fbpx

This is digital planet.

Tech NewsXiaomi

Mi MIX 3 5G Edition ကို ဥရောပမှာမိတ်ဆက်မည်

Xiaomi ရဲ့ President Lin Bin အနေနဲ့ Xiaomi Mi MIX 3 5G Edition ဟာ 5G CE Certification ရရှိခဲ့ပြီးဆိုတာကို Weibo မှာအတည်ပြုခဲ့ပါတယ်။ Mi MIX 3 5G မှာတော့ Snapdragon 855 Chipset နဲ့ X50 5G Modem ပါဝင်မယ်လို့လဲသိရပါတယ်။

Lin Bin ရဲ့ဖော်ပြချက်အရ Mi MIX 3 5G ဟာ Sporton လို့ခေါ်တဲ့ Professional third-party mobile communication laboratory ရဲ့ ခက်ခဲကြမ်းတမ်းတဲ့ Test တွေကိုကျော်လွှားနိုင်ခဲ့ပြီး EU ကပေးတဲ့ CE Certification ကိုရရှိခဲ့တယ်လို့သိရပါတယ်။ ဒါအပြင် ဥရောပဈေးကွက်အတွက် လာမဲ့ မေလ မှာထွက်ရှိမယ်လို့လည်း Xiaomi မှအတည်ပြုခဲ့ပါတယ်။ ဥရောပဈေးကွက်အတွက်ရောင်းချမဲ့ပစ္စည်းတွေအနေနဲ့ စစ်မှန်တဲ့အရည်အသွေးရှိကြောင့်ပြသဖို့အတွက် CE Certification ကိုရရှိဖို့လိုအပ်ပါတယ်။ ဒါကြောင့် CE ရရှိခဲ့တဲ့ Mi MIX 3 5G အနေနဲ့ ဥရောပဈေးကွက်မှာဖြန့်ချိတော့မှာဖြစ်ပါတယ်။

Mi MIX 3 5G ကိုတော့ ဥရောပဈေးကွက်မှာ ဈေးနှုန်း အနေနဲ့ ယူရို ၅၉၉ (မြန်မာငွေ ၁၀ သိန်း) ဝန်းကျင်နဲ့စတင်ရောင်းချမယ်လို့လည်းသိရပါတယ်။ Mi MIX 3 5G မှာ Slider design 6.39-inch Super AMOLED notch-less display ပါဝင်ပြှး Slider အတွင်းမှာတော့ 24MP + 2MP front-facing camera ၂ လုံးကိုထည့်သွင်းပေးထားမှာဖြစ်ကာ ကျောဘက်မှာတော့ 12MP (Wide) + 12MP (Telephoto) ပါဝင်ပြီး LED flash နဲ့ပေါင်းစပ်ထည့်သွင်းပေးထားမှာဖြစ်ပါတယ်။ MicroSD Slot ပါဝင်မှာမဟုတ်ပဲ Google Assistant အတွက် ခလုတ်တစ်ခုကိုတော့ထည့်သွင်းထားပါတယ်။

ဘက်ထရီပမာဏ 3800mAh ပါဝင်မှာဖြစ်ပြီး Quick Charge 4+ နဲ့ 10W Wireless charging technology တို့ကိုလည်းထောက်ပံ့ပေးထားပါတယ်။ Mi MIX 3 ရိုးရိုး model မှာတော့ Snapdragon 845 ကိုသုံးပေးထားသောလည်း အခု Mi MIX 5G version မှာ Snapdragon 855 ကိုသုံးပေးထားမှာဖြစ်ပါတယ်။ RAM အနေနဲ့ 6GB RAM ပါဝင်မှာဖြစ်သလို့ storage ကိုလည်း 64GB နဲ့ 128GB ဆိုပြီး ၂ မျိူးထွက်ရှိမှာဖြစ်ပါတယ်။ အရောင်အနေနဲ့ Onyx Black နဲ့ Blue Sapphire ဆိုပြီး ၂ မျိူးထွက်ရှိပါတယ်။

Xiaomi အနေနဲ့ Mi MIX 3 5G Edition ကိုတော့ တရုတ်မှာ မိတ်ဆက်ပေးမယ်လို့သိရပြီး အခုအချိန်ထိတော့ ဒီအကြောင်းနဲ့ပက်သက်ပြီး ဘာမှမသိရသေးပါဘူး။ 5G ရတဲ့နိုင်ငံလောက်ကိုပဲဝင်မှာဖြစ်တဲ့အတွက် မြန်မာပြည်ကိုဝင်လာဖို့တော့မရှိပါဘူး။

Ref: Gizmochina