This is digital planet.

ArticlesLaptopMSI

CES 2020 မှာ MSI မိတ်ဆက်လိုက်တဲ့ အလန်းစား Laptop များ (Recap)

Laptop လို့ ပြောလိုက်တာနဲ့ ကျွန်တော်တို့ဆီမှာ ရွေးချယ်စရာ (တကယ်က) အများကြီး ရှိပါတယ်။ ဒါပေမယ့် အံကိုက်ဖြစ်မယ့် မော်ဒယ်ကို ရွေးရတဲ့အခါ မင်းသမီး ၅ ယောက်ကို ခြေစ ၊ ခေါင်းဆုံးကြည့်ပြီး ဆုံးဖြတ်ရ သလို မလွယ်ပါဘူး။

ဒီလို တစ်ခေတ်ဆန်း နည်းပညာအောက်မှာ ရွေးချယ်စရာ Laptop အမျိုးစား စုံလင်လှတဲ့အတွက် CES 2020 မှာ MSI ဘာတွေ ထုတ်ကြွားသွားခဲ့သလဲဆိုတာ လေ့လာကြည့်ရအောင်။

First things first

ပထမဆုံး Intro ဝင်ပေးချင်တာက တရုတ်နိုင်ငံအခြေစိုက် နည်းပညာကုမ္ပဏီဖြစ်တဲ့ MSI (Micro Star International) ဟာ ၂၀၂၀ ဇန္နဝါရီလ Las Vegas မြို့မှာ ကျင်းပသွားတဲ့ CES (Consmuer Electronics Show) မှာ Innovation Awards ၁၀ မျိုး ရရှိခဲ့ပါတယ်။

MSI ကို Gaming Laptop ထုတ်လုပ်သူအဖြစ် လူသိများ ထင်ရှားသလို Signature ထုတ်ကုန်တွေဖြစ်တဲ့ GE66 နဲ့ GS66 မော်ဒယ်သစ်တွေနဲ့ ပရိသတ်အာရုံကို ဆွဲစားခဲ့ရုံမက Innovation ဆုတွေကို သိမ်းပိုက်ခဲ့တာပါ။

What are MSI Gaming Series

စာဖတ်သူတွေ ဗဟုသုတ ဖြစ်သွားအောင် ဖော်ပြရရင် MSI Gaming Laptop တွေမှာ GT ၊ GS ၊ GE ၊ GP နဲ့ GF/GL ဆိုပြီး ၅ မျိုး ခွဲထားပါတယ်။ GT နဲ့ GS စီးရီးတွေကို High-end ထုတ်ကုန်အဖြစ် ရည်ညွန်းပြီး Performance အသားပေး မော်ဒယ်အဖြစ် GT ကို ရွေးနိုင်သလို Thin & Light Performer ဆိုရင်တော့ GS တွေအဖြစ် ထင်ရှားပါတယ်။

MSI Gaming Laptops

Image: MSI

GE မော်ဒယ်တွေက အများသောအားဖြင့် Mid-range တန်းမှာ စွမ်းဆောင်ရည်မြင့် Gaming Laptop အဖြစ် ရပ်တည်နေပြီး GP နဲ့ GF/GL စီးရီးတွေက တန်ဖိုးသင့် (Budget to Mid-range ) Gaming Laptop အဖြစ် ရောင်းချလျက် ရှိပါတယ်။
Ryzen Processor နဲ့ Radeon GPU တွေ အထိုက်လျောက် စွမ်းဆောင်ရည်ကောင်းလာတဲ့ အခါမှာတော့ ကုမ္ပဏီရဲ့ ပထမဆုံး 7nm Gaming Laptop ဆိုပြီး Budget ကို ပစ်မှတ်ထားတဲ့ Alpha မော်ဒယ်ကိုလည်း ထုတ်လုပ်ထားပါတယ်။

2-digit & Complex Code Numbers

အခုလို Gaming Laptop ၅ မျိုးရှိတယ်လို့ သိသွားပြီးရင် Generation ပြောင်းလဲလာမှုကို 2-digit စနစ်နဲ့ ဥပမာ GS စီးရီးမှာဆိုရင် GS60 ကနေ GS63 ၊ GS65 ဆိုပြီးရှိတဲ့အတွက် နောက်ဂဏန်း ၂ လုံး အရေးပါတာကို မမေ့ပါနဲ့။

