fbpx

This is digital planet.

Tech NewsXiaomi

Mi 9 SE ဟာ Xiaomi ရဲ့ နောက်ဆုံး Compact ဖုန်း ဖြစ်လာတော့မှာလား?

ဒီသတင်းဟာ ကျွန်တော်တို့လို Compact Phone Crazy တွေအတွက် တကယ့် Nightmare ပါ။ Xiaomi ရဲ့ President Lin Bin က သူ့ရဲ့ Weibo Account ကနေ Mi 9 SE ဟာ သူ့ Model နဲ့ နောက်ဆုံးမျိုးဆက်ဖြစ်လာတော့မယ်ဆိုပြီး ပြောကြားသွားခဲ့ပါတယ်။ Xiaomi အနေနဲ့ နဂိုကတည်းက Mi Brand လက်အောက်ကနေ ဈေးသက်သာတဲ့ Smartphone တွေမထုတ်တော့ဘူးလို့ ပြောထားပြီးဖြစ်ပေမယ့် ဒီ SE Series ကို ရပ်တံ့ဖို့ကြိုးစားရခြင်းအကြောင်းအရင်းက ဈေးကြောင့်မဟုတ်ပဲ သူ့ရဲ့ Size ကြောင့်လို့ ဆိုထားပါတယ်။

Lin Bin ပြောရင်လည်း ပြောချင်စရာပါ။ Mi 9 SE မှာ 5.97” Display ကိုသုံးထားတယ်ဆိုပေမယ့် သူ့ရဲ့ဖုန်း Size က 5.1”, 16:9 Display သုံးခဲ့တဲ့ဖုန်းတွေနဲ့ ဆိုက်တူဂိုက်တူလောက်ပါပဲ။ ဒါပေမယ့် 5G တွေခေတ်စားလာမယ့် အနာဂတ်ရယ်၊ စွမ်းဆောင်ရည်ပိုများလာမယ့် Camera တွေရယ်၊ ကြာရှည်အသုံးခံချင်တဲ့ Battery Life ရယ်၊ ပါးလွှာတဲ့ Design ရယ် စတာတွေကို Compact Smartphone တွေပေါ်မှာ ဖြည့်ဆည်းပေးဖို့ ပိုပြီးခက်ခဲလာလိမ့်မယ်လို့ Lin Bin က ဆိုပါတယ်။ ဒါကြောင့် သူ့အနေနဲ့ Mi 9 SE ကို SE Model ရဲ့ နောက်ဆုံး Version ဖြစ်လာမယ်လို့ ကြေငြာခဲ့တာဖြစ်ပါတယ်။

Mi 6 အထိ Xiaomi ရဲ့ Mi Series တွေဟာ Screen သေးသေးနဲ့ One-handed သုံးနိုင်ပြီး Powerful လည်းဖြစ်တာကြောင့် Mi Fan တွေအကြိုက်ဖြစ်ခဲ့သလို ခုချိန်ထိ High-end Compact Phone တွေကို မျှော်လင့်နေဆဲ Mi Fan တွေအတွက်တော့ ဒါဟာ စိတ်မကောင်းစရာပါ။ ဒီကို ဘယ်တော့လောက်ဝင်မယ်မှန်းမသိရသေးပေမယ့် ဖုန်းကို ပါးနိုင်သမျှပါးအောင် Battery ကို 3070 mAh အထိ လျှော့ချလိုက်ရတာကလွဲရင် သူ့မှာပါဝင်တဲ့ တခြား Specification တွေက ငါးသိန်းဝန်းကျင်(ခန့်မှန်း) ဈေးမှာ Mi 9 SE ဟာ ဝယ်ပျော်တဲ့ဖုန်းတစ်လုံးဖြစ်နေစေတာတော့ အမှန်ပါပဲ။ SE Series နဲ့အတူ ပျောက်ကွယ်သွားနိုင်ခြေများနေတဲ့ တခြား Mi Series တွေ (X Series, Max Series) ရဲ့ အနာဂတ်ဟာလည်း စိတ်ဝင်စားဖို့ကောင်းနေပြန်ပါတော့တယ်။

Ref: Gizmochina