This is digital planet.

MSILaptopTech News

Modern 14 အသစ်ကို 10th Gen Intel ၊ Ryzen 4000 Series Processor နဲ့ ကြေညာလိုက်တဲ့ MSI

Modern 14 ဟာ ပါးလွှာတဲ့ ကိုယ်ထည် ပိုင်ဆိုင်ထားပြီး နေ့တဓူဝ သုံးစွဲမှုကနေ Editing ပေါ့ပေါ့ပါးပါး ကိုင်တွယ်ဖို့နဲ့ Entertainment ပိုင်းအတွက် ထုတ်လုပ်ထားတဲ့ Creator Laptop တွေပါ။

စာဖတ်သူတွေ Confused ဖြစ်မသွားအောင် ပြောရရင် Modern 14 စီးရီးမှာ Generation ၂ ခု ရှိသွားပြီ ဆိုတဲ့အချက်ပါ။

Modern 14 Bluestone

Image: MSI

MSI အနေနဲ့ နာမည်တစ်ခုပဲ ထုတ်တယ်ဆိုပေမယ့် ပထမမျိုးဆက် A နဲ့စသလို ဒုတိယမျိုးဆက်က B ဆိုတဲ့ စကားလုံးနဲ့ Modern 14 နောက်မှာ A10RB ၊ B10RS (Intel) သို့ B4MW (Renoir) ဆိုပြီး Sub-divide ခွဲခြား ထားလို့ပါ။

MSI Modern 14 Series

MSI ကြေညာလိုက်တဲ့ အချက်အရ မော်ဒယ်အသစ်မှာ Intel 10th Gen (Comet Lake) Processor နဲ့ Ryzen 4000 Series (Renoir) တို့ အသုံးပြုထားမှာဖြစ်ပြီး ပိုပြီးတော့ Powerful ဖြစ်လာတဲ့ GeForce MX300 Series Graphics တို့နဲ့ အတူ ပွဲထုတ်ထားတာပါ။

Modern 14 Onyx Black

Image: MSI

အခုလို Hardware Component တွေ ပြောင်းလဲသွားတဲ့အပြင် ဒီဇိုင်း Language မှာလည်း အရင်နဲ့ မတူအောင် ပြင်ဆင်ပေးထားပါတယ်။

မော်ဒယ်အသစ်ကို Intel (သို့) AMD နဲ့ ရွေးချယ်လိုက်သည်ဖြစ်စေ Onyx Black (သို့) Bluestone အရောင်သစ် (၂) မျိုးနဲ့ ရရှိမှာပါ။

Two Distinct Color Options

ထူးခြားသွားတဲ့ အချက်တွေက Prestige စီးရီးလို Laptop ဖွင့်လိုက်တာနဲ့ ကိုယ်ထည်က 5 Degree လောက် ကြွတက်လာတာ ဖြစ်ပြီး အဆိုပါ အချက်က စာရိုက်တဲ့အခါမျိုးမှာ ပိုပြီးတော့ သက်တောင့်သက်သာ ဖြစ်စေတာပါ။

Modern 14 Blueston Lift Design

Image: MSI

သို့အတူ စပ်ထားတဲ့ အရောင်နှစ်မျိုးကလည်း ခေတ်မီတဲ့ Lifestyle ပုံစံမျိုးနဲ့ ပိုလိုက်ဖက်သလို Bluestone လို အရောင်မျိုးက Laptop တွေထဲမှာ မြင်ရခဲပါတယ်။

ဒီအရောင်က လူငယ်တွေနဲ့ Companion ဖြစ်စေသလို Onyx Black ကျပြန်တော့ Sharper & Stylish Ultrabook တစ်အနေနဲ့ အသွင်ပြောင်းနိုင်ပါတယ်။

Modern Lifestyle

ဒီတော့ မော်ဒယ်အသစ်ရဲ့ Major Changes က ဒီဇိုင်းကာလနဲ့ Ultra-light လို့ ပြောနိုင်ပြီး MSI အနေနဲ့ Modern Lifestyle နဲ့ အံဝင်ခွင်ကျ ဖြစ်နေဖို့ အသွင်ပြောင်းထားတယ်လို့ ဆိုနိုင်ပါတယ်။

