fbpx

This is digital planet.

ReviewsTech NewsXiaomi

Mi CC9 Pro Review: King of P2C

Account ထဲကအစ်ကိုတစ်ယောက် ထူးမခြားနားမြင်ကွင်းတွေကို နေ့စဉ်ရက်ဆက် Facebook ပါ်တင်တုန်းက “သူဘာလို့များ အဲလိုတွေရိုက်တင်လဲမသိ?” လို့ တွေးခဲ့ဖူးတယ်။ အခုတော့ သူ့ခံစားချက်ကို နားလည်တတ်ခဲ့ပြီ။ Smartphone Camera ကောင်းကောင်းနဲ့ ဓာတ်ပုံတွေရိုက်၊ ရိုက်တဲ့ဓာတ်ပုံတွေကို ပြန်ကြည့်ရင်းဖြစ်တဲ့အရသာက တယ်ကောင်းတဲ့ခံစားချက်ကိုး။ တော်ရုံ Camera ရိုက်လေ့မရှိတဲ့ကျွန်တော် အခုတော့ ကိုယ့်ရှေ့ကရှုခင်း လှလှ၊ မလှလှ မြင်သမျှဓာတ်ဖမ်းချင်တဲ့အကျင့်တစ်ခု Mi CC9 Pro ကြောင့် ရလာခဲ့ပါပြီဆိုရမှာပါ။

Camera

Camera အသားပေးဖုန်းမို့ Camera ကနေပဲ Review ကို စပါမယ်။ Mi CC9 Pro လို့ပြောလိုက်ရင် အတော်များများက 108MP ကို အရင်ပြေးမြင်ကြလိမ့်မယ်။ ဒါပေမယ့် ကိုယ်တွေရဲ့ ဒီဖုန်းပေါ်စိတ်ဝင်စားမှုက ဒီကိန်းဂဏန်းတစ်ခုထက်ပိုခဲ့ပါတယ်။

  • 2x Telephoto

လူအတော်များများ သာမန်ကာလျှံကာ ကျော်သွားကြတဲ့ ဒီ Lens က CC9 Pro ပေါ်မှာ ကိုယ်သဘောအကျဆုံးအချက်တစ်ချက် ဖြစ်နေခဲ့တယ်။ ဘာလို့လဲဆိုတော့ လက်ရှိ Smartphone နယ်ပယ်ရဲ့ အကောင်းဆုံး Telephoto Lens ဖြစ်နေတာကြောင့်ပါ။ Portrait Mode အတွက် အဓိကသုံးလေ့ရှိတဲ့ ဒီ Lens တွေရဲ့အားနည်းချက်က အလင်းနည်းရင် ပုံထွက်မကောင်းတာ။ ဒါပေမယ့် CC9 Pro ရဲ့ 2x Tele မှာတော့ f/2.0 အပြင် 1.4 micron Pixel Size ကိုပါ သုံးပေးထားတယ်။ ဆိုတော့ရလဒ်က Indoor နဲ့ Low Light တွေမှာ Image Quality သိသိသာသာ တိုးတက်လာတာပါ။

  • Night Mode 2.0

ပွင့်ပွင့်လင်းလင်းပြောရရင် Night Mode ဟာ Mi ရဲ့ Camera ပိုင်းမှာ ကိုယ်တွေအားမရဆုံး Feature လို့တောင် ပြောလို့ရတယ်။ CC9 Pro မိတ်ဆက်တော့ RAW Photo မှာ AI ကနေ Color အနေအထားဘာညာ ပြင်ပေးမယ့် Night Mode Version အသစ် ဆိုတဲ့အချက်ကို အတော်စိတ်ဝင်စားခဲ့သလို အခု လက်တွေ့စမ်းရိုက်တဲ့အခါမှာလည်း အရင် Night Mode တွေထက် သိသာတဲ့တိုးတက်မှုတွေကြောင့် အံ့သြခဲ့ရတယ်။

