fbpx

This is digital planet.

NewsPocophoneRedmiXiaomi

MIUI မှာ ကြော်ငြာတွေကို လျော့ချတော့မည်

Xiaomi user တွေအတွက် တစ်ကယ့်ရွှေသတင်းပါ။ Xiaomi ဖုန်းတွေရဲ့ အားသာချက်က ပေးဝယ်ရတာ တန်တယ် Performance တို့ Camera တို့လဲ ကောင်းတယ် ဒါမဲ့ MIUI နဲ့ပက်သက်ရင် ကြိုက်တဲ့သူအတွက် ပြဿနာမရှိပေမဲ့ အခြား Brand တစ်ခုကနေပြောင်းလာတဲ့သူဆို တိုင်ပတ်တာလေးတွေရှိတတ်ပါတယ်။ နောက်ပိုင်းသုံးတတ်သွားရင်တောင် MIUI မှာပါတဲ့ ကြော်ငြာတွေကို အသုံးပြုသူတွေကို မျက်စိနောက်စေပါတယ်။

Image result for MIUI ads

ကြော်ငြာတွေနဲ့ MIUI

အထူးသဖြင့် China ROM တင်ထားတဲ့သူတွေဆိုရင် System App တိုင်းလိုလို Ads တွေကို မြင်တွေ့နေရပါတယ်။ အခုတော့ Xiaomi ရဲ့ CEO နဲ့ Co-founder က MIUI တွေမှာပါတဲ့ ကြော်ငြာတွေကိုလျော့ချတော့မယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ Xiaomi ရဲ့ Internet Services General Manager ကလည်း MIUI မှာပါတဲ့ကြော်ငြာ အရေအတွက်တွေကို လျော့ချတော့မယ်လို့ပြောကြားခဲ့ပါသေးတယ်။

Image result for MIUI ads
အခုအခါ Xiaomi ဖုန်းတွေက MIUI မှာ ကြော်ငြာအရည်အတွက်ကို တဖြည်းဖြည်းလျော့နေပြီး ကြော်ငြာတွေကို ပိတ်လို့ရတဲ့ System tools ကိုလည်း သိပ်မကြာခင်မှာမိတ်ဆက်ပေးမယ်လို့ သိရပါတယ်။ ဒါကြောင့် လာမဲ့ ၂ လအတွင်းမှာ Xiaomi အနေနဲ့ ပိုပေါ့ပါး သစ်လွင်တဲ့ MIUI ကိုလည်း ထုတ်ပေးဖို့ ရည်ရွယ်ထားပါတယ်။ Fossbytes ကသတင်းတွေအရ Xiaomi က သူရဲ့ ဖုန်းမှာပါတဲ့ ကြော်ငြာတွေကို လုံးဝအပြတ်ဖြုတ်ချတာမျိုးမဟုတ်ပဲ လျော့ချပြီး Optimize လုပ်မှာလို့သိရပါတယ်။ ဘာပဲပြောပြော ကြော်ငြာအရည်အတွက်နည်းသွားရင်လည်း အရင်ကထက် မျက်စိနောက်ပိုသက်သာတာပေါ့။

Ref: Gizmochina & Fossbytes

Related posts
NewsRedmi

Redmi 8 ရဲ့ hands-on ပုံများပေါ်ထွက်လာ

NewsOPPOVivoXiaomi

မတူတဲ့ Brand အချင်းချင်း File transfer လုပ်လို့ရမယ့် Service ကိုပြုလုပ်လာတော့မယ့် Xiaomi, OPPO နဲ့ Vivo

HuaweiNews

Huawei ရဲ့ Kirin 990 SoC မှာ 4K 60fps video recording ကို Support လုပ်မည်

NewsVivo

မကြာခင်ထွက်ရှိတော့မယ့် vivo NEX 3 မှာ 5G version ပါဝင်လာနိုင်