fbpx

This is digital planet.

Tech NewsXiaomi

Mi CC9 Pro ထက်ပိုကောင်းတဲ့ Cameras ပါ၀င်လာမယ့် ဖုန်းကို မိတ်ဆက်ဖို့ ရှိနေတဲ့ Xiaomi

အရင်အပတ်တုန်းက ထွက်ရှိခဲ့တဲ့ Mi CC9 Pro ဟာ DxOMark အရ အကောင်းဆုံး Cameras ရှိ ဖုန်းတစ်လုံးဖြစ်ပါတယ်။ 121 Score နဲ့ ဖုန်းဟာ ပထမနေရာကို Huawei Mate 30 Pro နဲ့ အတူရယူထားပါတယ်။ သို့သော်လည်း ဖုန်းဟာ Xiaomi ရဲ့ Camera အကောင်းဆုံးဖုန်းအနေနဲ့ ကြာကြာမခံတော့ပါဘူး။

Image result for mi note 10

Chinese leaker @Digital Chat Station အရ Xiaomi မှာ Cameras ကို အသားပေးထားတဲ့ ဖုန်းရှိနေပြီး Mi CC9 Pro ထက် Camera Performance မှာ ပိုသာလာမှာပါ။ @Digital Chat Station ကတော့ ဖုန်းရဲ့ တစ်ခြားအချက်တွေကို ဖော်ပြထားခြင်းမရှိပါဘူး။ ဒါပေမယ့် Xiaomi ရဲ့ AIoT event မှာ သတင်းအချို့ရလာနိုင်ပါတယ်။

Xiaomi Camera phone

အခု ဖုန်းအသစ်အတွက် Xiaomi ဟာ Samsung နဲ့အတူ နောက်ထပ် ပေါင်းအလုပ်လုပ်လာနိုင်ပါတယ်။ အခုလက်ရှိ ကောလဟာလတွေမှာ ဒီနှစ်အတွင်း Redmi K30 ဖုန်းထွက်ဖို့ရှိနေတယ်လို့ ‌ဆိုထားပါတယ်။ Xiaomi မှာ ဒီနှစ်မကုန်ခင် ထွက်ဖို့ စီစဉ်ထားတဲ့ ဖုန်းအနည်းငယ် ရှိနေနိုင်ပါတယ်။ Mi CC9 Pro ဟာ ဒီနှစ်မကုန်ခင် ထွက်ဖို့စီစဉ်ထားတဲ့ ဖုန်းတွေထဲက တစ်လုံး ဖြစ်နိုင်ပါတယ်။

Ref: Gizmochina