fbpx

This is digital planet.

MotorolaTech News

Motorola မှာ foldable display နဲ့ flip phone RAZR ကိုမိတ်ဆက်

လပေါင်းအတော်များများအကြာ Motorola ရဲ့ Foldable ဖုန်းနဲ့ပက်သက်ပြီး ပေါက်ကြားမှုတွေရှိခဲ့ပါတယ်။ ဒီနေမှာတော့ တရား၀င် Motorola မှာ ထုတ်ဖော်မိတ်ဆက်လိုက်ပါပြီ။ ဖုန်းရဲ့ နာမည်က Razr ဖြစ်ပြီး သူရဲ့ flip နဲ့ fold design က ဟိုအရင် ခေါက်ဖုန်းလေးတွေနဲ့ ဆင်တူနေတာကိုတွေ့ရပါတယ်။ Galaxy Fold တို့ Mate X တို့ Screen ကြီးဖို့အတွက် ခေါက်ချိုးတဲ့ ပုံစံမျိုးမဟုတ်ပဲ လက်ရှိကိုင်နေကြ အရွယ်ထက် ပိုသေးအောင်ပြုလုပ်တဲ့ ဖုန်းပဲ ဖြစ်ပါတယ်။

Image result for motorola razr 2019"

Motorola Razr Specs and Features

Motorola Razr ဖုန်းမှာ Flex View P-OLED display ကို သုံးပေးထားပြီး 6.2 inches ကျယ်၀န်းပါတယ်။ 2142 x 876 pixels resolution ကိုသုံးထားပြီး Screen ratio က 21:9 ဖြစ်လို့ Sony Xperia 1 လို့ ရှည်ရှည်မျောမျောလေးဖြစ်နေမှာပါ။ ခေါက်ချိုးလိုက်တဲ့အခါ ဖုန်းက မိတ်ကပ်ဘူး အရွယ်အစားမျိုးရှိမှာဖြစ်ပြီး ဖုန်းအောက်မှာ Chin ပါ၀င်ပါတယ်။ အဆိုပါ Chin ပေါ်မှာ Fingerprint sensor ကိုထည့်သွင်းပေးထားပါတယ်။

Galaxy Fold တို့ Mate X တို့က ဖုန်းကို Horizontally ခေါက်ချိုးတာဖြစ်ပြီး သေးငယ်တဲ့ Screen ကို Tablet အရွယ်ထိ ချဲ့သုံးချင်တဲ့သူတွေအတွက် ရည်ရွယ်ထားတာဖြစ်ပါတယ်။ ဒီ Razr ဖုန်းမှာ အဆိုပါဖုန်းတွေနဲ့မတူတာကတော့ ဖုန်းကို Vertically ခေါက်ချိုးတာဖြစ်ပြီး ပိုသေးငယ်တဲ့ အရွယ်အစားရအောင် ရည်ရွယ်တာပဲဖြစ်ပါတယ်။ ခေါက်ချိုးတဲ့ Hinges နေရာမှာ Stainless Steel ၂ ခုကို အသုံးပြုထားပြီ ခေါက်ချိုးတဲ့အခါမှာ ခက်ခဲမှုမရှိ ချော့မွတ်စွာလုပ်နိုင်အောင် Razr flip phone ကို ပြုလုပ်ပေးထားပါတယ်။ ရေစင် ခံနိုင်ဖို့အတွက် Nano-coating တွေကို အုပ်ထားပြီး ဖုန်းအလေးချိန်ကတော့ 205 grams လေးပါတယ်။

Image result for motorola razr"

 

ဖုန်းကိုခေါက်လိုက်တဲ့အခါမှာ Quick View secondary display မြင်တွေ့ရမှာဖြစ်ပါတယ်။ 2.69 inches ကျယ်ပြီး 800 x 600 resolution ကို တပ်ဆင်ပေးထားပါတယ်။ ခေါက်ချိုးလိုက်တဲ့အခါ ဖုန်းရဲ့ Diameter က 94.5 x 71.95 x 14.06mm ထိ သေးငယ်မှာဖြစ်ပြီး Unfold လုပ်ထားရင် 171.5 x 71.95 x 7.06mm ထိရှိမှာဖြစ်ပါတယ်။ Quick View Display မှာ Google Assistant တို့ Quick responses feature တွေပါ၀င်ပြီး Content တွေကို Quick View Display နဲ့ Flex View Display ကြားမှာ လွယ်လွယ်ကူကူ ပြောင်းကြည့်လို့ရမှာဖြစ်ပါတယ်။

Hardware

SoC မှာ Mid-range SoC ဖြစ်တဲ့ SD 710 ကိုတပ်ဆင်ထားပြီး RAM 6GB နဲ့ Storage 128GB ထိ ပါ၀င်ပါတယ်။ Battery ပိုင်းမှာတော့ 2510mAh Battery ကိုသုံးပေးထားပြီး 15W fast charging USB C ပါ၀င်ပါတယ်။ Motorola ကတော့ TurboPower Charging ကို နာမည်ပေးထားပါတယ်။ Android 9 Stock version နဲ့ လာမှာဖြစ်ပါတယ်။

Display ပိုင်းမှာ Notch ပါ၀င်ပြီး Speaker ရယ် 5MP f/2.0 Camera ရယ် Screen flash feature ရယ်ကိုထည့်သွင်းပေးထားပါတယ်။ Quick View Display ရဲ့အောက်ဘက်မှာ 16MP f/1.7 Camera နဲ့ Dual LED flash တပ်ဆင်ပေးထားပါတယ်။ Camera ပိုင်းမှာ Laser Autofocus တွေ Dual Pixel Autofocus နဲ့ Night Vision Mode နဲ့ EIS တို့ စတဲ့ Feature တွေပါ၀င်ပါတယ်။

Image result for motorola razr 2019"

Microphone 4 လုံးပါ၀င်တဲ့ ဖုန်းဖြစ်ပြီး 3.5mm Audio jack တော့ မပါ၀င်ပါဘူး။ ဒါမဲ့ SD Card Slot ပါ၀င်တဲ့အတွက် Memory ထပ်တိုးချင်တဲ့သူတွေအတွက် အဆင်ပြေပါတယ်။ စျေးနှုန်းအနေနဲ့ $1,499 ဖြစ်ပြီး Dec 26 မှာ Pre-order မှာယူနိုင်မှာဖြစ်ပါတယ်။ အရောင်အနေနဲ့ Noir Black ဆိုတဲ့တစ်ရောင်ထဲပဲ ထုတ်လုပ်ထားပါတယ်။ ဖုန်းနဲ့အတူ Razr earbud, Denon Audio Tuned USB-C headset တို့ပါ၀င်ပါတယ်။ ၁ နှစ် Warranty ပေးထားပြီး ၁ နှစ်ကျော်သွားလို့ Screen တစ်ခုခုဖြစ်သွားပါက $299 နဲ့ လဲယူနိုင်မှာဖြစ်ပါတယ်။ ကဲစျေးအသက်သာဆုံး ခေါက်ချိုးကို ၀ယ်ဖို့အဆင်သင့်ဖြစ်ပီလား??

Ref: Gizmochina