Modern 14 Onyx Black creative work design

Image: MSI

စွမ်းဆောင်ရည် အပိုင်းအနေနဲ့ Comet Lake-U Series (သို့) Renoir 4000 Series Processor တွေနဲ့ ရွေးချယ်နိုင်မှာပါ။

10th Gen Intel or Renoir Ryzen

ပြီးခဲ့တဲ့ 8th Generation Processor ကို Comet Lake နဲ့ ယှဥ်ရင် Multi-thread Performance နဲ့ ယှဥ်ရင် 18% (Comet Lake မှာ 6-cores အထိ ထောက်ပံ့ထားလို့ပါ) ထိ ပိုကောင်းလာမှာပါ။

Viewing Angel

Image: MSI

Ryzen နဲ့ကတော့ အထွေထူး ပြောနေစရာ မလိုသလို Creator မျိုးနွယ်ဖြစ်နေတဲ့ အတွက် Graphics အပိုင်းမှာ Nvidia (သို့) Radeon တို့နဲ့ ရရှိနိုင်မှာပါ။ မော်ဒယ်ဟောင်းမှာ GeForce MX200 Series နဲ့ 10th Gen Comet Lake-U Series တမျိုးထဲနဲ့သာ ရောင်းချခဲ့တာပါ။

Modern 14 မော်ဒယ်သစ်ရဲ့ Specification ကို အောက်ပါအတိုင်း လေ့လာနိုင်ပါတယ်
(မှတ်ချက် – Bluestone မော်ဒယ်မှာ Ryzen Processor တမျိုးထဲနဲ့ ကြေညာထားပါတယ်)

Model Modern 14 B10RBSW/ B10RASW /B10MW Modern 14 B4MW / B4M (Bluestone Only)
Processor Intel Core i7-10510U
Intel Core i5-10210U
Intel Core i3-10110U
AMD Ryzen 7 4700U
AMD Ryzen 5 4500U
Color Onyx Black / Bluestone
Operating System Windows 10 Home / Pro
Memory DDR4 2666 , 1 Slot, Max 32 GB DDR43200 , 1 Slot, Max 32 GB
Display 14” FHD, IPS Level thin bezel 14” FHD, IPS Level thin bezel
Graphics NVIDIA GeForce
MX350 2GB GDDR5 (B10RBSW)
NVIDIA GeForce
MX330 2GB GDDR5 (B10RASW)
Intel UHD Graphics (B10MW)
AMD Radeon™ Graphics
Storage 1 x NVMe M.2 SSD by PCIe Gen3 / SATA SSD Combo
Input Single Backlit keyboard (White) Single Backlit keyboard (White, optional)
Communication 802.11 ac W-iFi + Bluetooth v5
I/O
Port
1 x USB3.2 Gen 2 Type-C,
2 x USB2.0,Type-A,
1 x HDMI (4K@30Hz)
1x Micro SD card reader
Battery/Adapter 3-Cell, 52Whr / 65Whr
Webcam HD type (30fps@720p)
Dimension 319(W) x 220.2 (D) x 16.9 (H)mm
Weight 1.3Kg

Display ပိုင်းအနေနဲ့ 14” FHD Screen အသုံးပြုပေးထားပြီး 100% sRGB အထောက်ပံ့နဲ့အတူ ဘေးဘောင်တွေ သေးသွယ်တဲ့ ဒီဇိုင်း ၊ Panel ကို 180 Degree Flip လုပ်ထားလို့ရတဲ့ Prestige Series ပုံစံနဲ့ လုပ်ပေးထားပါတယ်။

လေ့လာနိုင်မယ့် MSI ဆောင်းပါးများ
Creator Center အသုံးပြုပုံလမ်းညွန်
Dragon Center အသုံးပြုပုံလမ်းညွန်
10th Gen MSI Gaming Laptop တွေကို ဘယ်လိုရွေးချယ်ဝယ်ယူမလဲ
GS65 9SD Stealth (Core i7-9750H ၊ GeForce GTX 1660 Ti) In-depth Review

Source: Wccftech ၊ MSI Modern 14 Onyx BlackBluestone Homepage