fbpx

This is digital planet.

Tech NewsXiaomi

Mi Notebook Air အသစ်ကို မတ်လ ၂၆ ရက်နေ့တွင်မိတ်ဆက်ပေးတော့မည်

Xiaomi အနေနဲ့ Mi Notebook အသစ်ကို တရုတ်မှာ March 26th ရက်နေ့ မိတ်ဆက်ပေးတော့မှာဖြစ်ပြီး အလေးချိန် 1.07kg နီးပါးပိုမိုပေါ့ပါးလာဖို့ရှိပါတယ်။ Xiaomi အနေနဲ့ Notebook ဈေးကွက်ကို ၂၀၁၆ ခုနစ်က စတင်မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။

Xiaomi အနေနဲ့ သူတို့ Mi Notebook ရဲ့ပါးလွှာမှု နဲ့အလေးချိန်ကို အဓိက Selling point အနေနဲ့ Promotion ဆင်းနေပြီး Apple Macbook ရဲ့ အလေးချိန် 1.25kg နဲ့ Huawei Matebook 12 ရဲ့ အလေးချိန် 1.3kg ထက်ပိုမိုပေါ့ပါးတယ်လို့သိရပါတယ်။

Mi Notebook ကိုတော့ 15.6-inch နဲ့ 13.3-inch ဆိုပြီး အရွယ်အစား ၂ မျိုးနဲ့ထွက်ရှိလာနိုင်ပြီး i3/i5/i7 Chipset အသီးသီး နဲ့ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ Core တွေကိုလည်း အရွယ်အစားနဲ့အတူ Upgrade လုပ်လာမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ကထွက်ရှိခဲ့တဲ့ 15.6-inch Mi Notebook အနေနဲ့ဈေးနှုန်း ယွမ် ၃၃၉၉ (ဒေါ်လာ ၄၉၁ / မြန်မာငွေ ၇ သိန်းခွဲ) ဝန်းကျင်ရှိပါတယ်။

Ref: Gizmochina