ဒိထက် ပိုအသေးစိတ်ချင်တယ်ဆိုရင် ဆိုကြပါစို့ GS65 မှာ 6 ဂဏန်းဟာ ၁၅ လက်မ Laptop လို့ ရည်ညွန်းတာဖြစ်ပြီး 7 ဆိုရင် ၁၇ လက်မလို့ ပြောနိုင်ပါတယ်။ နောက်ဂဏန်း 5 ဆိုတာကတော့ နည်းပညာအသစ် ဒါမှမဟုတ် Laptop အတွင်းပိုင်းဒီဇိုင်း (Cooling & Performance) စသဖြင့် Improve ဖြစ်လာရင် ဖော်ပြတာ ဖြစ်ပါတယ် (Compare GS63 vs GS65)

GE66 Raider

Image: MSI

GS65 ၊ GS75 နဲ့ တွဲပါလာတဲ့ 8RE9SG အသုံးနှုန်းကတော့ Intel 8th-Generation နဲ့ 9th-Generation Processor သုံးထားတာလို့ ရှေ့ဂဏန်းကိုကြည့်ပြီး ယေဘူယျ သုံးသပ်နိုင်ပါတယ်။

ကျွန်တော် အခုလို သီးသန့်ဖော်ပြရတာက MSI Laptop တစ်လုံးရဲ့ မော်ဒယ်နာမည် ဖတ်လိုက်တာနဲ့ ဘာသုံးထားလဲ ခန့်မှန်းနိုင်ဖို့ ဖြစ်ပါတယ်။ တခြားအမျိုးစားတွေဖြစ်တဲ့ GT ၊ GE စီးရီးတွေမှာလည်း Generation နဲ့ Hardware ပိုင်းဆိုင်ရာ အချက်လက်တွေ သိရအောင် MSI Laptop တွေမှာပဲ မြင်ရပါတယ်။

CES Award Winner GE66 & GS66

အခုမှ ကျွန်တော်ဖော်ပြချင်တဲ့ အပိုင်းကို ရောက်တာပါ။ GE66 နဲ့ GE66 တွေဟာ ၂၀၂၀ ထုတ်ကုန် ဖြစ်တာနဲ့အညီ 65 စီးရီးတွေနဲ့ မတူညီတဲ့ ပြောင်းလဲမှုတွေ ပါဝင်လာပါတယ်။

Design & Exterior Changes

Gaming Laptop တွေရဲ့ ထူးခြားချက်က RGB Lighting လို့ ပြောနိုင်သလို စက်ဖွင့်လိုက်တာနဲ့ Eye-catching ဖြစ်တယ်၊ အမြင်အားဖြင့် ဆွဲဆောင်မှုရှိတယ်ဆိုရင် ဂိမ်မာတွေ နှစ်ခြိုက်တာ အမှန်ပါ။ အခုခေတ်က Thin & Light ဖက်သွားနေတာဆိုတော့ Weight ကိုလည်း မလေးလွန်းတဲ့ အနေထားမျိုး 2kg အောက် ဆိုရင် Gaming Laptop တစ်လုံးအတွက် ပေါ့ပါးတယ်လို့ ပြောနိုင်တယ်။

GE66 Raider

Image: MSI

ဒီလို အလေးချိန်မယူတာကိုမှ စွမ်းဆောင်ရည်ကလည်း eSports နဲ့ AAA ဂိမ်းတွေ ကောင်းကောင်းကစားဖို့ လုံလောက်တယ်ဆိုရင် ပိုပြီးတော့ ပြည့်စုံပါတယ်။ အခု GE66 ဟာလည်း ဒီဇိုင်းနဲ့ စွမ်းဆောင်ရည်ကို အချိုးတကျ ပေါင်းစပ်ထားပြီး GE65 ထက် အရွယ်စား ပိုသေးလာတယ်။

Weight လည်း ပိုပေါ့လာတယ်၊ Lighting ပိုင်းမှာ ဆွဲဆောင်မှုရှိအောင် Laptop အရှေ့ဘက်ကိုယ်ထည်မှာ Mystic Light Bar သီးသန့်ထည့်ပေးလာတယ်။ ပြောရင်တော့ GE66 ဟာ GAMING အသုံးနှုန်းကို ပိုပြီးသိသာအောင် ဖော်ပြလာတယ်လို့ ခံစားရပါတယ်။

Top-notch Performance

စွမ်းဆောင်ရည်ပိုင်းမှာ eSports ဂိမ်းတွေအတွက် ရှယ်ဖြစ်လာမယ့် 300Hz Refresh Rate Panel နဲ့ တွဲဖက်ထားတယ်။ ဒီလို Ultra-smooth ဖြစ်နေမယ့် 15.6″ Display က Counter-Strike: Global Offensive လို Fast-paced Action Game အတွက် ရေလည်မိုက်မှာ ကျိန်းသေပါ။