သူ့ရဲ့ Night Mode က ပုံတစ်ပုံကို Total 8 sec လောက်ကြာပါတယ်။ ဒါပေမယ့်စိတ်မပူပါနဲ့။ Night Mode ရိုက်ဖို့ လက်ငြိမ်ငြိမ်ထားပေးရမှာက အစပိုင်း 3 sec ထဲရယ်။ ကျန်တဲ့ 5 sec က Post-processing Time ပါ။ ရလာတဲ့ Result အနေနဲ့ Detail ပိုကောင်းတယ်၊ Color တွေပိုကျန်တယ်။ သဘောအကျဆုံးက Exposure ကို ကောင်းကောင်းထိန်းပေးနိုင်တာပါ။ အလင်း၊ အမှောင်မျှမျှတတနဲ့ Natural ဆန်လွန်းတဲ့ ဒီ Night Mode ကို 8 sec စောင့်ရကျိုးနပ်တယ်လို့ ကိုယ်တွေတော့ယူဆတယ်။ ဒါပေမယ့် ခုလို Night Mode မှာတိုးတက်လာတာဟာ Software တစ်ခုထဲကြောင့်တော့ မဟုတ်တာသေချာပါတယ်။

  • 27MP Main Camera

“ဓာတ်ပုံကောင်းတစ်ပုံရဖို့ 108MP တော့မလိုပေမယ့် 108MP Sensor ကိုတော့ လိုအပ်တယ်” ဆိုတဲ့ GSMArena က မှတ်ချက်စကားကို တဖြည်းဖြည်းပိုနားလည်လာတယ်။ ကိုယ်တိုင်လည်း 108 Fan မဟုတ်သလို စမ်းသမျှကာလမှာ တစ်ပုံ၊နှစ်ပုံထက်ပိုပြီး 108MP Mode ကို မသုံးဖြစ်ဘူး။ ဒါပေမယ့် Pixel Binning လုပ်ထားတဲ့ သူ့ရဲ့ 27MP Camera က သိသာတဲ့ကောင်းမွန်တိုးတက်မှုကို ပြနိုင်ခဲ့တယ်ဆိုရမှာပါ။

CC9 Pro ရဲ့ Day Light, Low Light Photo တိုင်းမှာ တူညီတဲ့အချက်တစ်ခုရှိတယ်။ အဲဒါက ရိုက်ပြီးသားပုံတွေကို Zoom ဆွဲကြည့်တိုင်းမှာ 12MP Photo တွေထက် ပိုကောင်းတဲ့ Detail level တစ်ခုကို ပေးစွမ်းနိုင်တာပါ။ နောက်ပြီး f/1.7 နဲ့ 27MP Combo က Low Life မှာ Night Mode မသုံးပဲ Auto နဲ့ရိုက်ရင်တောင် Noise နဲနဲနဲ့ ပုံကောင်းကောင်းရတာကြောင့် ဒီ Sensor ကို ကောင်းကောင်း Handle လုပ်နိုင်တဲ့ Xiaomi ရဲ့ Software ပိုင်းကို ချီးကျူးမိတယ်။

  • Physical Bokeh

နားစိမ်းနေသူတွေကို အလွယ်ရှင်းပြရရင် ပစ္စည်းတစ်ခုကို အတိုင်းအတာတစ်ခုထိ အနီးကပ်ပြီး Focus ယူရိုက်တဲ့အခါ နောက်ဘက်က Portrait Mode မလိုပဲ ဝါးသွားတာကြုံဖူးကြမှာပါ။ အဲဒါကို Software အကူအညီနဲ့ ဝါးတာမဟုတ်တဲ့ Natural/Physical Bokeh လို့ ခေါ်ပါတယ်။ CC9 Pro ရဲ့ အားသာချက်ထဲက တစ်ခုက Sensor Size ကြီးတာကြောင့် Depth of Field ကောင်းကောင်းထွက်ပြီး Physical Bokeh က လှလွန်းနေတာပါ။ စမ်းကြည့်သလောက် Object နဲ့ ၃ပေလောက်အထိကို Portrait Mode မသုံးပဲ နောက်ခံကောင်းကောင်းဝါးပေးနိုင်တယ်။ Close-up Shot အရိုက်များတဲ့သူတွေ သေချာပေါက်သဘောကျမယ်လို့ ယူဆမိတယ်။ တစ်ခုသတိထားရမှာက Main Sensor နဲ့ရိုက်တဲ့အခါ Object နားအရမ်းကပ်ရင် Bokeh ကြောင့် ပုံတွေဝါးသွားတတ်ပါတယ်။ အဲလိုအခါမျိုးမှာ Macro-mode ပြောင်းရိုက်ဖို့ အကြံပေးချင်ပါတယ်။ Point & shoot သမားတွေတွက် FYI ပါ။

