This is digital planet.

MicrosoftTech News

မျက်နှာပြင် နှစ်ခုအသုံးပြုထားတဲ့ Surface Duo ကို မကြာခင် မိတ်ဆက်လာနိုင်တယ်

စမတ်ဖုန်းတွေ အမျိုးမျိုး ထွက်ရှိနေဆဲ ဖြစ်တယ်ဆိုပေမယ့် နည်းပညာ အထူးဆန်းလေ (သို့) တခြား အမျိုးအစားတွေနဲ့ ကွဲထွက်လာတဲ့ မော်ဒယ်မျိုးဆိုရင် ဘယ်သူမဆို စိတ်ဝင်တစား ဖြစ်ကြတာပါ။

သြဂုတ်လ (၅) ရက်နေ့မှာ Galaxy Note20 စီးရီးနဲ့အတူ Galaxy Z Fold 2 ၊ Galaxy Z Flip 5G ၊ Galaxy Buds Live နဲ့ Galaxy Watch 3 အစရှိတဲ့ ထုတ်ကုန် ၅ မျိုး မြင်တွေ့ရမယ် ဆိုပေမယ့် တိတ်တခိုးလေး လုပ်လိုက်တာ Dual Screen Foldable ဖုန်းလို့ပဲ ဆိုရမှာပါ။

မကြာခင် မြင်ရနိုင်တယ်ဆိုတဲ့ သတင်းက အခိုင်မာတော့ မဟုတ်ပေမယ့် အစောပိုင်း ပေါက်ကြားမှုတွေအရ 2020 ဇူလိုင်လအတွင်း မိတ်ဆက်လာမယ်ဆိုတဲ့ အချက်ပါ။

A Microsoft Foldable Phone

Microsoft အနေနဲ့ အဆိုပါ Dual Screen ဖုန်းကို 2020 အားလပ်ရာသီမှာ ကြေညာမယ်လို့ 2019 အောက်တိုဘာလ မိတ်ဆက်တဲ့အချိန်တုန်းက ပြောဆိုခဲ့ပါတယ်။

Microsoft Surface Neo

Image: Android Authority

ဒါကြောင့် ဇူလိုင်လအတွင်း မဟုတ်ရင်တောင် Galaxy Unpack Event ကျင်းပလာမယ့် သြဂုတ်လအတွင်း ချပြလာမယ်လို့ ခန့်မှန်းရပြီး အစောပိုင်း အတည်ပြုချက်တွေအရ Android အသုံးပြုထားတဲ့ Microsoft ဖုန်းဟာ FCC မှာ ထွက်ပေါ်လာတဲ့ အချက်ပါ။

ယခုတဖန်မှာတော့ Bluetooth SIG Certification Page မှာ ထပ်တွေ့ခဲ့ရသလို ကျွမ်းကျင်သူတွေ သုံးသပ်ချက်အရ စမတ်ဖုန်းတွေ မိတ်မဆက်ခင် ရက်သတ္တပတ် အနည်းငယ်အလိုမှာ FCC နဲ့ Bluetooth Listing မှာ တွေ့ရလေ့ရှိတဲ့ အချက်ပါ။

Due to Pandemic Outbreak

ဒါကြောင့် သြဂုတ်လအတွင်း မြင်ရနိုင်တယ်လို့ ပြောရသလို အခုလို အခြေနေမတိုင်ခင် လွန်ခဲ့တဲ့ ၆ လအတွင်း ဖြစ်ပွားနေခဲ့တဲ့ COVID-19 ကပ်ရောဂါကြောင့် နှောင့်နှေးမှုတွေ ရှိနေခဲ့တာ ဖြစ်တယ်လို့ The Verge အဆိုရ သိရပါတယ်။

သို့ပေမယ့် Surface Duo ကို တချို့သော Developers တွေ အရင်ဆုံး စမ်းသပ်ခွင့် ရရှိခဲ့ပေမယ့် သတင်း အစအန ပေါက်ကြားခဲ့တာမျိုး မတွေ့ခဲ့ရပါဘူး။

Microsoft Surface Duo

Image: Laptop Mag

ဒီလို ဖြစ်တာကို ကိုဗစ်နဲ့ပဲ လုံးချာလိုက်ခဲ့တယ် အကြောင်းပြခဲ့ပေမယ့် Microsoft ဖုန်းကို မကြာခင် မြင်ရမယ့်အချက်ကို ပြောနိုင်သေးတာ တစ်ခုက Evan Blass ဆိုသူ Leaker တစ်ဦးကြောင့်ပါ။

Microsoft’s Surface Duo

Blass အနေနဲ့ AT&T ကွန်ရက်မှာ Surface Duo ဖုန်း ထွက်ပေါ်လာမယ်လို့ အရိပ်အမြွက် ပြောကြားခဲ့သလို သူ့အနေနဲ့ Marketing Materials တွေ စမတ်ဖုန်း မိတ်မဆက်ခင် ရက်သတ္တပတ် (သို့) လ အလိုမှာ ရရှိလေ့ရှိတာကြောင့် Surface Duo ကို မြင်ရဖို့ရှိနေတယ်လို့ သုံးသပ်ရတာပါ။

ဒါ့အပြင် Microsoft ရဲ့ Communication Chief ဖြစ်သူ Frank Shaw အနေနဲ့ Surface Duo ကိုင်ထားတဲ့ ဓာတ်ပုံတစ်ပုံကို Twitter စာမျက်နှာမှာ တင်ထားခဲ့ပြီး အဆိုပါပုံဟာ Surface Chief ဖြစ်သူ Panos Panay စနောက်ခဲ့တဲ့ Twitter Post နောက် ပေါ်ထွက်လာခဲ့တာပါ။

Lots of rumors and speculations

မြင်ရတဲ့ပုံအရ Surface Duo မှာ Bumper Case အသစ်ပါဝင်လာသလို LinkedIn စာမျက်နှာမှာ Microsoft Executive ဖြစ်သူ Brad Anderson တင်ထားခဲ့တဲ့ Video နဲ့လည်း ခပ်ဆင်ဆင် ဖြစ်နေပါတယ်။

Specification အနေနဲ့ Snapdragon 855 Processor ၊ 6GB RAM နဲ့ 256GB Storage တို့ ပါဝင်မယ်လို့ အစောပိုင်း သတင်းတွေအရ သိထားရပေမယ့် 2020 အနေထားအရ ပြောင်းလဲမှုတော့ ရှိနိုင်ပါတယ်။

Dual Screen ဖြစ်တဲ့အလျောက် Surface Duo မှာ 5.6” အရွယ်စားရှိ Display နှစ်ခု ပါဝင်လာမှာပါ။ ဒီ Product သာ ထွက်လာခဲ့ရင် ဘယ်လို အပြောင်းလဲ ဖြစ်လာဦးမယ်ထင်လဲ?

Source: The VergeMicrosoft