This is digital planet.

AppleArticlesGoogleSamsung

Android ကြောင့် $400 ဘီလီယံ နစ်နာခဲ့တယ်လို့ ပြောလာတဲ့ Bill Gates

ကမ္ဘာ့သန်းကြွယ်သူဌေးတယောက်က အတိတ်ဒဏ်ရာဟောင်းတွေ တူးဆမိတယ်ဆိုရင် ဘာကြောင့်ဖြစ်မယ်ထင်လဲ? တကယ့်ကို ရည်ရွယ်ချက်ရှိရှိနဲ့ ဖော်ဆောင်ချင်တဲ့ အနာဂတ်အိမ်မက်တခုလို ဖြစ်လာမယ်လို့ မျှော်လင့်ရင်း မျှော်လင့်ရင်း အဆုံးသတ်မှာ တိုက်စားခံလိုက်ရတဲ့ ဝေဒနာလို ကျန်ရစ်နေတာလို့ Bill Gates နဲ့အင်တာဗျူးခဲ့တဲ့ Venture Capital Company “Village Global” အဆိုရ သိလိုက်ရပါတယ်။

ဒီတွေ့ဆုံပွဲမှာ အနားယူသွားပြီဖြစ်တဲ့ Legend ကြီးက “Google ကို အနိုင်ယူပြီး Non Apple Phone Platform ဖန်တီးဖို့ Microsoft ကြိုးပမ်းခဲ့တာ မဟာအမှားပဲလို့” ဝန်ခံသွားခဲ့ပါတယ်။ ဒါနဲ့ဆက်စပ်ပြီး Venture Capital ကောက်နှုတ်ချက်ကို တင်ပြရမယ်ဆိုရင်

“Software ချင်းယှဥ်မယ်ဆိုရင် လှမ်းကြည့်လိုက်၊ Apple Market မှာလည်း Microsoft Platform ဘောင်ဝင်ဆန့်တယ်။ ငါ့ဘဝရဲ့ အကြီးကျယ်ဆုံး အမှားတခုကို ပြုလုပ်မိတဲ့အချိန်က Android ကို ငါတို့ကျော်တက်နိုင်တယ်ဆိုတဲ့ အိမ်မက်ကြီးပဲ။ ဟုတ်တယ်၊ Android ဆိုတာ Apple မဟုတ်တဲ့ တခြား Platform လေး၊ ငါတို့အနေနဲ့ အသာလေး Fight လို့ရတယ်။”

Apple နဲ့အပြိုင်ဖြစ်လာတဲ့ ၂၀၀၈ – ၂၀၁၀ ကာလကို ရည်ညွန်းတာဖြစ်ပြီး iOS ကို မှီငြမ်း ထွက်ရှိလာတဲ့ Android OS ကို ကျော်ဖြတ်နိုင်မယ်လို့ တွေးမိခဲ့တာကို ဆိုလိုတာဖြစ်ပါတယ် (More Detali in Samsung Galaxy S Leagcy)

“ဒါပေမယ့် စျေးကွက်ထဲမှာ မင်းရဲ့ဖောက်သည် ၉၀ ရာခိုင်နှုန်းလောက်မရှိဘဲ သူများထက် ပိုရောင်းချင်လို့မရဘူး။ ငါပြောချင်တာအဲ့ဒါပဲ”

သွယ်ဝိုက်ပြောရမယ်ဆိုရင် Windows Phone အတွက် Developer Support နည်းသလို အသုံးပြုနိုင်တဲ့ Apps လည်း တွင်တွင်ကျယ်ကျယ် မရှိပါဘူး၊ ၂၀၁၁ နောက်ပိုင်း Galaxy ဖုန်းတွေ အောင်မြင်လာတဲ့အခါ တိုးဖို့ခက်လာသလို Sony Encrission ၊ HTC ဖုန်းတွေ အပြိုင်ဖြစ်နေတဲ့ Android လောကကြီးက မျက်စိတမိတ်အတွင်းမှာ အားကြီးလာတာကို ပြောတာပါ။ Microsoft အတွက် Nokia ဆိုတာကလည်း နေဝင်ချိန် ရောက်လုနီးနေပါပြီ။

“အဲ့တော့ ငါတို့တွေ ဆုံးဆုံးမြှုပ်သွားခဲ့တာပဲ၊ တကယ်လို့သာ ငါတို့ Winner ဖြစ်ခဲ့မယ်ဆိုရင် လွန်ခဲ့တဲ့ ၅ နှစ်အတွင်း Company G ကနေ M ကို ဒေါ်လာ ၄၀၀ ဘီလီယံ ပေးရဖို့ရှိမှာပဲလို့” Bill Gates ပြောခဲ့တာကို အတိုချုံး တင်ပြလိုက်ပါတယ်။

၂၀၁၂ နောက်ပိုင်းမှာ Nokia စမတ်ဖုန်းလုပ်ငန်းကို HMD Global လက်ထဲ ရောင်းချပစ်ခဲ့ပြီး Windows ဖုန်းတွေ အားလုံးကို ၂၀၁၈ နှစ်လယ်ပိုင်းမှာ ဘာ Update မှ မပေးတော့တဲ့အထိ အပြီးတိုင် Abbadon လုပ်ခဲ့တာကို ပြောတာ ဖြစ်ပါတယ်။

ကျွမ်းကျင်သူ “Steve Ballmer” ကလည်း Android ကို Microsoft မယှဥ်နိုင်ခဲ့တာ အပြစ်မဟုတ်ဘဲ Apple ကို အနိုင်လုဖို့ ကျရှုံးသွားတဲ့ Nokia စမတ်ဖုန်းလုပ်ငန်းကို အစကတည်းက မဝယ်ခဲ့သင့်ဘူးလို့ တင်ပြခဲ့ပါတယ်။ Windows ဖုန်းထုတ်ဖို့ စိတ်ကူးတာ ကောင်းတယ်ဆိုမယ့် လက်တွေ့မှာ Android နဲ့ Apple ကို ယှဥ်ဖို့ Developer Support မရခဲ့ဘူး။

နောက်ပြီး Windows ဖုန်းဆိုတာလည်း PC လိုပဲ ဖြစ်နေတဲ့အတွက် အသုံးပြုသူတွေအနေနဲ့ စိတ်ဝင်စားမှုမရခဲ့တာလို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ဘယ်လိုပဲပြောပြော Android စမတ်ဖုန်းလောကကို လွှမ်းမိုးဖို့ ကြိုးစားတာ Microsoft မအောင်မြင်ခဲ့ဘူးဆိုမယ့် CEO “Satya Nadella” လက်ထက် (ဧပြီလ ၂၀၁၉) မှာ ထရီလီယံဒေါ်လာတန် ကုမ္ပဏီဖြစ်လာခဲ့ပြီး Apple နဲ့ Alphabet Inc. တို့နောက် လိုက်လာတဲ့ တတိယမြောက် ကုမ္ပဏီ လို့လည်း ပြောနိုင်ပါတယ်။

အခုလို အောင်မြင်မှုတွေ ရထားပေမယ့် Android ကို အလှဲထိုးနိုင်ခဲ့မယ်ဆိုရင် ဘယ်လောက်များ ထိုးထောင်နေမလဲဆိုတဲ့ အတွေးက Bill Gates ကို အဆိပ်ချသွားတယ်လို့ပဲ အင်တာဗျူးကို သုံးသပ်ကြည့်ရမှာပါ။

Source: Venture Beat