  • Portrait

အပေါ်မှာပြောခဲ့တဲ့ 2x Lens ကို 108MP နဲ့ Depth Sensing လုပ်ထားတဲ့ Shot တွေက Mi 9 မှာထက် Overall Quality ပိုကောင်းသလို Edge Detection ကလည်း သိသိသာသာ တိုးတက်လာတယ်။

  • HDR & Dual Flash

Specification ထဲမပါတဲ့ တိုးတက်မှုထဲ သူ့ HDR လည်းပါတယ်။ ကျောဘက် Camera တွမှာတင်မဟုတ်ပဲ Selfie မှာပါ HDR က ကောင်းလွန်းနေတယ်။ အထူးသဖြင့် နေရောင်ကို မျက်နှာချင်းဆိုင်ရိုက်ရတဲ့အခြေအနေတွေမှာ Overexposed ဖြစ်တာတွေမရှိတော့တာ ကျေနပ်မိပါတယ်။

အစကတော့ Flash ၂လုံးထည့်ထားလို့ များလေကောင်းလေလုပ်ထားလားထင်ခဲ့တယ်။ ဒါပေမယ့် Flash Menu မှာ Flash ဖွင့်ရိုက်ရင် Warm ဖြစ်တဲ့ Soft Light, အလင်းအားကောင်းတဲ့ Torch Light စိတ်ကြိုက်ရွေးလို့ရတာတွေ့မှ Camera ပိုင်းအတွက် ဒီလောက်တောင်အသေးစိတ်လုပ်ပေးပါလားဆိုပြီး Respect ပေးမိပါတယ်။

  • Manual Control & OIS

ကျောဘက်က Camera ၅ လုံးစလုံးအတွက် Manual Control ပေးထားတာကိုကြည့်ရင် CC9 Pro မှာ Camera ပိုင်းကို ဘယ်လောက်ထိအားစိုက်ထားလဲ သိလောက်ပြီထင်ရဲ့။ ဒါပေမယ့် Shutter Speed များများကတော့ Main နဲ့ Ultra-wide ၂မျိုးမှာပဲ Support ပေးထားတယ်။

2019 ထွက်ထားသမျှ Mi Phone တွေထဲ CC9 Pro က OIS ပါတဲ့ ရှားပါးမျိုးစိတ်လို့ ပြောလို့ရတယ်။ Main နဲ့ 5x Zoom Camera တွေမှာ OIS ပါတယ်။ ကိုယ်တွေလိုလက်မငြိမ်တတ်တဲ့သူအတွက်တော့ အတော်အသုံးတည့်ပါတယ်။

  • Other Lenses

5x Optical က Detail ကောင်းပေမယ့် Color တော့ သိပ်သဘောမကျ။ Digital အနေနဲ့ 50x ထိ စိတ်ပါရင် ဆက်ဆွဲလို့ရတယ်။ Ultra-wide က Distortion နဲနဲရှိတာကလွဲရင် အလင်းကောင်းသရွေ့ Detail မဆိုးဘူး။ Macro ကတော့ အသုံးနဲကြမယ်ဆိုပေမယ့် Camera အသားပေးဖုန်းတစ်လုံးမှာ ပါနေတာက အကျိုးယုတ်မယ်မထင်မိဘူး။

