fbpx

This is digital planet.

AppleArticlesMicrosoft

လွန်ခဲ့ တဲ့ နှစ် ၂၀ ကျော်လောက်က Apple ကို Microsoft က ဘယ်လိုကူညီခဲ့လဲ

Huawei ကို Google က ဘာပိတ်တယ် ညာပိတ်တယ်ဆိုပြီး ဖတ်မိတော့ လွန်ခဲ့ တဲ့ နှစ်ပေါင်း ၂၀ကျော်က Apple နှင့် Microsoft အကြောင်းလေး ပြန်သတိရလာတယ်။ ဒီနေ့အချိန်မှာ Trillion Company ကြီးအဖြစ်ရပ်တည်နေတဲ့ Apple က လွန်ခဲ့သည့်နှစ်ပေါင်း ၂၀ ခန့်အချိန်က အခြေအနေ ဆိုးဆိုးဝါးဝါးကြီးတစ်ခုနှင့် ရင်ဆိုင်ခဲ့ရပါတယ်။ ဘယ်လောက်ထိအခြေအနေဆိုးခဲ့လဲဆိုရင် ဒေဝါလီခံလုနီးနီး ကို ဖြစ်ခဲ့ပါတယ်။ ဒါမဲ့ ဒီပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းပေးသွား တာ က Apple ကိုယ်တိုင်မဟုတ်ပါဘူး Microsoft က Bill Gates တို့ဖြစ်ပါတယ်။

Image result for how MIcrosoft rescue Apple

How Microsoft rescue Apple.

1990 ခုနှစ်ခန့်ပတ်ဝန်းကျင်က Apple က ဒီကနေ့ Apple နှင့်လုံးဝကွာခြားနေပါတယ်။ ဘယ် Smartphone ၊ ဘယ် Gadget တွေကိုမှ မဖန်တီးနိုင်သေးပဲ Apple Computer တွေထုတ်လုပ်ရင်း အသက်ရှုနေရတယ်။ Apple Computer တွေက ဈေးအရမ်းကြီးတယ်ဆိုပြီး နာမည်ဆိုးတွေနဲ့ ထင်ရှားခဲ့ပါတယ်။ Apple Computer ရဲ့ Market Share ရာခိုင်နှုန်းကလဲ လုံးဝ နည်းပါးနေပါတယ် ဒါ့အပြင် Apple ကထုတ်သည့် OSX ကိုလဲ တခြား Computer Company တွေမှာ လိုင်စင်ပေးသုံးဖို့ ငြင်းဆိုခဲ့တယ့်အတွက် ငွေဝင်ပေါက်က အတော်ပိတ်ခဲ့ပါတယ်။

1990 ကျော်အချိန်က ကွန်ပျူတာကို စီးပွားရေးနယ်ပယ်တစ်ခုအတွက် အသုံးပြုကြပါတယ်။ ဒီနေ့လို Social Network တွေ ၊ Gaming တွေ၊ Media content တွေ Streaming တွေဘာညာ များများစားစားမရှိသေးပါဘူး။ အဲ့အချိန် က Microsoft က Computer Market ရဲ့ 90% ကိုပိုင်ဆိုင်ထားပြီး Program တွေ Software တွေ အများစုကို Window OS အတွက် ထုတ်လုပ်ထားပါတယ်။ Apple ရဲ့ Mac OS or OSX အတွက် Software တွေကို software developer တွေက လစ်လျူ ရှုကြပါတယ်။ဘာကြောင့်လဲ ဆိုရင်။Apple ရဲ့ Operating system အတွက် software တစ်ခုထုတ်တဲ့ကုန်ကျစရိတ်က Microsoft Windows Os အတွက်ထုတ်လုပ်မှုကုန်ကျစရိတ်ထက် 2 ဆ ပိုတယ်။ ဒါကဒီနေ့အထိပါပဲ။

