fbpx

This is digital planet.

MicrosoftTech News

Azure Sphere OS လုံခြုံရေး ချိုးဖျက်နိုင်ရင် ဒေါ်လာ ၁ သိန်း Bounty ပေးမယ့် Microsoft

Microsoft ကတော့ Azure Sphere လုံခြုံရေး ချိုးဖျက်နိုင်ရင် ဒေါ်လာ ၁ သိန်း ပေးမယ်လို့ ကြေညာလိုက်ပါတယ်။ Azure Sphere ဆိုတာက Compact အဖြစ်ဆုံးနဲ့ Linux ပေါ် မှီခိုပြီး ပြီးခဲ့တဲ့နှစ်က ဖန်တီးခဲ့တဲ့ OS တမျိုးပါ။

အသုံးပြုဖို့ ရည်ရွယ်ထားတာက Internet of Things (loT) Platform အတွက် ဖြစ်သလို Microsoft ရဲ့ Custom OS လို့လည်း ပြောနိုင်ပါတယ်။

loT အတွက် လုပ်ထားတယ်ဆိုတာကလည်း Security ပိုင်းအတွက်ဖြစ်ပြီး Sandbox ထဲမှာ Isolate လုပ်ထားမယ့် Services နဲ့ App တွေ လုံခြုံမှု ရှိစေဖို့ပါ။

Azure Sphere

တကယ်ရော Secure ဖြစ်ရဲ့လားဆိုတာကို ကမ္ဘာပေါ်က Hacker တွေကို တပ်လှန့်လိုက်ပြီး စာစကား၊ ပေစကား ပြောရရင် Pluton Security Subsystem သို့မဟုတ် Secure World Sandbox ကို Breach ချိုးဖျက်နိုင်မလား?

Azure Sphere OS

Image: Electronic Design

တကယ်လို့ Breach နိုင်ခဲ့ရင် Challenge အနေနဲ့ Bounty ပေးမယ့် Program ပါ။

ဒိအတွက် ဒေါ်လာ ၁ သိန်း တန်ကြေး ထုတ်ပြန်ထားတာဖြစ်ပြီး Microsoft အဆိုရ Bug Bounty program နဲ့ တစိတ်တဒေသ ဖြစ်တယ်လို့ ကြေညာထားပါတယ်။

Bounty Awards

အဆိုပါ Program ဟာ ဇွန်လ ၁ ရက်ကနေ သြဂုတ်လ ၃၁ ရက် နေ့အထိ ပြုလုပ်ထားတဲ့ Research Program ဖြစ်ပြီး အကယ်၍ Azure Sphere Challenge မှာ ချိုးဖောက်နိုင်ရင် ဒေါ်လာ ၁ သိန်းပေးမယ်လို့ Security Response Center မန်နေဂျာ ဖြစ်သူ Sylvie Liu က အကျယ်တဝင့် ပြောထားပါတယ်။

Microsoft

Image: The Verge

Challenge ကတော့ ရိုးရှင်းစွာနဲ့ပဲ OS ကိုပဲ Focus ထားစေမှာဖြစ်ပြီး Azure နဲ့ ချိတ်ဆက်ထားမယ့် Cloud Platform နဲ့ လားလားမျှ မသက်ဆိုင်ပါဘူး။ လက်ရှိချိန်မှာလည်း Linus OS လုံခြုံရေးကို ချိုးဖျက်နိုင်မယ့် သုတေသီတွေကို အုပ်စုလိုက် Microsoft ရှာဖွေနေပါတယ်။

Chasing the Dream

Azure Sphere ကို ပြီးခဲ့တဲ့နှစ် Developer Conference မှာ ကြေညာခဲ့တာဖြစ်ပြီး တခြားနဲ့ မတူညီတဲ့ အသစ်စက်စက် OS ပါ။

CEO “Satya Nadella” အနေနဲ့လည်း loT ပစ္စည်းတွေကို ကုမ္ပဏီရဲ့ အကျိုးဖြစ်ထွန်းစေမယ့် အရာလို မြင်ထားသလို Microsoft ရဲ့ အကြီးမားဆုံး Hardware လုပ်ငန်းဆိုရင် မမှားပေဘူး။

Microsoft CEO Satya Nadella

CEO “Satya Nadella” (Image: Quartz)

Nadella အနေနဲ့လည်း ကျွမ်းကျင်သူတွေ ခန့်မှန်းချက်အရ အနာဂတ်မှာ အသုံးတွင်လာမယ့် loT Device တွေနောက် လိုက်နေပြီး Azure ဟာ အဆိုပါ Device တွေရဲ့ လုံခြုံရေးနဲ့ ရည်ရွယ်ထားတဲ့ Mission အထမြောက်စေမယ့် သော့ချက်ဖြစ်နေတာပါ။

ဒီတော့ Microsoft အမူရာက တိတ်တဆိတ် လှုပ်ရှားနေတဲ့ Cloud Computing နည်းပညာရဲ့ ပဏမ ခြေလှမ်းလို့ ပြောနိုင်သလို Windows နောက်ကွယ် အောင်မြင်လာမယ့် အနာဂတ်တွက် တွန်းအားပေးနေတယ်လို့ ပြောရင်လည်း မမှားပေဘူး။

Source: The Verge