  • Video

ကျောဘက်မှာ 4K, 30fps, Selfie မှာတော့ 1080p, 30fps Maximum ရမယ်။ Super Stabilization Mode က Ultra-wide ကို သုံးထားတာဆိုတော့ အလင်းနည်းရင် ထင်သလောက်အဆင်မပြေ။ ရိုးရိုး 30fps မှာတောင် Stabilization က အတော်ကောင်းနေပြီမို့ 4K လိုချင်ရင် ရိုးရိုးသုံးဖို့ အကြံပေးပါတယ်။ Short Video ခပ်ဆန်းဆန်းလေးတွေရိုက်ချင်ရင်တော့ VLOG mode ကို စမ်းကြည့်ကြပါ။

ကောင်းတာတွေချည်းပြောနေလို့ ကြော်ငြာတယ်ထင်နေမှာစိုးလို့ (တကယ်လည်းကောင်းတာပါ။) သဘောမကျတာဘက် လှည့်မယ်။ သူ့ရဲ့ Camera Interface ပါ။ Lens တစ်ခုနဲ့တစ်ခုအပြောင်းမှာ စက္ကန့်ပိုင်းလောက် ကြာတတ်တယ်။ ပုံတစ်ပုံရိုက်ပြီးပြီးချင်းဝင်ကြည့်ရင် Post-processing လုပ်နေလို့ ခဏစောင့်ရတယ်။ Night Mode တစ်ပုံရဖို့ 8 sec လောက် စောင့်ရတယ်။ ဒါပေမယ့် Latest China Stable မှာ Camera Forced Stop ဖြစ်တာ၊ Restart ချရတာမျိုးတော့ လုံးဝ၊ လုံးဝ မကြုံခဲ့ရပါဘူး။

နောက်တစ်ချက်က Purple Fringing ပါ။ အလင်းလာတဲ့ဘက်ကပုံရိပ်အနားသတ်တွေမှာ တစ်ခါတစ်လေ ခရမ်းရောင်သမ်းတာလေးတွေ ပါလာတတ်တယ်။ ညဘက်ဆို အပြာရောင်မီးရောင်တွေရိုက်တဲ့အခါမျိုးမှာပေါ့။ ဒါက Megapixel များတဲ့ Sensor တွေမှာ Pixel တစ်ခုကနေ တစ်ခုဆီ အလင်းလျှံကျတာကြောင့်ဖြစ်ရတာပါ။ တစ်ပုံတစ်လေမှဆိုပေမယ့် သိထားတော့ ပိုကောင်းတာပေါ့။

နောက်ပြီး Ultra-wide မှာ Night Mode မရဘူး။ Video ရိုက်ရင်း Lens အပြောင်းအလဲလုပ်မရဘူး။ နောက်ဆုံး Selfie Video မှာ ခုထိ Stabilization မကောင်းသေးပါဘူး။ အဲလိုအားနည်းချက်၊ လိုအပ်ချက်လေးတွေရှိနေပေမယ့် Mi CC9 Pro ဟာ Camera အသားပေးရွေးချယ်မယ့်သူတစ်ယောက်ကို Point & Shoot ကနေ Pro Level အထိ Camera ကို ကောင်းကောင်းအသုံးချနိုင်အောင် အသေးစိတ်ကအစ ဂရုစိုက်ပေးထားတဲ့ Flagship level Camera Phone တစ်လုံးဖြစ်နေမှာ သေချာပါတယ်။

Camera အကြောင်း လေပစ်တာလွန်သွားပြီဆိုတော့ တခြားအပိုင်းလေးတွေလည်း ခပ်ပါးပါးသွားကြတာပေါ့။