Market Share ပိုင်ဆိုင်မှုလဲ နည်းတော့ သူတို့ Software ထုတ်ပြီး သုံးမယ့်သူက နည်းတယ်။ ဒါကြောင့် ထုတ်လုပ်မှုကုန်ကျစရိတ်နည်းပြီး Market Share များတဲ့ Windows ဘက်မှာပဲ Software ပေါင်းများစွာကို Developer တွေထုတ်လုပ်ကြတယ်။ ဒီအချက်တွေကြောင့်လဲ Customer အများစုက Apple Computer တွေကိုဝယ်ယူရန် လက်တွန့် ခဲ့ကြသည်။ 1995 ခုနှစ်မှစ၍ Apple ၏ ထုတ်ကုန်ရောင်းအားများ တဖြည်းဖြည်းထိုးဆင်းသွားတယ်။ Company ရဲ့တန်ဖိုးမှာလဲ တဖြည်းဖြည်း လျော့ကြလာတယ်။ 1997 မှာလုံးဝ အခြေအနေလုံးဝ ဆိုးဝါးလာတဲ့အတွက် 1985 ခုနှစ်က ထုတ်ပယ်လိုက်တဲ့ Steve Jobs ကို CEO အဖြစ် ပြန်လည်ခန့် ထားလိုက်ရပါတယ်။ Apple ရဲ့ ငွေကြေးအခက်အခဲတွေကြောင့် Steve Jobs ရဲ့ CEO ရာထူး အတွက်လစာကို Apple ရှယ်ရာကိုသာ ပေးခဲ့ပါတယ်။ငွေကြေးအဖြစ်မရခဲ့။ 1997 July လ မှာတော့ Apple ၏ ငွေကြေးမှာ ရက် ၉၀ အတွက် သာ ကျန်ရှိကြောင်းကြေငြာလိုက်တယ်။

Image result for apple and microsoft partnership

Bill and Steve

Aug လ 6 ရက်နေ့မှာ Steve Jobs က ကြေညာမှုတစ်ခု ပြုလုပ်ခဲ့တယ်။ Apple ရဲ့ OSX or macOS မှာ Internet Explorer ကို ထည့်သွင်းအသုံးပြုမယ်လို့ ကြေငြာလိုက်တဲ့အချိန်မှာ လူအုပ်ကြီးတစ်ခုလုံး ဆူဆူညံညံ ဖြစ်သွားပါတယ်။ ဒါ့အပြင် Apple ရှယ်ရာ 150000 ကိုလဲ (Non-Voting) စနစ်ဖြင့် Microsoft က ကာလပေါက်ဈေး  $150 Million ဝယ်ယူလိုက်တယ် ဖြစ်ကြောင်းကြေငြာလိုက်တယ်။ Non-Voting ဆိုတာက Apple ကို ချုပ်ကိုင်လို့ရမယ့် share မျိုးမဟုတ်ပဲ အရင်းအနှီးထည့်တယ့် သဘောဖြစ်တယ်။ ဒါ့အပြင် Apple ရဲ့ Mac OS အတွက် Microsoft Office ကို 5 နှစ်တိတိ အခမဲ့ပေးသုံးခဲ့ပါတယ်။ Bill Gates က ညဏ်ကြီးရှင်ဗျ ဘယ်သူမှ Apple Mac Computer တွေကို Microsoft Office လို Work Station Office Software တွေ မပါဝင်ပဲ ဝယ်သူရှိမှာ မဟုတ်ဘူးဆိုတာကို ကြိုသိတယ်။

Microsoft က ဘာကြောင့် Apple ကို ကယ်တင်ခဲ့သလဲ?

