fbpx

This is digital planet.

Tech NewsXiaomi

Mi CC9 Pro ရဲ့ 108MP sensor ဟာ 12MP sensor နဲ့ယှဉ်ရင် တော်တော်ကြီးနေ

ဒီနေ့အစောပိုင်းတုန်းက Xiaomi ဟာ Mi CC9 Pro ဖုန်းအသစ်ကို မိတ်ဆက်မယ့် ပွဲကို November 5 မှာ ပြုလုပ်မယ်လို့ ကြေညာခဲ့ပါတယ်။ ဖုန်းဟာ Mi MIX Alpha ပြီးလျှင် Samsung ရဲ့ 108MP sensor ပါ၀င်လာမယ့် ဒုတိယဖုန်းဖြစ်လာမှာပါ။

Mi CC line ရဲ့ Product Manager ဖြစ်တဲ့ Lao Wei ဟာ 108MP Samsung ISOCELL Bright HMX sensor ဘယ်လောက်ကြီးကြောင်းကို Weibo မှာတင်ခဲ့ပါတယ်။ တင်ထားတဲ့ပုံမှာ သူမဟာ ရိုးရိုး 12MP Sensor ကို လက်တစ်ဖက်မှာကိုင်ထားပြီး နောက်လက်တစ်ဖက်မှာတော့ 108MP ISOCELL Bright HMX sensor ကိုကိုင်ထားပါတယ်။ 108MP ISOCELL Bright HMX sensor ဟာ 12MP sensor ရဲ့အရွယ်အစားထက် လေးဆခန့်ကြီးနေပါတယ်။

Sensor အရွယ်အစားပိုပြီးတာက ဖုန်းရဲ့ ဒီဇိုင်းပြုလုပ်ဖို့နဲ့ ဖုန်းကို ဖွဲ့စည်းတည်ဆောက်ရာမှာ ခက်ခဲတယ်လို့ Lao Wei ကရှင်းပြထားပါတယ်။ 108MP Samsung ISOCELL Bright HMX ဟာ 48MP Sensor အရွယ်အစားထက် photosensitive area နှစ်ဆရှိလာမယ်လို့ ဆိုထားပါတယ်။

108MP sensor ဟာ ဖုန်းရဲ့ အတွင်းပိုင်းကို ဘယ်လိုသက်ရောက်လဲဆိုတာကို တွေ့နိုင်ဖို့ Xiaomi အနေနဲ့ Mi CC9 Pro ရဲ့ teardown photo ကိုထုတ်လာမှာပါ။ Xiaomi ရဲ့ စီမံခန့်ခွဲရေးရှိသူ ကလည်း ဖုန်းနဲ့ရိုက်ထားတဲ့ နမူနာပုံတွေကို ဝေမျှထားပါတယ်။

Mi CC9 Pro ရဲ့နောက်ဘက်နှာ Camera ငါးလုံးပါ၀င်လာမှာဖြစ်ပြီး အဲ့ထဲက Camera သုံးလုံးမှာ ultrawide angle lens ၊ telephoto lens နဲ့ ToF sensor တို့ပါ၀င်လာနိုင်ပါတယ်။

Ref: Gizmochina