fbpx

This is digital planet.

NewsXiaomi

Mi A3 ကို မိတ်မဆက်ခင်မှာ Hands-on ပုံများထွက်ပေါ်လာ

ဒီနေ့ညနေမှာ Mi A3 ကို မိတ်ဆက်မှာဖြစ်ပေမဲ့ မိတ်မဆက်ခင်မှာ Gizmochina မှ Hands-on လုပ်ခဲ့ပါတယ်။ Mi A3 ကို Xiaomi အနေနဲ့ နိုင်ငံတကာဈေးကွက်မှာရောင်းဖို့ Mi CC9e နေရာမှာအစားထိုး တစ်နည်းအားဖြင့် Mi CC9e နဲ့ Pure Version ဖြစ်ပါတယ်။ Hands-on ပုံအရ ဖုန်းရဲ့ ရှေ့ဘက် Screen မှာ Drew Drop Display ကိုသုံးပေးထားပြီး Screen အောက်ခြေက Chin ကထူနေတာကိုတွေ့ရမှာပါ။ ကျော်ဘက်ခြမ်းမှာတော့ MI CC9e နဲ့အတူတူပါပဲ။ ကျောဘက်အပေါ်ဘယ်ဘက်မှာ Triple Cameras Set Up ကိုသုံးပေးထားပြီး အောက်ခြေမှာ Xiaomi Logo ကိုတွေ့ရမှာပါ။ CC9e နဲ့မတူတာကတော့ ကျောဘက်အောက်ညာဘက်ခြမ်းမှာ Android One logo ကိုတွေ့ရမှာပါ။ CE Certification လဲပါတာဖြစ်လို့ Europe ဈေးကွက်မာလဲ ရရှိနိုင်မှာပါ။

Mi A3 hands on 03

Photos from GIZMOCHINA

Specifications အနေနဲ့မှာတော့ Mi CC9e အတူတူပဲလို့ ပြောရမှာပါ။ စိတ်မကောင်းစရာကတော့ အရင် A Series တွေလို Full HD သုံးနေရာကနေ အခု A3 မှာတော့ HD + Screen ကိုပဲတွေ့ရတော့မှာပါ။ ဒါကလဲ AMOLED Display ကိုလည်း ပြောင်းသုံးပေးလို့ တစ်ဖက်မှာ ခိုလိုက်တာဖြစ်ပါတယ်။ 6.08 လက်မရှိတဲ့ AMOLED Display နဲ့ In -screen fingerprint sensor ပါဝင်လာပါတယ်။ SoC ပိုင်းမှာတော့ Qualcomm ရဲ့ Snapdragon 665 Chipset ကိုအသုံးပြုပေးထားပြီး Battery ကတော့ 4030 mah ရှိပါတယ်။ Triple Camera set up မှာတော့ 48MP primary sensor ၊ 8MP wide-angle sensor နဲ့ 2MP depth sensor ကိုသုံးပေးထားတယ်။ Selfie Camera ကတော့ 32MP ကိုအသုံးပြုပေးထားပါတယ်။

xiaomi mi a3 retail box soyacincau Xiaomi Mi A3
Software အနေနဲ့ကတော့ Pure Android 9 Pie နဲ့ မောင်းနှင်ပေးထားပါတယ်။ RAM 4GB + ROM 64GB အပြင်တခြား RAM, ROM ပိုများတဲ့ Version လဲရှိနိုင်ပါတယ်။ အရောင်အနေနဲ့ကတော့ Google’s Pixel lineup Color Naming (Kinda Blue, Clearly White and Just Black) ကို Inspire ယူထားပါတယ်။ Grey Color ကို ‘Kind Of Grey’ လို့ခေါ်ပါတယ်။ ကျန်တဲ့အရောင်အနေနဲ့ အပြာနဲ့အဖြူ ဆိုပြီးရှိနိုင်ပါတယ်။

Ref: GIZMOCHINA

Related posts
NewsOPPOVivoXiaomi

မတူတဲ့ Brand အချင်းချင်း File transfer လုပ်လို့ရမယ့် Service ကိုပြုလုပ်လာတော့မယ့် Xiaomi, OPPO နဲ့ Vivo

HuaweiNews

Huawei ရဲ့ Kirin 990 SoC မှာ 4K 60fps video recording ကို Support လုပ်မည်

NewsVivo

မကြာခင်ထွက်ရှိတော့မယ့် vivo NEX 3 မှာ 5G version ပါဝင်လာနိုင်

HuaweiNews

Design အနည်းငယ်ပြောင်းလဲထားတဲ့ Huawei Mate X ရဲ့ပုံများထွက်ပေါ်လာ