Bill Gates လိုစီးပွားရေး သမားတစ်ယောက်က ဘာကြောင့် သူ့ပြိုင်ဘက်ကို မတောက်ချပဲ ကယ်တင်ခဲ့သလဲ ၊ Bill Gates ဟာ သာမန်လူတွေလို တွေးမြင်တဲ့ လူတစ်ယောက်မဟုတ်ပါဘူး အောင်မြင်တဲ့ စီးပွားရေးသမားကြီး တစ်ယောက်ဖြစ်တဲ့အတွက် သူ့ရဲ့အကြီးမားဆုံးပြိုင်ဘက်ကို ဘာ့ကြောင့်ဆွဲခေါ်ခဲ့သလဲ ၊ နောက်ကွယ်က ဘာတွေကြောင့်လဲ ၊ တကယ်တော့ သူ့ နှလုံးသားရင်ထဲက လုပ်ခဲ့တာမဟုတ်ပဲ သူ့ Company ကြီးမကျရှုံးအောင်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ တစ်ချက်ခုတ်နှစ်ချက်ပြတ်ဆိုသလိုပါပဲ …

Image result for 1993 US DOJ and microsoft

Photo Credit: www.aarp.org

1993 ခုနှစ်ကတည်းကစ၍ Microsoft Company နှင့် Department Of Justice(DOJ)ဆိုတဲ့ အမေရိကန်တရားမျှသမှုအဖွဲ့နှင့် တရားရင်ဆိုင်ခဲ့ရပါတယ်။ DOJ က Microsoft ကို ကုန်သွယ်မှုကို လက်ဝါးကြီးအုပ် (Monopoly) ပြုလုပ်နေတယ်ဆိုတဲ့ စွဲချက်နှင့် တရားစွဲဆိုထားတာပါ။ စီးပွားရေး နယ်ပယ်မှာ အရာတစ်ခုခုကို တစ်ယောက်ထဲ ခေါင်းပုံဖြတ်ပြီး အနိုင်ယူလို့မရပါဘူး။ ဒီလိုနေရာ Bill Gates က သူ့ Company ကျရှုံးမယ့်အရေးကို ကြိုတင်သိမြင်နေတယ်။ သူတစ်ခုခု မလုပ်ရင် DOJ က Microsoft ကို Break up လုပ်တော့မှာကို သူသိနေပါတယ်။

ဒါကြောင့် ပြိုင်ဘက်ကောင်းဖြစ်သည့် Apple ကို ကူညီလိုက်ခြင်းဖြင့် DOJ ရဲ့ စွဲချက်တွေကို ပြန်လည်တုန့်ပြန်နိုင်ခဲ့ပါတယ်။ Apple ကို ကူညီပြီး မကြာမီနှစ်တွေမှာ DOJ က Bill Gates ကို ၃ ရက်ကြာမြင့်တဲ့ ထွက်ဆိုမေးမြန်းမှုများကို ပြုလုပ်ခဲ့သည်။ ၃ ရက်ဆိုတဲ့ အချိန်က လူတစ်ယောက်ရဲ့ အမူအရာအတွေးအခေါ်ကို အမေးဖြင့်စစ်ဆေးရန် လုံလောက်တယ့် အချိန်ဖြစ်ပါတယ်။ နောက်ဆုံး Apple ကို ကူညီခဲ့တာဟာ Microsoft ကို ကယ်တင်ခဲ့သလိုလည်း ဖြစ်ခဲ့ပါတယ်။ ဒီလိုနှင့် 2001 ခုနှစ်တွင် DOJ က Microsoft ကို ပြစ်ဒဏ်အနည်းငယ်သာ ချမှတ်ပြီး ဒီပြဿနာကြီးကို အဆုံးသတ်လိုက်ပါတယ်။

Ref: Engadget and Business Casual

Related posts
AppleNews

2019 မှာ iPhone 11 Pro ဆိုတဲ့နာမည်နဲ့ Model အသစ်ထွက်ရှိလာနိုင်

Articles

Smartphone Camera တွေပေါ်က အသုံးအများဆုံး Ratio တွေအကြောင်း

ArticlesRealmeRedmiSamsungXiaomi

Smartphone Camera တွေမှာ Megapixel တွေဘာလို့များများသုံးလာသလဲ?

AppleNews

Google က Pixel 4 မှာ ပါဝင်မည့် နည်းပညာ အချို့ကို ထုတ်ပြ