fbpx

This is digital planet.

Tech NewsXiaomi

MIUI Update နဲ့အတူ “Always On Display” Feature ပါဝင်လာဖွယ်ရှိ

Samsung ဖုန်းတွေမှာ Always on Display Feature ပါဝင်ခဲ့တာကတော့ အနည်းငယ်ကြာမြင့်ခဲ့ပါပြီ။ ဒါပေမယ့် အခုအချိန်မှာတော့ Xiaomi ရဲ့ MIUI မှာ အဆိုပါ Feature ပါဝင်လာတော့မှာဖြစ်ပါတယ်။ AMOLED Displays ပါဝင်တဲ့ Xiaomi ဖုန်းတွေမှာ အဓိက ထောက်ပံ့ပေးမယ့် ဒီ Always On Display Feature မှာတော့ Unlock မလုပ်ပဲ Noti, Time and Date တို့ကိုဒီတိုင်းမြင်တွေ့နေရမှာဖြစ်ပါတယ်။

Always on Display Feature မှာ ဘက်ထရီရာခိုင်နှုန်း ကိုဖော်ပြပေးဖို့အတွက်ကိုလည်း MIUI အသုံးပြုသူတွေမှာတောင်းဆိုလျက်ရှိနေပြီး Xiaomi အနေနဲ့လည်းမကြာခင်ထွက်ရှိလာမဲ့ ဒီ feature အတွက် ထောက်ပံ့ပေးဖို့ရှိနေပါတယ်။

တရားဝင် MIUI ရဲ့ Weibo အကောင့်မှာအတည်ပြုပေးခဲ့တဲ့ ဒီ Feature အနေနဲ့ မကြာခင်မှာ AMOLED အသုံးပြုဖုန်းတွေအတွက် ထွက်ရှိလာတော့မှာဖြစ်ပါတယ်။ MIUI ရဲ့ Weibo Page မှာမျှဝေခဲ့တဲ့ ပုံမှာတော့ ရုပ်ပုံလေး နဲ့အတူ အချိန် နေ့ရက် နဲ့ အားသွင်းထားနေတဲ့ ဘက်ထရီပမာဏ စတဲ့ပုံတွေကိုမြင်တွေ့ရမှာဖြစ်ပါတယ်။

Xiaomi ရဲ့ AMOLED Display ကိုအသုံးပြုတဲ့ဖုန်းစာရင်းမှာတော့ Mi 8 , Mi 8 Pro , Mi 8 SE , Mi 9 SE နဲ့ Mi MIX 3 စတဲ့ flagship ဖုန်းတော်တော်များများပါဝင်နေပါတယ်။ အဆိုပါ Feature ကိုတော့ Xiaomi အနေနဲ့နောက်ထွက်မယ့် MIUI Update မှာထည့်သွင်းပေးဖွယ်ရှိနေပါတယ်။

Ref: Gizmochina