fbpx

This is digital planet.

Tech NewsXiaomi

Mi Mix 4 မှာ 108 MP Camera သုံးမယ်လို့ သတင်းများထွက်ပေါ်နေ

Xiaomi အနေနဲ့ လူတိုင်း မျှော်လင့်နေတဲ့ Mi Mix 4 Flagship Smartphone ကို Suprises တစ်ချို့နဲ့ September 24 မှာမိတ်ဆက်ဖို့ စီစဉ်နေပါတယ်။ အစတုန်းက ဖုန်းဟာ September လ၀က်ထဲမှာ ထုတ်ဖို့ရှိ‌နေပေမယ့် Huawei Mate 30 Pro လို ပြိုင်ဘက်တွေကလည်း အဲ့အချိန်မှာ ထုတ်ဖို့ရှိနေတဲ့အတွက် ရက်နောက်ဆုတ်လိုက်ရပါတယ်။ MI MIX 4 ဟာ Samsung ကနေထုတ်ထားတဲ့ 108MP sensor ကိုသုံးလာမယ့် ပထမဆုံးဖုန်းဖြစ်လာမယ်လို့ သတင်းတွေထွက်ထားပါတယ်။

ဖုန်းရဲ့  108MP camera ကို 16MP ultra-wide lens နဲ့ 12MP periscope camera ကိုတွဲပေးလာနိုင်ပြီး နောက်ထပ် ထင်ရှားတဲ့ Features‌ တွေအနေနဲ့ 5G-capable version ၊ 12GB of RAM နဲ့ reverse wireless charging တို့ပါ၀င်ထားပါတယ်။ ဖုန်းဟာ Snapdragon 855+ နဲ့ ရိုးရိုး Snapdragon 855 ပါ‌၀င်လာမယ့် Version နှစ်မျိုးရှိလာနိုင်ပါတယ်။ Mi Mix 4 မှာ Android 10 နဲ့ MIUI 11 တို့ပါ၀င်လာနိုင်ပါတယ်။

အပေါ်ကအချက်တွေက ပေါက်ကြားထားသော သတင်းများ ဖြစ်ပြီး သတင်းအတိအကျထွက်ထားခြင်းမရှိသေးတဲ့အတွက် မှန်ချင်မှမှန်မှာပါ။ Xiaomi ရဲ့ တရား‌၀င် သတင်းထုတ်ပြန်မှ သတင်းအတိအကျသိရမှာပါ။

Ref: Gizmochina