fbpx

This is digital planet.

Tech NewsXiaomi

Mi 9 Series မှာ Pro version အဖြစ်အစားထိုးလာနိုင်တဲ့ Mi 9T

Xiaomi အနေနဲ့ K20 Flagship နဲ့အပြိုင် Mi 9 Flagship Line မှာ နောက်ထပ် Flagship ဖုန်းတစ်လုံးကို ပေါင်းထည့်ဖို့လုပ်နေတယ်လို့သိရပါတယ်။ မနှစ်က ထွက်ရှိခဲ့တဲ့ Mi 8 Series အနေနဲ့ Model ၃ မျိုးပါဝင်နေခဲ့ပြီး Mi 8 ၊ Mi 8 SE နဲ့ Mi 8 Pro တို့ထွက်ရှိခဲ့တာဖြစ်ပါတယ်။ ဒါအကြောင့် ဒီနှစ်မှာ Mi 9 နဲ့ Mi 9 SE ထွက်ရှိထားပြီးပြီဖြစ်တာကြောင့် Pro version အဖြစ် Mi 9T ဆိုပြီးထွက်ရှိမယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

Xiaomi Mi 9T အနေနဲ့ Thailand ၊ Taiwan ၊ Singapore နဲ့ Russia တို့မှာ ထောက်ခံချက်တွေရရှိခဲ့တာဖြစ်တာကြောင့် မကြာခင်မှာလည်း ထွက်ရှိလာဖို့ရှိနေပါတယ်။ သတင်းတွေအရ Mi 9T မှာ Snapdragon 855 SoC ၊ 48MP Main camera နဲ့ 12GB RAM + 256GB storage တို့ပါဝင်လာမယ်လို့သိရပါတယ်။ အဲ့အပြင် In-display fingerprint လည်းပါဝင်လာပါမယ်။

ဒါအပြင် Mi 9 ထက် ပိုမိုပါးလွှာသွားမယ်လို့သိရပြီး Redmi K20 နဲ့အတူ မိတ်ဆက်ပေးလာနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ လက်ရှိဈေးကွက်အတွင်းမှာတော့ Mi 9 ကိုအနိမ့်ဆုံး Model ဖြစ်တဲ့ 6GB + 64GB Storage ကို မြန်မာငွေ ၆၁၅၀၀၀ နဲ့ရောင်းချနေတာဖြစ်ပြီး အရောင်တွေ အနေနဲ့ Lavender Violet ၊ Ocean Blue နဲ့ Piano Black ဆိုပြီး ၃ မျိုးထွက်ရှိထားပါတယ်။ ဒါအပြင် Mi 9 series ရဲ့ အနိမ့်ဆုံးဖြစ်တဲ့ Mi 9 SE အနေနဲ့ လက်ရှိဈေးကွက်ထဲမှာ မြန်မာငွေ ၄၁၅၀၀၀ ခန့်နဲ့ရောင်းချနေတာဖြစ်ပြီး အရောင်တွေ အနေနဲ့ Holographic illusion Purple ၊ Holographic illusion Blue နဲ့ Deep Space Gray ဆိုပြီး ၃ မျိူးနဲ့ ထွက်ရှိခဲ့တာဖြစ်ပါတယ်။ အဆိုပါဖုန်း ၂ မျိုးလုံးကိုတော့ လက်ရှိဈေးကွက်ထဲမှာ ရောင်းချလျက်ရှိနေပါတယ်။

Ref: Gizmo China