GE66 Raider

Image: MSI

RTX 20 စီးရီး Graphics Card တွေက Performance မစားလွန်းတဲ့ eSports ၊ MOBA ဂိမ်းတွေမှာ 144Hz (144fps) အထက် တွန်းပေးနိုင်တဲ့အတွက် Blazing Fast Gaming Panel နဲ့ကစားရင် ကျေနပ်စရာပါ။ နောက်ထူးခြားချက်က GE66 နဲ့ GS66 စီးရီးတွေမှာ Capacity အများဆုံး 99.9Whr Battery သုံးလာတာပဲ ဖြစ်ပါတယ်။

ဂိမ်းကစားတဲ့အခါ Battery အကျိုးမပြုတတ်ပေမယ့် MSI Gaming Laptop အသစ်တွေက Productivity ပိုင်းနဲ့ Content Creation အပိုင်းတွေမှာ Battery Power နဲ့ လှုပ်ရှားနိုင်မယ်၊ တကယ်လို့ Bios System အသစ်က Battery နဲ့ သုံးနေလည်း Power Limit လုပ်မထားရင် 99.9Whr ဆိုတာကြီးက ကောင်းကောင်း အကျိုးပြုမှာပါ။

GE66 Dragonshield

နဂါးဒိုင်းလို အဓိပ္ပာယ်ဖွင့်နိုင်တဲ့ GE66 မော်ဒယ်ကတော့ MSI သီးသန့်ထုတ်ထားတဲ့ Limited Edition ကို ရည်ညွန်းတာပါ။

GE66 Dragonshield Limited Edition

Image Credit: Firstspot

ဒီဇိုင်နာကတော့ Star Wars ၊ Transformers နဲ့ Iron Man ဇာတ်ကားတွေမှာ ပါဝင်ဖူးသူ Colie Wertz ဖြစ်ပြီး GE66 ကို Iconic ဖြစ်အောင် အာကာသလွန်းပျံယာဥ်ပုံစံအဖြစ် ဒီဇိုင်းဆွဲ ထုတ်လုပ်ထားတာပါ။

Sharper Thinner GS66

Thin & Light အနွယ်ဝင် GS မော်ဒယ်အသစ်ကတော့ အမွမ်းတင်ပြောရရင် “နေ့မှာ အလုပ်လုပ်ပြီး ညမှာ ဂိမ်းဆွဲမယ်” လို့ Batman ဇာတ်ကားထဲမှာ Dark Knight လှုပ်ရှားပုံနဲ့ တင်စားထားတာပါ။
ဒီလို ပြောရတဲ့ အကြောင်းပြချက်တစ်ခုက GS66 ရဲ့ Trinity Cooler Boost+ ပန်ကာ ၃ လုံး အရွယ်စားဟာ 0.1 mm ပဲ ရှိတဲ့အတွက် လေဝင်၊ လေထွက် ၁၀ ရာခိုင်နှုန်း ပိုကောင်းလာတယ်။

GS66 Stealth

Image: MSI

99.9Whr Battery ပါဝင်တဲ့အတွက် နဂိုကတည်းက အားခံတဲ့ GS စီးရီးတွေဟာ ၂၀၂၀ မှာ Productivity ပိုင်းတွက် ပိုကောင်းလာတယ် ပြောရမှာပါ။ 300Hz Panel က GS66 ရဲ့ အဓိက ပြောင်းလဲမှုဖြစ်လာသလို နက်မှောင်ပြီး သေသပ်လှတဲ့ ဒီဇိုင်းနဲ့မြင်တွေ့ရမယ့် Luxury Gaming Laptop လို့ မြင်ပါတယ်။

GS66 Stealth

Image Credit: Notebookcheck

10th Gen Processor & RTX Graphics

Hardware ပိုင်းမှာဆိုရင်တော့ GE66 Raider နဲ့ GS66 Raider ၂ လုံးစလုံးမှာ နောက်ဆုံးထွက် 10th Generation Core i9-H Series Processor အထိ သုံးလာမှာဖြစ်သလို Graphics ပိုင်းအတွက် RTX Series Graphics Card တွေနဲ့ ပေါင်းစပ်ထားမှာပါ။