Battery & Charging

Smartphone တစ်လုံးမှာ ခုလောက် Battery စိတ်ကြိုက်ခံတဲ့ Feeling မျိုး မခံစားရတာ အတော်ကြာပေါ့။ Heavy Usage အခြေအနေမျိုးမှာတောင် Mi CC9 Pro က တစ်ရက်တာကို အားလုံးဝ မခမ်းသွားပဲကျော်ဖြတ်နိုင်တယ်။ Normal Usage အနေအထားဆိုရင် ၂ရက်နီးနီးကို ကောင်းကောင်းအသုံးခံတဲ့ဖုန်းပါ။ ဒါပေမယ့် Stand-by Time အနေနဲ့ သာမန်ထက် Battery ပိုကုန်တယ်လို့ ခံစားမိတယ်။ အဲဒါကိုတော့ သဘောမတွေ့မိ။

အကြောင်းကြောင်းကြောင့် Review Unit မှာ Original 30W Charger မရခဲ့လို့ Mi 9 ရဲ့ 27W နဲ့ပဲ စမ်းဖြစ်ခဲ့တယ်။ Result က 9-89% ကို ၁နာရီနဲ့ အားပြည့်ပါတယ်။ ဒါပေမယ့် ကျန်တဲ့ 10% အတွက် နာရီဝက်စွန်းစွန်း ထပ်စောင့်ရတာ သတိထားမိတယ်။ အသိ User တစ်ယောက်ကိုမေးကြည့်တော့ 0-100 ကို 68 min ပါတဲ့။ ဆိုတော့ Original Charger ကိုသုံးပါ။ 100% အထိ အမြဲသွင်းတဲ့အကျင့်ကို ဖျောက်ပါလို့ အကြံပေးချင်ပါတယ်။

Speaker & Audio

သူ့ Mono Speaker က လုံလုံလောက်လောက်အသံကျယ်တယ်။ Bass တွေထွက်သလို Clarity လည်းမဆိုး။ သို့ပေမယ့် အသံက စူးတဲ့ဘက်ကိုသွားပြီး တစ်ခါတစ်လေ Highs တွေမှာ အသံအက်ချင်သလိုဖြစ်တတ်တယ်။ ဆိုတော့ Speaker က Mid-range အနေနဲ့ဆို အတော်ကောင်းတဲ့အနေအထားပေမယ့် Flagship Level မှီဖို့တော့ လိုအပ်ချက်တွေရှိနေပါသေးတယ်။

3.5mm Jack နဲ့တင် အမှတ်ကောင်း ပေးလို့ရနေတဲ့သူ့ Audio ပိုင်းက Hi-fi Support ပါရတယ်ဆိုတော့ ဘာပြောဖို့လိုသေးလဲပေါ့။ ကိုယ်တွေကတော့ Hi-fi Mode ထက် Mi Sound Enhancer ကို ပိုအားရတယ်။ Quality ပိုင်းကလည်း ရှယ်လွန်းပါတယ်။

Display

ကိုယ်တွေက Curved Display Fan တော့မဟုတ်ဘူး။ ဒါပေမယ့် CC9 Pro ပေါ်က Display Experience ကို အားရတယ်။ Curved ရုံသက်သက်မဟုတ်ပဲ Color နဲ့ Contrast အရလည်း 1080p level မှာ အကောင်းအဆုံးအနေအထားရှိတယ်။ တပ်ထားတဲ့ Cover ကြောင့်လားတော့မပြောတတ်၊ ဘေးဘောင်တွေ မတော်တဆထိမိတာမျိုး မကြုံခဲ့ရဘူး။ ဆိုတော့ CC9 Pro ပေါ်က Experience ကြာင့် Mi 10 Series ရဲ့ Curved Display တွေကိုလည်း ကြိုဆိုမိပါတယ်။

