fbpx

This is digital planet.

RedmiTech NewsXiaomi

MIUI 11 ရဖို့ သိပ်မလိုတော့ဘူးလို့ Xiaomi ရဲ့ Product Director အရိပ်အမြွက်ပေး

တရုတ်အခြေစိုက် Smartphone Maker ဖြစ်တဲ့ Xiaomi ဟာ Version အသစ် MIUI 11 ကို ပိုကောင်းအောင်ပြုလုပ်နေပါတယ်။ မကြာခင်ထွက်ရှိလာတော့မယ့် MIUI 11 မှာ Features အသစ်တွေကိုတွေ့ရလာနိုင်တယ်လို့ MIUI ရဲ့ Product Manager နဲ့ Design Director က Shared ခဲ့ပါတယ်။

Company ကတော့ MIUI 11 ဟာ ”ပြိုင်ဘက်ကင်း OS အသစ်” လို့ပြောခဲ့ပါတယ်။ အဲ့ MIUI 11 မှာ Features အသစ်တွေကိုထည့်ပေးထားပြီး ကြော်ငြာတွေပေါ်လာတဲ့ Issues တွေကို ပြင်ဆင်ပေးသွားမှာပါ။ အစောပိုင်းတုန်းကလည်း Company က Advertisements တွေအတွက် ထိန်းညှိ စစ်ဆေးပေးမယ်လို့ ပြောခဲ့ပါသေးတယ်။ Company အနေနဲ့လက်ရှိ Advertisements တွေကို စတင်လျော့ချပေးနေပြီး နောက်လာမယ့် Version မှာ Ads တွေကိုပိုပြီးလျော့ပေးလာနိုင်ပါတယ်။

Xiaomi အနေနဲ့ Ads တွေကို ပိတ်ဖို့ MIUI System Tool မှာ easy switch ကိုမိတ်ဆက်လာတော့မှာပါ။ နောက်လတွေမှာ ပိုပေါ့ပြီး သစ်လွင်တဲ့ MIUI 11 ကိုတွေ့ရလာဖို့ရှိနေပါတယ်။ User Interface မှာ Design ပြောင်းထားတဲ့ System icons အသစ်ကို မိတ်ဆက်လာတော့မှာပါ။အဲ့ Icons အသစ်တွေမှာ ပေါင်းစည်းတဲ့ Design လည်းပါဝင်လာနိုင်ပါတယ်။ နောက်ထပ် System Functions တွေကို ပိတ်ပေးပြီး Calls နဲ့ Messages တွေကိုသာ သုံးလို့ရမယ့် Ultimate power-saving mode လည်းပါဝင်လာနိုင်ပါတယ်။

အဲ့ Mode မှာ အရောင်တွေပိတ်သွားမှာပြီး UI က အားကိုထိန်းပေးတဲ့ Monochrome mode ကိုပြောင်းသွားမှာပါ။ Users တွေအနေနဲ့ ကိုယ်ကြိုက်တဲ့ App ကိုပဲဖွင့်ပေးထားပြီး Power Saving Mode ကို လိုသလိုထိန်းညှိလို့ရလာမှာပါ။ နောက်ထပ် Screenshots တွေကို တစ်ခြားသူတွေနဲ့ Shared ပြီးတာနဲ့ MIUI 11 က အလိုအလျောက်ဖျက်ပစ်တော့မှာပါ။ Status bar ကို Optimized လုပ်ပေးလာနိုင်ပြီး Apps တော်တော်များများအတွက် Built-in dark mode ကို Support ပေးလာတော့မှာပါ။

Ref: GIZMOCHINA