ကမ္ဘာ့ပထမဆုံး Mini-LED Display Laptop

အထူးဆန်းအနေနဲ့ ဖော်ပြချင်တဲ့ မော်ဒယ်က Creator တွေအတွက် သီးသန့်ထုတ်ထားတဲ့ Laptop ပဲ ဖြစ်ပါတယ်။ ဓာတ်ပုံ ၊ ဗီဒီယိုနဲ့ Editing အတွက် အကျိုးပြုမယ့် Laptop ဖြစ်တာနဲ့အညီ CES 2020 မှာ ချပြသွားတဲ့ Creator 17 မော်ဒယ်က ပိုပြီးတော့ Professional ဆန်လာတယ်။

Creator 17 Laptop

Image: MSI

“Digital Imaging or Photography” Award ကို သိမ်းပိုက်သွားတဲ့အထိ အောင်မြင်ခဲ့တဲ့ Creator 17 မှာ Revolutionary နည်းပညာတစ်ခုဖြစ်လာတဲ့ Mini-LED Display ကို ပထမဆုံး အသုံးပြုလာတယ်။ အားသာချက်က Laptop Display အလင်းအားဟာ 1152 nits (Peak) အထိ တွန်းနိုင်မယ့်အပြင် Color ၊ Contrast နဲ့ Brightness Distrubition အပိုင်းတွေမှာ ပိုကောင်းလာတယ်။

HDR1000 စံနှုန်းနဲ့ ကိုက်ညီတဲ့အတွက် 4K Resolution နဲ့ တွဲဖက်လို့ ပိုသင့်တော်မယ်။ MSI အနေနဲ့ HDR Certified Display အပြင် 100% DCI-P3 Format ကိုပါ ထောက်ပံ့ပေးတဲ့အတွက် Productivity ပိုင်းတွက် Powerful ဖြစ်လာတယ်လို့ ပြောနိုင်ပါတယ်။

MSI Craftmanship

Valentine’s Day လည်း ရောက်တော့မှာဆိုတော့ Laptop ပူဆာနေတဲ့ ချစ်သရှိနေရင် အပန်းရောင် Prestige 14 က သင့်တော်မယ်လို့ ထင်ပါတယ်။ MSI အနေနဲ့ ငွေရောင် ၊ အပြာရောင် Presitge 14 စီးရီးကို ပြီးခဲ့တဲ့လတွေက မိတ်ဆက်ပြီးသားဆိုပေမယ့် Rosy Pink အရောင်ကတော့ ရှားပါးတယ်။

Prestige 14 Series

Image: MSI

Prestige 14 စီးရီးကို Ultrabook လို့ သုံးနှုန်းတာထက် Content Creation အပိုင်းနဲ့ Low-weight Editing အတွက် အဆင်ပြေတဲ့ Notebook တွေလို့ ပြောနိုင်ပါတယ်။ Intel 10th Generation Comet Lake Processor (i5 or i7) ၊ GTX 1650-Max Q Graphics Card နဲ့ တွဲဖက်ထားလို့ စွယ်စုံရ Laptop တစ်လုံးအနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။

Last but not Least (GF65 Concept by MSI)

နောက်ဆုံးအနေနဲ့ ဖော်ပြချင်တာကတော့ Budget တန်းမှာ တစ်မျိုးတဖုံ ဆွဲဆောင်မှုရှိတဲ့ စစ်ဖက်ဆိုင်ရာ Camouflage Pattern နဲ့ ပုံဖော်ထားတဲ့ GF65 Thin စီးရီးပဲဖြစ်ပါတယ်။
GF65 Thin မော်ဒယ်တွေဟာ Budget ဖက်သွားတယ်ဆိုမယ့် Intel 9th Generation H-series Processor ၊ GTX 1660Ti Graphics Card တွေနဲ့ တွဲဖက်ထားတဲ့ Price to Performance Laptop တွေပါ။

GF65 Thin

Image: MSI

ဒီလောက်ဆိုရင် MSI Laptop တွေနဲ့ မရင်းနှီးသေးသူတွေ ၊ Innovative ဖြစ်လာတဲ့ နည်းပညာ လေ့လာချင်သူတွေနဲ့ Gaming ၊ Content Creation Laptop ဝယ်ယူချင်သူတွေအတွက် အထောက်ကူဖြစ်မယ်လို့ ထင်ပါတယ်။ အခု Mention လုပ်သွားတဲ့ မော်ဒယ်တွေက စျေးကွက်ထဲမှာ ဝယ်ယူလို့ မရသေးတာတွေ ရှိပါတယ်။