်ဆုံး 20 W wireless charging technology ကို Mi 9 နဲ့အတူ ဒီနှစ်အ‌စောပိုင်းမှာ ထုတ်ခဲ့ပါတယ်။ ဒီနေ့ 30W Fast wireless charging ထိရလာမယ့် Mi Charge Turbo အသစ်ကို မိတ်ဆက်လာခဲ့ပါပြီ။ အဲ့တာက Smartphone လောကမှာ အရေးပါတယ်လို့ဆိုရမှာပါ။ ဘာလို့လဲဆိုတော့ အရင်တုန်းက Wireless charging technology ဟာ အားသွင်းတာ နှေးတဲ့အတွက် ဝေဖန်မှုတွေ ခဏခဏရှိခဲ့ပါတယ်။ Xiaomi ရဲ့ Mi Charge Turbo ဟာ 30 W ထိမြန်တဲ့အတွက် အခု Flagship ဖုန်းတွေမှာပါတဲ့ 27W wired charging tech ထက်ပိုမြန်ပါတယ်။

Mi Charge Turbo ဟာ 4000mAh battery ရှိတဲ့ဖုန်းကို ကြိုးမဲ့စနစ်နဲ့ 50 % ကို 25 မိနစ်အတွင်း အားဖြည့်ပေးနိုင်ပြီး 100% အထိကတော့ 69 မိနစ်ပဲကြာမှာလို့ Xiaomi က အခိုင်အမာဆိုထားပါတယ်။ အဲ့အတွက် သင့်အနေနဲ့ ကြိုးမဲ့စနစ်နဲ့ အားသွင်းနေတဲ့အခါ အားပြည့်ဖို့ အကြာကြီး စောင့်စရာမလို့တော့ပါဘူး။

နောက်ထပ် Mi Charge Turbo ဟာ fast reverse wireless charging ကို Support ပေးပါတယ်။ သူက smartwatches ၊ headphones နဲ့ တစ်ခြား smartphones တွေကို ကြိုးမဲ့စနစ်နဲ့ အားဖြည့်ပေးနိုင်မှာပါ။ iPhone Xs နဲ့ Reverse Charging လုပ်တဲ့အခါ 20 % ကို 30 မိနစ်အတွင်း အားဖြည့်ပေးနိုင်တဲ့အတွက် Huawei P30 Pro နဲ့ယှဉ်ကြည့်ရင် P30 Pro ကတော့ အဲ့အချိန်အတွင်းမှာ iPhone Xs ကို 13 % အထိပဲအားဖြည့်ပေးနိုင်ပါတယ်။

Xiaomi ဟာ သူတို့ရဲ့  Wired Charging Technology အကြောင်းကိုလည်း ပြောခဲ့ပါသေးတယ်။ အဲ့တာက
Xiaomi ရဲ့ 100W Super Charge Turbo wired charging technology ပဲဖြစ်ပါတယ်။ အဲ့ Technology ကိုတော့ မကြာခင် Smartphone တစ်ခုမှာ တွေ့လာရနိုင်ပါတယ်။ အဲ့ Technology ကို Redmi ရဲ့ flagship ဖုန်းမှာ ပထမဆုံးသုံးလာနိုင်ပါတယ်။

Mi Charge Turbo 30W wireless charging ဟာ Xiaomi ရဲ့ 5G Flagship ဖုန်းအသစ် Xiaomi Mi 9 Pro 5G မှာပထမဆုံး ရလာမယ်လို့ Xiaomi ကအတည်ပြုထားပါတယ်။ TENNA အရာ သူ့မှာ 4000mAh battery ပါ၀င်ထားပါတယ်။ 30W wireless charging အသစ်နဲ့ Xiaomi Mi 9 Pro 5G မှာ Fast wired charging ၊ Fast wireless charging နဲ့ Fast reverse wireless charging ဆိုပြီး Charging Type သုံးမျိုးပါ၀င်လာမှာပါ။ Xiaomi ဟာ fast wireless charging ‌ရမယ့် တစ်ဦးတည်းသော Company မဟုတ်ပါဘူး။ အကြောင်းက Huawei မှာလည်း 30W wireless charging technology မကြာခင်မှာ ထွက်ရှိလာဖို့ ရှိနေလို့ပါ။

Ref: Gizmochina