Snapdragon 730G

Daily Usage အနေနဲ့ ဒီ SoC ရဲ့ Performance ဟာ Premium Mid-range Level ပါ။ ဒါပေမယ့် Flagship SoC တွေချည်း သုံးလာ၊ သုံးနေသူတစ်ယောက်အတွက်ဆိုရင် CC9 Pro ပေါ်မှာ သိသာတဲ့ ကွာခြားချက်တစ်ချို့ကို ခံစားရလိမ့်မယ်။ ဥပမာ App အဝင်အထွက်၊ App တစ်ခုနဲ့တစ်ခု အကူးအပြောင်းလို နေရာလေးတွေမှာပေါ့။ နောက်ပြီး PUBG လို Graphic Demand များတဲ့ဂိမ်းတွေမှာ SDM 855 တို့လို Performance မျိုးမရနိုင်ပါဘူး။ ဆိုတော့ ဂိမ်းဆော့ဖို့၊ Flagship ချည်းကိုင်နေတဲ့သူတွေ အဲလိုလူတွေအတွက်တော့ CC9 Pro ကို ဦးစားပေး မရွေးသင့်ပါဘူး။

Others

သူ့ In-display Fingerprint က Unlock Speed မဆိုးပေမယ့် ထားတဲ့ Position က မြင့်နေတော့ Mi 9 ကနေပြောင်းသုံးတဲ့အခါ နေသားမကျဖြစ်ရတယ်။ (အသစ်ပါလာတဲ့ Animation လေးတော့ သဘောကျမိသား) Haptic လေးတွေက Mi 9 မှာထက်စာရင် ပိုညက်တယ်လို့ ခံစားမိတယ်။ ဖုန်းက ဝိတ်တော့ရှိပေမယ့် ထင်ထားတာထက် လက်ထဲကိုင်ရတာ ပိုကျစ်လစ်တယ်။ (ရှေ့၊နောက် အခုံးမို့နေမယ်။) သူ့ Camera Design ကို လက်ခံနိုင်ရင်တော့ Mi CC9 Pro ကို မြင်ရတဲ့အမြင်၊ ကိုင်ရတဲ့ခံစားချက်က Premium Feeling အပြည့်အဝရမယ့်ဖုန်းဆိုတာ အာမခံနိုင်ပါတယ်။ (ကိုယ်တွေတော့ သူ့ ဘဲခေါင်းစိမ်းအရောင်လေးကို ကြွေနေမိ) MIUI 11 ဆိုပေမယ့် Android 9 မှာပဲရှိနေသေးလို့ Android 10 ရစေချင်မိပြီး။ ဒီလောက်ပါပဲ။

ဆိုတော့ DXO Mark ကို ဂျင်းလို့ယူဆချင်ရင် ယူဆနိုင်ပါတယ်။ ဒါပေမယ့် Mi ဖြစ်နေလို့၊ စာရွက်ပေါ်က ဘာညာသာလကာ ဆိုတဲ့အစွဲတွေပါ ခဏမေ့ကြည့်ရင် ၅သိန်းစွန်းစွန်းဆိုတဲ့ဈေးမှာ Mi CC9 Pro ဟာ Flagship တွေကို ရင်ပေါင်တန်းနိုင်တဲ့ Camera အရည်အသွေးကို ပိုင်ဆိုင်ထားတဲ့ Premium Mid-range ဖုန်းတစ်လုံးဆိုတာ သင်ငြင်းမိမှာမဟုတ်လောက်ပါဘူး။ Flagship SoC တွရဲ့အရသာကိုမှခံစားချင်တဲ့သူတွေအတွက် ဒီဈေးမှာ တခြားရွေးချယ်စရာဖုန်းတွေ သပ်သပ်ရှိနေပါတယ်။ ဒါပေမယ့် Versatile အဖြစ်ဆုံး Camera Experience ကို ရချင်သူတွေ၊ ဖုန်းနဲ့မျက်နှာမခွာပဲ တစ်နေ့တာကို အားပြည့်အင်ပြည့် ဖြတ်သန်းချင်သူတွေ၊ Curved Display နဲ့ ဖုန်းပွတ်ရတာကို နန်းဆန်တယ်လို့ မြင်သူတွေအတွက်ဆိုရင် ဒီဈေးမှာ ဒီဖုန်းကလွဲပြီး ညွှန်းစရာမတွေ့မိသေးပါဘူးလို့ ပြောပါရစေ။